ကလေးလေးတွေဟာ သူတို့ကိုစောင့်ရှောက်နေသူတွေကို ရက်သတ္တပတ်အနည်းငယ်အတွင်းမှာပဲ သိရှိမှတ်မိပြီး ထိုသူတွေက သူတို့လေးတွေရဲ့ ဦးစားပေးတွေဖြစ်လာပါတယ်။ မွေးပျံ့နေတဲ့နှင်းဆီပန်းတွေနဲ့ သင့်ရဲ့ချွေးနံ့ နို့နံ့ရနေတဲ့အင်္ကျီကို ယှဉ်ရင် သူတို့ဟာသင့်အင်္ကျ ီ ကိုပဲ အမြဲတမ်းရွေးချယ်ကြပါလိမ့်မယ်။ တစ်ပတ်သားလေးတွေတောင်မှ သူတို့မိခင်နို့စိုနေတဲ့ရင်ခံစကို လှမ်းဆွဲတတ်ပါတယ်။ ကလေးလေးတွေအတွက် သူတို့မေမေရဲ့ ကိုယ်သင်းနံ့ထက် ပိုချိုမြိန်တာမရှိတော့ပါဘူး။
အပြုံးလေးတွေ
တချို့တွေက ကလေးငယ်လေးတွေရဲ့အပြုံးဟာ မရည်ရွယ်ဘဲ အလိုအလျောက်ဖြစ်ပေါ်ခြင်းတစ်ခု သက်သက်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ လတ်တလောလေ့လာမှုတွေအရ မွေးကင်းစကလေးငယ်ရဲ့ အပြုံးဟာ ထို့ထက် အဓိပ္ပါယ် ပိုပါတယ်။ သင့်ကလေးငယ်ဆီက ပထမဆုံးစစ်မှန်ပြီး တောက်ပတဲ့အပြုံးရလိုက်ရတဲ့အချိန်ဟာ အမတန်လှပတဲ့အခိုက်အတန့်လေးပါ။ ဒါဟာ သူတို့နည်းသူတို့ဟန်နဲ့ ‘မေမေ့ကိုချစ်တယ်’ လို့ပြောခြင်းပါ။ ကလေးအသက် ၆ပတ်နဲ့ ၈ပတ်လောက်မှာ မေမေတို့ရဲ့နေ့ရက်တွေကို တောက်ပသွားစေမယ့် သူတို့ရဲ့ပထမဆုံး အပြုံးစစ်စစ်ကိုသင်တွေ့ရပါလိမ့်မယ်။
တီတီတာတာ စကားတွေ
ကလေးလေးတွေရဲ့ အစောဆုံးတီတီတာတာသံလေးတွေက သင် ဒါမှမဟုတ် သူတို့ကိုစောင့်ရှောက်ပေးတဲ့ အခြားသူတွေ ကို ရည်ရွယ်ပြောဆိုနေတာပဲဖြစ်ပါတယ်။ ကလေးတွေက စတင်စကားပြောရာမှာ သူတို့ကိုယ်သူတို့စပြောတာမဟုတ်ဘဲ သူတို့ရဲ့အစောဆုံးဘာသာစကားက သင်နဲ့အဆက်အသွယ်ပြုလုပ်ခြင်းပါ၊ ဒါကြောင့် သူတို့ကိုပြန်ဆော့ကစားပေးပါ။ သင်တို့နှစ်ယောက်စလုံးက တကယ့်စကားပြောခြင်းအတွက် အစပျိုးနေတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။