backup og meta

21 လအရွယ်ကလေးငယ်

21 လအရွယ်ကလေးငယ်

၂၁လအရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ သင်ဘာတွေသိဖို့လိုအပ်သလဲ။

ဖွံ့ဖြိုးတိုးတက်မှုနဲ့ အပြုအမူများ

ကလေးကဘယ်လိုဖွံ့ဖြိုးလာသင့်သလဲ။

သင့်ကလေးကခုဆိုရင် ၂၁လရှိနေပါပြီ။ သင့်ကလေးကအရမ်းကိုသွက်လက်ပြီးဘယ်လိုပြေးတယ်ဆိုတာလေ့လာနေတဲ့အရွယ်လေးပေါ့။ သူတို့ဟာနောက်ပြန်လျှောက်ဖို့နဲ့ လှေကားတက်ဖို့တောင် ကြိုးစားနေချင်ကြပါသေးတယ်။ ကောင်းပါတယ်။ သူ့ရဲ့ကြွက်သားတွေ သန်မာလာပြီးနဲ့ မျက်လုံးနဲ့လက်လှုပ်ရှားမှု အံဝင်ခွင်ကျဖြစ်လာတာပေါ့။ တကယ်လို့သင့်ကလေးကတိတ်တိတ်လေးထိုင်နေတယ်ဆိုရင်လည်းသိပ်စိတ်မပူပါနဲ့။ တစ်ခါတလေမှာသင့်ကလေးက သူ့ပတ်ဝန်းကျင်ကို လေ့လာဖို့နဲ့ နားလည်ဖို့ အချိန်ယူရပါတယ်။ ကလေးအများစုဟာတစ်ရက်တာရဲ့ ၂၀%ကို ဒီလိုလုပ်ခြင်းနဲ့ ကုန်ဆုံးတတ်ကြပါတယ်။ သင့်ကလေးက လုံးဝတက်တက်ကြွကြွမရှိတော့ဘူးဆိုရင်တော့ ဆရာဝန်ကိုပြောပြပါ။ သင့်ကလေးဟာဘလော့တုံးတွေနဲ့ တာဝါတိုင်ဆောက်တဲ့ ကစားနည်းတွေတတ်နေနိုင်ပြီးစာရွက်ပေါ်မှာဒါမှမဟုတ် နံရံပေါ်မှာလျှောက်ခြစ်နေတတ်ပါပြီ။ ဒါကသူ့ရဲ့ လှုပ်ရှားနိုင်စွမ်းတိုးတက်လာပါ။

ကလေးကိုဘယ်လိုကူညီထောက်ပံ့ပေးရမလဲ။

အကောင်းဆုံးနည်းလမ်းကတော့ သူ့ကိုလွပ်လွပ်လပ်လပ်ပြေးခိုင်းပြီးလဲကျခိုင်းလိုက်ပါ။ အမေတစ်ယောက်အနေနဲ့ ဒီလိုကြီးလက်လွှတ်လိုက်ရမှာတကယ်ခက်ခဲမှာပါ။ သင့်ကလေးနာကျင်မှာကိုသင်ဘယ်ကြည့်ရက်ပါ့မလဲ။ ဒါပေမဲ့ သင့်ကလေးဟာလဲကျလေလေ ပြန်လည်ထူထောင်နိုင်လာလေလေပါပဲ။ ဒါဟာသင့်ကလေးလေ့လာသင်ယူဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

သင့်ကလေးဟာပုံတွေဆွဲချင်ပြီးလျှောက်ခြစ်ချင်နေပါလိမ့်မယ်။ သင့်ကလေးကိုစာရွက်လွတ်နဲ့ ရောင်စုံခဲတံတွေပေးပြီးတော့သာဆွဲခိုင်းလိုက်ပါ။ တကယ်လို့များသင်က ကလေးကို marker pen ပေးချင်တယ်ဆိုရင် ဖျက်လို့ရတဲ့ဟာဖြစ်နေပါစေ။ သင့်ကလေးတီထွင်ဖန်တီးမှု ဉာဏ်ရည်ကွန့်မြူးမှု အားကောင်းလာဖို့ ဒီနည်းလမ်းတွေနဲ့ သင်ကူညီနိုင်ပါတယ်။

ကျန်းမာရေးနှင့်လုံခြုံမှု

ဆရာဝန်နဲ့ ဘာတွေတိုင်ပင်ဆွေးနွေးသင့်သလဲ။

သင့်ကလေးအိပ်နေတဲ့အချိန်မှာဟောက်ရင်၊ နှာခေါင်းသံပါရင်၊ ပါးစပ်နဲ့အသက်ရှူနေရင် ဆရာဝန်ကိုပြောပြသင့်ပါတယ်။ တကယ်လို့သင့်ကလေးဟာ အာသီး နဲ့ လည်ချောင်းရောင်တာကြောင့် အိပ်စက်ရာမှာ ပြဿနာရှိတယ်ဆိုရင် ဆရာဝန်ကိုအာသီးဖြတ်ခိုင်းမှာပါ။ အာသီး ဖြတ်လိုက်တာကသင့်ကလေးအိပ်စက်ရာမှာ ဖြစ်တဲ့ ပြဿနာတွေကိုလွယ်ကူရိုးရှင်းစွာဖြေရှင်းနိုင်မှာပါ။

ဘာတွေသိသင့်သလဲ။

သင့်ကလေးကဆေးရဲ့အရောင်၊ အဆင်း၊ အနံ့ ၊အရသာတွေကိုမကြိုက်ဘူးဆိုရင် ဆေးမြိုကျသွားဖို့ အန္တရာယ်အကင်းဆုံးနဲ့ ထိရောက်မှုအရှိဆုံးနည်းလမ်းတွေထဲမှာ

  • ဆေးထဲမှာသကြားဇွန်းအပြည့် ဒါမှမဟုတ် ဖျော်ရည်တွေထည့်ပါ။
  • ဆေးကို နွားနို့ သို့မဟုတ် ဖျော်ရည်နဲ့ ရောပါ။
  • ဆေးကိုဒိန်ချဉ် သို့မဟုတ် ပန်းသီးဆော့စ်နဲ့ရောပါ။
  • ဆေးကိုသကြားလုံးလိုလုပ်ပါ။
  • ပါးစပ်ထဲထည့်တဲ့ပိုက်တွေနဲ့ အစက်ချပစ္စည်းကိုသုံးပါ။
  • သင့်ဆရာဝန်ကို အခြားဆေးတွေတောင်းဆိုကြည့်ပါ။

တကယ်လို့သင့်ကလေးကဆေးအရသာကြောင့် ဆေးသောက်ဖို့ငြင်းဆန်နေမယ်ဆိုရင် ဆေးဝါးကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။ ဆရာဝန်ဆီမှာ ပန်းသီးဆော့စ် ဒါမှမဟုတ် ဒိန်ချဉ်နဲ့ရောတိုက်လို့ရတဲ့သင့်တော်တဲ့ဆေးပြားကိုတောင်းကြည့်ပါ။

စိုးရိမ်ပူပန်မှုများ

ဘာတွေကိုစိတ်ပူနေရတာလဲ။

သင်စိတ်ပူရမှာက ညဘက်လန့်နှိုးခြင်း (night terror) ဖြစ်မှာကိုပါ။Night terrorကအိပ်မက်ဆိုးမက်တာနဲ့မတူပါဘူး။ ကလေးကမျက်လုံးတွေပွင့်လာပြီးလူလည်းလှုပ်ရှားလာမယ်၊ ငိုမယ်၊ အော်မယ်၊ ထုရိုက်မယ် စသဖြင့် ဖြစ်တတ်ပါတယ်။night terror က ဖြစ်ခဲပါတယ်။ ဒါပေမဲ့ သင့်ကလေးဖြစ်နေပြီဆိုရင်တော့ ကြောက်ဖို့ကောင်းပါလိမ့်မယ်။ သင့်ကလေးကိုအလွယ်တကူနှိုးမရသိပ်မရချော့မရတဲ့အခြေအနေမျိုးမှာတကယ်ကိုအကူအညီမဲ့နေမှာပါ။ သင့်ကလေးဟာနိုးလာပုံရပေမဲ့ တကယ်တမ်းနိုးနေတာမဟုတ်ပါဘူး။

မပူပါနဲ့။ Night terrorဖြစ်တာက အန္တရာယ်တော့ မဖြစ်စေပါဘူး။ Night terror ဖြစ်နေစဉ်အတွင်းသင့်ကလေးကိုနှစ်သိမ့်ပေးတာက အသုံးဝင်မယ်ဆိုရင် ဒီတိုင်းပဲဆက်လုပ်ပေးလို့ရပါတယ်။ အတင်းမနှိုးပါနဲ့။ ဒါပေမဲ့ ကလေးကိုထိန်းပါ။ နီးနီးကပ်ကပ် တည်တည်ငြိမ်ငြိမ်လေးနေပါ။ သူ့ကိုယ်သူမထိခိုက်မိပါစေနဲ့။ မကြာခင်မှာသူအေးအေးချမ်းချမ်းနဲ့ ပြန်အိပ်ပျော်သွားပါလိမ့်မယ်။

သင့်ကလေးနောက်လမှာဘယ်လိုကြီးပြင်းလာမလဲ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

BabyCenter Medical Advisory Board. Toddler sleep habits: Snorting, sweating, head banging,
and more. http://www.babycenter.com/0_toddler-sleep- habits-snorting- sweating-head-banging-and- more_3656751.bc. Accessed date 03/06/2015.

BabyCenter Medical Advisory Board. Test your health IQ: What’s the best way to make the medicine go down? http://www.babycenter.com/0_test-your- health-iq- whats-the- best-way- to-make-the- medicine_1227228.bc. Accessed date 03/06/2015.

Your 21-month- old: Week 1. http://www.babycenter.com/6_your-21- month-old- week-1_5992.bc. Accessed date 03/06/2015

Your 21-month- old: Week 2. http://www.babycenter.com/6_your-21- month-old- week-2_10329455.bc. Accessed date 03/06/2015.

Your 21-month- old: Week 3. http://www.babycenter.com/6_your-21- month-old- week-3_10329459.bc. Accessed date 03/06/2015.

Your 21-month- old: Week 4. http://www.babycenter.com/6_your-21- month-old- week-4_10329463.bc. Accessed date 03/06/2015.

21-Month- Old Child. http://www.whattoexpect.com/toddler/21-month- old.aspx. Accessed date 03/06/2015.

ယခုပုံစံ

10/08/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement