ပိုးသတ်ဆေးတွေဟာ ဘက်တီးရီးယားပိုး (ဗိုင်းရပ်စ်မဟုတ်) ရောဂါပိုးဝင်ခြင်းတွေကို ကာကွယ်ဖို့နဲ့ ကုသဖို့ အသုံးပြုကြတဲ့ ဆေးတွေဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ကလေးတွေအတွက် အသုံးပြုတဲ့ ပိုးသတ်ဆေးတွေနဲ့ ပတ်သက်ပြီး အမေးအများဆုံး မေးခွန်း ၁၀ ခု ဖြစ်ပါတယ်။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
ပိုးသတ်ဆေးတွေဟာ ဘက်တီးရီးယားပိုး (ဗိုင်းရပ်စ်မဟုတ်) ရောဂါပိုးဝင်ခြင်းတွေကို ကာကွယ်ဖို့နဲ့ ကုသဖို့ အသုံးပြုကြတဲ့ ဆေးတွေဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ကလေးတွေအတွက် အသုံးပြုတဲ့ ပိုးသတ်ဆေးတွေနဲ့ ပတ်သက်ပြီး အမေးအများဆုံး မေးခွန်း ၁၀ ခု ဖြစ်ပါတယ်။
အအေးမိခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဖြစ်ပြီး ဘက်တီးရီးယား ပိုးကြောင့် မဟုတ်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးတွေဟာ အသုံးမဝင်ပါဘူး။ ယေဘုယျအားဖြင့် အအေးမိခြင်းရဲ့ လက္ခဏာတွေဟာ ဆေးမသောက်ပဲနဲ့ ရက်အနည်းငယ်ကြာရင် ပျောက်သွားတတ်ပါတယ်။
အခြေအနေအများစုမှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းဟာ ဘက်တီးရီးယားရောဂါပိုးဝင်ခြင်းကို ပြောင်းလဲခြင်း မရှိပါဘူး။ တကယ်လို့ သင်ဟာ သင့်ကလေးရဲ့ ဆိုးရွားတဲ့ အအေးမိခြင်းအတွက် ပိုးသတ်ဆေးကို အသုံးပြုတယ်ဆိုရင် သူတို့ဟာ နောက်ပိုင်းမှာ ဆေးယဉ်နေတဲ့ ဘက်တီးရီးယားပိုးဝင်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ အခြားဘေးထွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
သင့်ကလေးငယ်ရဲ့ နှာခေါင်းက အဝါရောင်၊ အစိမ်းရောင် အကျိအချွဲထွက်ခြင်းဟာ သူတို့ အအေးမိတယ်ဆိုရင် ပုံမှန်ပဲဖြစ်ပါတယ်။ ဒီလက္ခဏာဟာ ၁၀ ရက်လောက် ကြာမြင့်နိုင်ပါတယ်။
ဒါပေမယ့် နှာခေါင်းနဲ့ sinuses တွေရဲ့ နံရံတွေ ရောင်ရမ်းတဲ့ sinusitis ဖြစ်ရင်တော့ ဒါဟာ ဘက်တီးရီးယားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အအေးမိခြင်းနဲ့ အတူ ချောင်းဆိုးခြင်း၊ အဝါရောင်၊ အစိမ်းရောင် သလိပ်ထွက်ခြင်း (၁၀ ရက်ထက်ပိုပြီး)၊ 39F ထက်ပိုပြီး အဖျားတက်ခြင်း ( အနည်းဆုံး ၃ ရက်၊ ၄ ရက်) တွေ ဖြစ်ရင် ပိုးသတ်ဆေး လိုအပ်နိုင်ပါတယ်။
နားအတွင်း ရောဂါပိုးဝင်ခြင်းနဲ့ ပတ်သက်လို့ အနည်းဆုံးတစ်ဝက်လောက်ဟာ ပိုးသတ်ဆေး မသောက်ပဲ ပျောက်သွားတတ်ပါတယ်။ သင့်ကလေးမှ ဖျားနာခြင်း၊ နားအလွန်နာကျင်ခြင်းတွေ မရှိရင် စောင့်ကြည့်ခြင်းဟာ ပြုလုပ်သင့်ပါတယ်။
လည်ချောင်းနာခြင်း အများစုဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ ပိုးသတ်ဆေးတွေဟာ Group A streptococci ကြောင့် ဖြစ်တဲ့ လည်ချောင်းနာခြင်းကို ကုသဖို့အတွက်သာ အသုံးပြုသင့်ပါတယ်။
ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ကလေးငယ် ၁၀ ယောက်မှာ ၁ ယောက်လောက်ကသာ ပိုးသတ်ဆေးရဲ့ ဆိုးကျိုးတွေကို ခံရလေ့ရှိပါတယ်။ ဆိုးကျိုးတွေကတော့ အနီကွက်ထခြင်း၊ ဓါတ်မတည့်ခြင်း၊ ပျို့ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့်ခြင်း တွေပဲ ဖြစ်ပါတယ်။
ဘက်တီးရီးယား ရောဂါပိုးဝင်ခြင်းတွေကို ကုသဖို့ အသုံးပြုတဲ့ ပိုးသတ်ဆေးတွေဟာ ဆေးစွမ်းပြဖို့ ၄၈ နာရီကလေ ၇၂ နာရီအထိ ကြာမြင့်နိုင်ပါတယ်။ သင့်ကလေးငယ်ဟာ ရောဂါလက္ခဏာတွေ သက်သာလာတာကြောင့် ပိုးသတ်ဆေးသောက်ခြင်းကို မရပ်သင့်ပါဘူး။
ဆေးယဉ်တဲ့ ဘက်တီးရီးယားတွေဟာ ဆေးပတ်လည်အောင် မသောက်ရင် (သို့) ပိုးသတ်ဆေးကို မကြာခဏ သောက်နေရင် ဖြစ်နိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်း အမြောက်အမြားကို ကုသနိုင်တဲ့ ပိုးသတ်ဆေးတွေကို ရွေးချယ်မယ့်အစား သင့်ကလေးအခြေအနေကို အဓိကထားတဲ့ ပိုးသတ်ဆေးတွေကို အသုံးပြုသင့်ပါတယ်။
ဗိုင်းရပ်စ်ပိုးသတ်ဆေးတွေဟာ ဘက်တီးရီးယားပိုးတွေထက် ဗိုင်းရပ်စ်ပိုးဝင်ခြင်းကို ကုသနိုင်တဲ့ ဆေးတွေ ဖြစ်ပါတယ်။
ပိုးသတ်ဆေးတွေကို နောက်ပိုင်းမှာ အသုံးပြုဖို့ဆိုပြီး သိမ်းထားခြင်း မပြုသင့်ပါဘူး။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။