brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးတွေမှာ ကိုမာဖြစ်ခြင်း(သတိလစ်နေခြင်း)

ကလေးတွေမှာ ကိုမာဖြစ်ခြင်း (သတိလစ်နေခြင်း) ဆိုသည်မှာဘာလဲ။

ကလေးတွေမှာ ကိုမာဖြစ်ခြင်း(သတိလစ်နေခြင်း)

ကလေးဘ၀ ကိုမာ ကို ဘာတွေကဖြစ်စေသလဲ။

သွေးယိုစိမ့်ခြင်း၊ ဦးခေါင်းခွံအတွင်းဖိအားများခြင်း၊ အောက်ဆီဂျင်အလုံအလောက်မရခြင်း၊ အောက်ဆီဂျင်လျော့နည်းခြင်း သို့မဟုတ် အဆိပ်အတောက်များစုဝေးခြင်း အစရှိသော အကြောင်းအရာတို့ကြောင့် ဖြစ်ပေါ်လာသော ဦးနှောက်ဒဏ်ရာရပျက်စီးခြင်း မှတဆင့် ကိုမာ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုဒဏ်ရာရပျက်စီးခြင်းသည် ယာယီ (သို့) အမြဲတမ်း ဖြစ်နိုင်ပါသည်။

ကိုမာ ဖြစ်စေသည့် အဖြစ်များသောအကြောင်းရင်းများမှာ

ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း

ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းက ဦးနှောက်ရောင်ခြင်းနှင့် သွေးယိုစိမ့်ခြင်း၊ နိုးကြားမှုနှင့် သတိရှိမှုကိုထိန်းချူပ်ပေးသော ဦးနှောက်၏အစိတ်အပိုင်းများကို ထိခိုက်ခြင်းတို့ကို ဖြစ်စေပါသည်။

ရောင်ရမ်းခြင်း

ရောင်ခြင်းသည်ကိုယ်ခန္ဒါထိခိုက်ဒဏ်ရာများကြောင့်သာမဟုတ်၊ အသက်ရှူမဝခြင်း၊ဓါတ်ဆားဓါတ်များမညီမျှခြင်း၊ သို့မဟုတ် ဟော်မုန်းများကြောင့်လည်းဖြစ်နိုင်သည်။

သွေးယိုစိမ့်ခြင်း

ဦးနှောက်အတွင်းသွေးယိုစိမ့်ခြင်းသည် သွေးဖိအားများခြင်း၊ဦးနှောက်သွေးကြောဖောင်းရောဂါနှင့် ဦးနှောက်တွင်းအလုံးအကျိတ်တို့၏နောက်ဆက်တွဲဖြစ်စဉ် ဖြစ်သည်။

လေဖြတ်ခြင်း

ဦးနှောက်ရောင်ခြင်းနှင့် အတူ ဦးနှောက်တွင်းသွေးမလျှောက်ခြင်း၊ သွေးဆုံးရှုံးခြင်း တို့သည်လည်း ကိုမာကိုဖြစ်စေသည်။

သွေးတွင်းသကြားဓါတ်

ဆီးချိုရောဂါဖြစ်နေသော ကလေးများ၏သွေးတွင်းသကြားဓါတ်များ အလွန်များနေသည်ဖြစ်စေ၊အလွန်နည်းပါးသည်ဖြစ်စေကိုမာအဖြစ်သို့ရောက်ရှိစေတတ်ပါသည်။ အောက်စီဂျင်လုံလောက်မှုမရှိခြင်း၊ ရောဂါပိုးဝင်ခြင်း၊ တက်ခြင်း နှင့် အဆိပ်အတောက်များဝင်ခြင်းကလည်း ကိုမာကို ဖြစ်စေနိုင်ပါတယ်။

ကလေးဘ၀ (ငယ်ရွယ်စဉ်)ကိုမာဖြစ်ခြင်းကိုဘယ်လိုရင်ဆိုင်မလဲ။

အဓိကအရေးပါသည်မှာ ထိုကိုမာကိုဖြစ်စေသော အကြောင်းအရင်းကိုဖော်ထုတ်နိုင်ရမည်။ ဆရာဝန်များက ကလေးရဲ့အခြေအနေကိုသုံးသပ်ပြီး အသက်အန္တရာယ်ရှိမရှိ ဆုံးဖြတ်ပေးလိမ့်မည်။ ပိုးဝင်သော လက္ခဏာများရှိခဲ့ပါက ထိုပိုးမွှားဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်စုစည်းနေသော အရည်များကိုထုတ်ယူပြီး သက်ဆိုင်ရာစမ်းသပ်မှုများကို ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။ ပြည့်စုံခိုင်မာသော ဆေးစစ်တမ်းရရှိနိုင်ရန် ဦးနှောက်အား လျှပ်စစ်နည်းဖြင့်စစ်ဆေးခြင်း (EEG)အားလိုအပ်လိမ့်မည်။

ငယ်ရွယ်စဉ် ကိုမာဖြစ်ခြင်းကိုကုသနိုင်သောနည်းလမ်းများ

ပထမဦးစွာ မိမိ၏ကလေးအောက်စီဂျင် လုံလောက်စွာရရှိပြီး သွေးခူန်နုန်းနှင့် သွေးဖိအားတည်ငြိမ်အောင် သေချာဆောင်ရွက်ရမည်။ (ဂလူးကိုစ့်) သကြားဓါတ်နှင့် ဆားဓါတ်တို့ကို အကြောထဲသို့ ထိုးသွင်းရလိမ့်မည်။ အကယ်၍ကလေးက တက်နေလျှင် ထိုတက်ခြင်းကို ကာကွယ်သောဆေးများကို ဆရာဝန်များကညွှန်ကြားပေးလိမ့်မည်။ ဦးနှောက်အတွင်းဖိအားများနေပါက ထိုဖိအားကိုလျော့ကျစေရန် ဆီးသွားစေသောဆေးများနှင့် စတီးရွိုက်ဆေးများတိုက်လိမ့်မည်။ ဆရာဝန်များက ထိုကိုမာကိုဖြစ်စေသောအကြောင်းရင်းကို ရှာနေစဉ် သင့်လျော်သော ကုသမှုများကို လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

မိမိ၏ကလေးငယ် နိုးထလာပါတော့မလား။

ပြန်လည်ကောင်းမွန်လာနိုင်သော အခွင့်အရေးသည် ထိုကိုမာကိုဖြစ်စေသော အကြောင်းအရင်းအပေါ် ကြီးမားစွာမှုတည်သည်။ ဆီးချိုကြောင့်ဖြစ်သော ကိုမာကို ကုသနိုင်သော်လည်း မျိုးရိုးဗီဇရောဂါကြောင့်ဖြစ်သော ကိုမာများသည် ကုသသော်လည်း သက်သာလာမှု မရှိသလောက်ဖြစ်သည်။ ဦးနှောက်ထိခိုက်ဒဏ်ရာရမှု ပမာဏ သည်လည်း အဓိကကျသော အချက်တစ်ချက်ဖြစ်သည်။ ပြင်းထန်စွာဦးနှောက်ဒဏ်ရာရခြင်းသည်လူတစ်ယောက် ကိုမာမှပြန်လည်ကောင်းမွန်လာနိုင်ခြေနှုန်းက လျော့ကျစေသည်။ ဦးနှောက်ထိခိုက်ဒဏ်ရာရမှုနှင့် မသက်ဆိုင်သည့် ကိုမာဖြစ်နေသောကလေးများ၏ ၇၅ ရာခိုင်နှုန်းမှာ ကောင်းမွန်သောရလဒ်များရရှိလာသည်ကို တွေ့ရသည်ဟု အစီရင်ခံချက်များအရသိရှိရသည်။

Dr. K Zin Thwe
Dr. K Zin Thwe · · · ပြန်လည်သုံးသပ်သူ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။