backup og meta

ညီအကိုမောင်နှမများ ပြိုင်ဆိုင်မှုများအား ကိုင်တွယ်ခြင်း


Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညီအကိုမောင်နှမများ ပြိုင်ဆိုင်မှုများအား ကိုင်တွယ်ခြင်း

    ပဋိပက္ခ စဖြစ်လာရင် ဘာလုပ်မလဲ

    အများစု ယုံကြည်တဲ့အချက်နဲ့ မတူတာကတော့ ကျွမ်းကျင်သူများက အကြံပြုတာဟာ မိဘများအနေနဲ့ မိမိကလေးများ အချင်းချင်းရန်ဖြစ်တဲ့အခါ လူအများနဲ့ သက်ဆိုင်တဲ့နေရာ မဟုတ်ရင်၊ အန္တရာယ် ကြီးကြီးမားမား မဖြစ်လောက်ရင် စောစီးစွာ ဝင်ဟန့်တာမျိုး မလုပ်ရဘူးလို့ ဆိုပါတယ်။ ကလေးများ စကားများရန်ဖြစ်တာကို လုံးလုံး ခွင့်မပြုခြင်းဟာ သူတို့ရဲ့ကိုယ်ပိုင် ပြသနာဖြေရှင်းနိုင်စွမ်းကို အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။

    ဒီလိုလုပ်ခြင်းအားဖြင့် ကလေးများရဲ့ စိတ်ထဲမှာ စွဲသွားမှာက ပြသနာတခုခုကြုံမယ်ကြံတိုင်း တယောက်ယောက်က လာပြီး ကူညီ ကယ်တင်နိုင်လိမ့်မယ် ဆိုတာပါပဲ။ နောက်တချက်က ကလေးတယောက်ဟာ ကျန်တဲ့တယောက်ထက် ပိုပြီး မျက်နှာသာ ပေးခံရတယ်လို့ မှားယွင်းပြီး နားလည်သွားနိုင်ပါတယ်။

    ကလေးများကို သူတို့ဖာသာ ပြသနာဖြေရှင်းစေတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ရောက်ဟန့်တားဖို့ လိုအပ်ရင် အောက်ပါအချက်တွေကို စဉ်းစားရပါမယ်။

  • ကလေးများကို ခွဲထုတ်လိုက်ပါ။ သူတို့ အေးဆေးတည်ငြိမ်သွားတဲ့အခါမှ အတူပြန်ထားပါ။ အနုတ်သဘောဆောင်တဲ့ စိတ်ခံစားမှုမရှိရင် အကောင်းဆုံးသင်ယူမှု အတွေ့အကြုံပါပဲ။
  • ရန်ဖြစ် စကားများရတဲ့ အကြောင်းအရင်း မသိခင် အော်ဟစ်ခြင်း၊ ဆုံးမခြင်း မပြုပါနဲ့ဦး။
  • သူတို့ခံစားမှုတွေကို ပြောဆိုဖို့ မကြိုးစားပါနဲ့။ ဒါပေမယ့် သူတို့ခံစားနေတာတွေကို စာနဲ့ ချရေးခိုင်းလိုက်ပါ။
  • ရန်ဖြစ်ရခြင်းဟာ ၂ယောက်တူတူဖြစ်တာမို့ ရန်စဖြစ်စေသူတယောက်ပဲ အပြစ်ရှိတာ မဟုတ်ကြောင်း ပြောပြပါ။
  • တယောက်ယောက်ဟာ မမျှမတ ဆက်ဆံ ခံရတယ် မထင်အောင် နှစ်ဦးနှစ်ဘက်စလုံး အဆင်ပြေအောင် ဖြောင်းဖြပေးပါ။
  • ညီအကို မောင်နှမအချင်းချင်း ပြိုင်ဆိုင်မှုကို ကာကွယ်ပြီး အချင်းချင်း သဟဇာတဖြစ်အောင်ထားပါ

    • မွေးမယ့်ကလေးမှာ အကိုတွေ၊ အမတွေ ရှိရင် မမွေးခင်ကတည်းက ရင်းနှီးကျွမ်းဝင်အောင် ထားပါ။ ကလေးပုံများပြပါ။ ကလေးလှုပ်တဲ့အခါ ထိတွေ့ခံစားခိုင်းပါ။
    • ဒေါသစိတ်ကို ဘယ်လိုထိန်းချုပ်မလဲ၊ ဘယ်လိုညှိနှိုင်းမလဲ၊ ဘယ်လို အလျှော့ပေးမလဲ၊ တယောက်ကိုတယောက် ဘယ်လိုတန်ဖိုးထားမလဲ၊ အရာဝတ္တုတွေကို ညီညီမျှမျှဖြစ်အောင် ဘယ်လိုခွဲခြားမလဲ စတဲ့ ပဋိပက္ခဖြေရှင်းနိုင်တဲ့ အရည်အချင်းတွေကို သင်ကြားပေးပါ။
    • တယောက်ယောက်ကို မျက်နှာသာ ပိုပေးတာမျိုး မလုပ်ပြပါနဲ့။ သူတို့ရဲ့ သွင်ပြင်၊ အဆင့်၊ အမူအကျင့် စတာတွေကို မနှိုင်းယှဉ်ပါနဲ့။
    • မျှမျှတတဆက်ဆံပါ။ ဒါပေမယ့် သူတို့ကို တယောက်တည်းလိုမျိုး သဘောမထားပါနဲ့။ သင့်ကလေးတွေဟာ ကိုယ်ရည်ကိုယ်သွေး၊ ရည်မှန်းချက်အမျိုးမျိုးနဲ့ ကွဲပြားနေသူများ ဖြစ်ကြောင်း အမြဲသတိပြုပါ။ ဥပမာ အင်္ကျီဝယ်ပေးရင် အရောင်တူတူ ဝယ်မပေးပါနဲ့။ ဒါမှမဟုတ် တခြား ပစ္စည်းတခုခု ဝယ်ပေးနိုင်ပါတယ်။ သူတို့ရဲ့ သီးခြားဖြစ်တည်မှုကို နှစ်သက်လက်ခံပါ။ ပုံစံတူတူဖြစ်အောင် ပုံမသွင်းပါနဲ့။
    • သင့်ကလေးတယောက်ချင်းစီဟာ ကိုယ်ပိုင်အချိန်နဲ့ နေရာရှိတယ်ဆိုတာ သေချာပါစေ။ ကလေးများဟာ ကြီးမားလာတာနဲ့အမျှ ကိုယ်ပိုင်လွတ်လပ်မှု လိုလာပါတယ်။ အမြဲတမ်း ပူးကပ်ထားခြင်းဟာ ပြသနာဖြစ်မှု၊ သည်းမခံနိုင်မှုတွေ ဖြစ်စေပါတယ်။
    • နောင်မှာ အခုဖြစ်သလို ပုံစံတူပဋိပက္ခ မဖြစ်အောင် သင်ကကလေးများကို သတိပေးဆုံးမပါ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement