backup og meta

မောင်နှမများကြား အသက်ဘယ်လောက်ခြားခြင်းက အကောင်းဆုံးလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မောင်နှမများကြား အသက်ဘယ်လောက်ခြားခြင်းက အကောင်းဆုံးလဲ

    ညဘက်မအိပ်ရခြင်းများသက်သာလာပြီး၊ ဘဝသည်လည်း ယခင်အချိန်ကဲ့သို့ ပုံမှန်အချိန်ကို ပြန်ရောက်လာသောအခါ သင့်စိတ်သည် ထိုအရာများကို နောက်တစ်ကြိမ် ကြုံတွေ့ချင်လာသည်။ ဤအချိန်သည် ကလေးနောက်တစ်ယောက်ယူရန် စဉ်းစားသည့်အချိန်ဖြစ်သည်။

    သင့်ကလေးများကြားတွင် ကွာခြားရမည့်အသက်ကို သိပ်မစဉ်းစားပါနှင့်၊ အကြီးနှင့် အငယ်ကလေးများကြား အသက်ကွာခြားရမည့် အပိုင်းအခြားများတွင် အကျိုးနှင့်အပြစ်များ ရှိသည်။

    အသက်တစ်နှစ်နှင့် အောက်ကွာခြားလျှင် ဘာဖြစ်နိုင်ပါသလဲ။

    သင့်ကလေးများ အတူတကွကြီးပြင်းလာသည်ကို မြင်ယောက်ကြည့်ပြီး သင့်အတွက် ကောင်းစွာစီမံခန့်ခွဲနိုင်သည်ဟုထင်လျှင် သင့်ကလေးများကြား အသက်သိပ်မကွာခြင်းသည် သင့်အတွက် သင့်တော်ပါသည်။

    လအနည်းငယ်နှင့် နှစ်အနည်းငယ် အလုပ်ရှုပ်နိုင်ပါသည်။ သို့သော် အချိန်တို တစ်ခုကိုသာ အာရုံစိုက်ထားလျှင် အလုပ်ရှုပ်ရမည့် ဆူညံပင်ပန်းသော နှစ်များကို ပျော်ရွှင်ရပါလိမ့်မည်။

    ကလေးအကြီးလမ်းလျှောက်တတ်လျှင် သူသည် လူကြီးဖြစ်ချင်သောကြောင့် အစားကိုသူကိုယ်တိုင်စားချင်သည်။ အဝတ်ကို ကိုယ်တိုင်ဝတ်ချင်သည်၊ အခြားသူကို အားမကိုးပဲ ကိုယ့်ဘာသာလုပ်ချင်လာခြင်းဖြင့် ပုံစံပြောင်းလာပါလိမ့်မည်။

    ကလေးအငယ်သည် သူ့အတွက် စိတ်ဝင်စားစရာကောင်းပြီး ကစားနည်းများကို အတူကစားပြီး ပျော်ရွှင်နေနိုင်သည်။ သူတို့အချင်းချင်း ရင်းနှီးကြသောကြောင့် ၁နှစ်ခန့်တွင် သူတို့သည် အကြိုက်တူနေနိုင်သည်။ သူတို့အချင်းချင်း ငြင်းခုံနိုင်သော်လည်း တစ်ယောက်နှင့် တစ်ယောက်လိုအပ်သည်ကို သိသော မောင်နှမများသည် သဘောထားမတူညီမှုကို ပြေလည်အောင်ဖြေရှင်း ဆက်လက်အတူတကွကစားကြသည်။

    သို့သော် ပထမကလေး ၁၈ လမတိုင်ခင် နောက်ကလေးတစ်ယောက်ယူခြင်းသည် ပင်ပန်းသောအလုပ်ဖြစ်သည်။ အစောနှစ်များသည် မသိလိုက်ဘဲ ကုန်ဆုံးသွားနိုင်သည်။ အတွေ့အကြုံများသည် အိပ်ရေးပျက်ရခြင်း၊ ကလေးသေးခံလဲရခြင်း၊ နို့တိုက်ရခြင်း၊ အစားကျွေးရခြင်း၊ အဝတ်လျှော်ရခြင်းများဖြင့် ရှုပ်နေပြီး သင့်ကလေးနှင့် သင့်စိတ်တိုင်းကျ အတူပျော်ရွှင်ရမည့် အချိန်သိပ်မရှိပေ။ ထိုအစောပိုင်းနှစ်များတွင် သင်နှင့် သင့်အဖော်သည် ကလေးနှစ်ယောက်ကို တပြိုင်တည်း စောင့်ရှောက်ရသောကြောင့် ပင်ပန်းရပါလိမ့်မည်။

    ကလေးနှစ်ယောက်ကြား ၂ နှစ် သို့မဟုတ် ၃ နှစ် ခြားလျှင်မည်သို့ဖြစ်မည်နည်း။

    သင့်ကလေး တစ်ဦးချင်းစီ၏ ငယ်ရွယ်သေးသော အချိန်ကာလများကို သေချာစွာ အချိန်ပေးလိုလျှင် ၂နှစ် မှ ၃ နှစ် အချိန်သည် သင့်အတွက် သင့်တော်ပါသည်။ ဒုတိယကလေး ရှိလာချိန်တွင် ပထမကလေးကို ကြည့်စရာသိပ်မလိုပဲ လက်လွှတ်နိုင်သည့်အတွက် သင့်တွင် အိပ်ချိန်ရနိုင်ပါသည်။ သင့်ပထမကလေး သို့မဟုတ် အငယ်ဆုံးကလေးသည် သေးခံဝတ်ပေးစရာမလိုနိုင်တော့ပေ။ သူ့ဘာသာသူ အဝတ်ဝတ်တတ်ပြီး အစားလည်း စားနေတတ်ပြီဖြစ်သည်။ သူ့လိုအပ်ချက်ကို လည်း ပြောနိုင်နေပြီဖြစ်သည်။ ထိုအချိန်တွင် သင်သည် နောက်ကလေးတစ်ယောက်အတွက် အိပ်ရေးပျက်ညများ၊ သေးခံလဲပေးရခြင်း၊ နို့တိုက်ရခြင်းများအတွက် အားအင်တစ်ဖန်ပြန်ပြည့်နေပြီဖြစ်သည်။

    သင့်ကလေးအကြီးသည် အကြီးတစ်ယောက်နေရာကို နေရန် အသင့်ဖြစ်နေပြီးဖြစ်သောကြောင့် အသစ်ရောက်လာမည့် သူ့မောင်လေး၊ ညီမလေးများကို ပျော်ရွှင်စွာ ကြိုနေပါလိမ့်မည်။

    ထိုအသက်ကွာခြင်းချိန်သည် သင့်ကလေးများ အတူတကွ ဆော့ကစားခြင်းမပြုလုပ်နိုင်သေးခင် အချိန်ထိသာဖြစ်သည်။ သင့်ကလေးအငယ်သည့် သူ့အကြီးများ လုပ်သည့်အတိုင်း လိုက်လုပ်ချင်ပြီး သင့်ကလေးအကြီးသည် အငယ်ကလေးသည် ညီမလေးဖြစ်လျှင် သူကစားသော ကစားနည်းများကို လိုက်မကစားနိုင်သည့်အတွက် သိပ်မနှစ်သက်သည်ကို တွေ့ရမည်။ သူတို့နည်းနည်းထပ်ကြီးလာသောအခါ သူတိုကြားက အသက်ကွာခြားချက်သည် အရေးမပါတော့ပေ။ အသက် ၇နှစ် နှင့် ၁၀ နှစ်သည် အတူတကွကစားနိုင်ကြသည်။

    အသက်ကွာခြားမှုသည် ၅နှစ်နှင့် အထက်ဖြစ်လျှင် မည်သို့ ဖြစ်မည်နည်း။

    သင်သည်သင့်ကလေးမူကြိုတက်သည့် အရွယ်အထိ ကလေးတစ်ဦးတည်းကိုသာ ပျော်ရွှင်စွာ အာရုံစိုက်လိုလျှင် ၅နှစ်နှင့် အထက် ကွာခြင်းသည် သင့်အတွက်သင့်တော်သည်။ သင့်အငယ်ဆုံးကလေးသည် ငယ်လွန်းသောအချိန်ကို ကျော်လွန်ခဲ့သည်မှာ ကြာသွားပြီဖြစ်ပြီး နောက်တစ်ယောက်ရချိန်တွင် သင့်ကလေးသည်ကျောင်းတက်မည့် အရွယ်သို့ရောက်ပြီးဖြစ်သည်။

    ထိုအချိန်မျိုးတွင် သင်သည် ပိုသက်သာမည်ဖြစ်ပြီး အသေးအဖွဲကိစ္စများအတွက် စိတ်ပူစရာမလိုပေ။ သင့်နောက်ကလေးအတွက် အင်အားအပြည့်ရှိမည်ဖြစ်ပြီး အချိန်ကောင်းစွာ ပေးနိုင်ပါလိမ့်မည်။ ထို့အပြင် ကလေးကို နောက်တစ်ကြိမ်ထိန်းရသည့်အတွက် သင့်အနေဖြင့် အပြောင်းအလဲတစ်ခုကဲ့သို့ဖြစ်ပြီး ပျော်ရွှင်စေသည်။

    သင့်ကလေးအကြီးသည်လည်း ကလေးငယ်လေးကို နှစ်သက်ပြီး ပျော်ရွှင်နိုင်သည်။ သို့သော် ကလေးအကြီးကို ဂရုစိုက်မှု မလျော့စေရန် ဂရုစိုက်ပါ။ သူတို့အတူတကွဆော့ကစားသည်ကို ကြည့်ရင်း သင်ပျော်ရွှင်ရပါလိမ့်မည်။

    သင့်ကလေးများသည် ဖွံ့ဖြိုးတိုးတက်မှုမတူညီကြသောကြောင့် စိတ်ဝင်စားမှုလည်း မတူညီကြပေ။ သူတို့တွင် တူညီသည့်အချက်များလည်း နည်းနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Su Sandy မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement