backup og meta

နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ

နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ

ကိုယ်ဝန်ဆောင်ချိန် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ ကြိုးစားနေချိန်မှာဆိုရင်တော့ အရက်ကို လုံးဝမသောက်ရဘူးလို့ ဆရာဝန်တွေက တားလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးမှာ မွေးရာပါချို့ယွင်းချက်တွေ ပါလာနိုင်လို့ပါ။ ဒါဆို ကလေးမွေးပြီးရင်ရော။ နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ က ဘာတွေများ ဖြစ်မလဲ။

နို့တိုက်မိခင် အရက်သောက် လို့ ရမရ

ဒီပြဿနာက ကလေးမွေးပြီး လုပ်ငန်းခွင်ကို ပြန်ဝင်တဲ့ မိခင်တွေမှာ အများဆုံးတွေ့ရပါတယ်။ အိမ်မှာကျ ကလေးနို့တိုက်တယ်၊ အလုပ်မှာကျ ပွဲလမ်းသဘင်ရှိလို့ရှောင်ရခက်တဲ့ အချိန်မျိုးမှာ အရက်သောက်လို့ ရမရဆိုတာကို ဒွိဟဖြစ်နေနိုင်ပါတယ်။

နို့တိုက်မိခင်တွေအနေနဲ့ အရက်ကမသောက်ရင်တော့ အကောင်းဆုံးပါ။ မတတ်သာလို့ သောက်ဖြစ်တယ်ဆိုရင်တောင် တစ်ရက်ကို 1 drinkထက် မပိုသင့်ပါဘူး။ ဒါ့ပြင် တခြားသတိထားရမယ့် အချက်တွေလည်း ရှိပါတယ်။

1 drink ဆိုတာ ဝိုင် ၅အောင်စ၊ ဘီယာ ၁၂အောင်စ၊ အရက်ပြင်း ၁အောင်စနဲ့ ညီပါတယ်။ အရက်ပါဝင်မှု များလေ‌လေ သောက်တဲ့ပမာဏကို လျှော့ရလေလေပဲ ဖြစ်ပါတယ်။

နို့တိုက်မိခင် အရက်သောက် ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ

အရက်သောက်တဲ့အခါ အရက်က မိခင်နို့ရည်ထဲကို ရောက်သွားပါတယ်။ ဒါကြောင့် ကလေးကပါ အရက်လိုက်သောက်နေရသလိုပါပဲ။ နို့ထဲကို ပါသွားတဲ့ ပမာဏက နည်းတယ်ဆိုပေမယ့် ကလေးကလည်း သေးသေးလေးဆိုတာကို မမေ့ထားသင့်ပါဘူး။

လေ့လာချက်တွေအရ ကလေးတွေရဲ့ အသည်းက လူကြီးတွေအသည်းကနေ အရက်ကို ချေဖျက်တာရဲ့ တစ်ဝက်ကိုပဲ ချေဖျက်နိုင်တာ ဖြစ်ပါတယ်။

နောက်ထပ်လေ့လာချက်မှာတော့ နို့စို့ကလေးတွေက တစ်ရက်ကို အရက် 1 drinkစာပမာဏလောက် ထိတွေ့မိတဲ့အခါ ကြွက်သား‌တွေ ကောင်းကောင်းမဖွံ့ဖြိုးတာ၊ အိပ်စက်ပုံမမှန်တာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ အမေက 1 drinkသောက်လို့ ကလေးဆီ 1 drink လုံးရောက်တာတော့ မဟုတ်‌ပေမဲ့ အမေက များများသောက်ရင်‌တော့ ကလေးဆီကို ပမာဏနည်းနည်းလေးတွေ စုပြီး 1 drink ပြည့်သွားနိုင်ပါတယ်။

ဟိုးအရင်ကဆိုရင် လူကြီးတွေက နို့တိုက်မိခင်တွေကို နို့ထွက်ကောင်းအောင်ဆိုပြီး အရက်နည်းနည်းတိုက်လေ့ ရှိပါတယ်။ လေ့လာချက်တွေအရတော့ အရက်က နို့ထွက်နှုန်းကို ကျစေပါတယ်။ ဒါ့ပြင် နို့ထဲမှာ အရက်ပါနေတဲ့အတွက် ကလေးက ပုံမှန်သောက်နေကျတဲ့ ၂၀% လောက် စို့တာ နည်းသွားပါတယ်။ ဆိုလိုတာက ကလေးက နို့ကောင်းကောင်းမစို့တော့ပါဘူး။

အရက်သောက်ပြီးပြီ။ ကလေးကို မထိခိုက်စေချင်ဘူးဆိုရင် ဘာလုပ်နိုင်သလဲ။

  • အရက်သောက်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် နို့ကို ကြိုညှစ်ထားပါ။ သေချာ သိမ်းဆည်းပါ။ ကလေးနို့စို့ရမယ့်အချိန်ရောက်ရင် သိမ်းထားတဲ့ထဲက တိုက်လိုက်ပါ။ ဒါဆို အရက်ပါတဲ့ နို့ကို တိုက်မိတော့မှာ မဟုတ်ပါဘူး။
  • အရက်သောက်ပြီးပြီဆိုရင်တော့ ၂-၃နာရီအကြာမှ နို့ပြန်တိုက်ပါ။ ဘာကြောင့်လဲဆိုတော့ အရက်က သင့်ကိုယ်ထဲမှာ နာရီပိုင်းလောက် နေနိုင်လို့ပါ။ ဘယ်လောက်ကြာမလဲဆိုတာကတော့ ကိုယ်အလေးချိန်၊ အရက်ရဲ့ ပြင်းအားပေါ် မူတည်ပါတယ်။ များများသောက်၊ ပြင်းပြင်းသောက်ထားတယ်ဆိုရင် ဒီထက်ပိုပြီး ကြာကြာစောင့်ရနိုင်ပါတယ်။
  • အရက်‌သောက်ပြီး မူးနေတဲ့အချိန်မှာ ကလေးကို နို့တိုက်တာ၊ ကလေးနဲ့ အိပ်တာ မလုပ်ရပါဘူး။ သတိလက်လွတ်နဲ့ ကလေးကို ဖိမိတဲ့အခါ အသက်ရှူကျပ်တာမျိုး ဖြစ်တတ်ပါတယ်။
  • အရက်သောက်ပြီး နို့ထဲမှာ အရက်မပါအောင် နို့ကို ညှစ်ထုတ်တာက အလုပ်မဖြစ်ပါဘူး။ အရက်က သွေးထဲမှာ ရှိနေသရွေ့ နို့ထဲမှာလည်း ပါနေနိုင်ပါတယ်။ ဒါပေမဲ့ အရက်သောက်ထားလို့ ကလေးကို နို့မတိုက်လိုက်ရဘူး။ ရင်သားတင်းနေတယ်ဆိုရင်တော့ ညှစ်ထုတ်လိုက်တာက ရင်သားတင်းပြီး နာတာကို သက်သာစေပါတယ်။

အကြံပြုချက်

နို့တိုက်မိခင်တွေအနေနဲ့ အရက်မသောက်တာက အကောင်းဆုံးပါ။ မဖြစ်မနေ သောက်ဖို့ လိုလာရင် တစ်ရက်ကို 1 drinkထက် မပိုပါစေနဲ့။ အရက်သောက်ပြီးရင်လည်း ကလေးဆီ အရက်ရောက်ရှိမှုနည်းအောင် သတိထားဖို့ လိုပါတယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

I’m breast-feeding. Is it OK to drink alcohol?. http://www.mayoclinic.org/healthy-lifestyle/infant-and-toddler-health/expert-answers/breast-feeding-and-alcohol/faq-20057985. Accessed January 23, 2017.

Will it harm my breastfeeding baby if I drink wine, beer, or hard alcohol?. http://www.babycenter.com/0_alcohol-and-breastfeeding_3547.bc. Accessed January 23, 2017.

Breastfeeding and Alcohol. http://kellymom.com/bf/can-i-breastfeed/lifestyle/alcohol/. Accessed January 23, 2017.

Is it safe for mothers to breastfeed their infant if they have consumed alcohol? https://www.cdc.gov/breastfeeding/breastfeeding-special-circumstances/vaccinations-medications-drugs/alcohol.html#:~:text=Generally%2C%20moderate%20alcohol%20consumption%20by,a%20single%20drink%20before%20nursing. Accessed May 22 2023.

Breastfeeding and drinking alcohol https://www.nhs.uk/conditions/baby/breastfeeding-and-bottle-feeding/breastfeeding-and-lifestyle/alcohol/ Accessed May 22 2023.

ယခုပုံစံ

22/05/2023

Dr . Phyu Mon Latt မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးနို့တိုက်နေစဉ်မှာ မိခင်တွေအနေနဲ့ အရက် ဘီယာ ရှောင်ရမှာလား

ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ အစပ်စားလို့ရသလား


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 22/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement