• ခြင် : ခြင်တွေသင့်ခြံတွင်းမှာ ဘယ်လိုပေါက်ပွားနိုင်လဲဆိုတာ အရင်လေ့လာပါ။ ဒါ့အပြင် ဒီနိုင်ငံမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သွေးလွန်တုပ်ကွေးလိုမျိုးရောဂါတွေအကြောင်းလည်း သိထားရပါမယ်။
• သန်း : သန်းဟာ စိုစွတ်ပူနွေးတဲ့နေရာတွေ (အထူးသဖြင့် မြက်ပင်ထူထပ်တဲ့နေရာတွေ) မှာရှင်သန်ကျက်စားလေ့ရှိတဲ့အတွက် ကလေးကို ဒီလိုနေရာမျိုးတွေ ခေါ်မသွားသင့်ပါဖူး။ သန်းကို မြင်ရလွယ်အောင် သင့်ကလေးကိုအရောင်တောက်တောက်အင်္ကျီအဝတ်အစားတွေ ဝတ်ပေးထားပါ။ အိမ်ထဲ ပြန်ဝင်တဲ့အခါသင့်ကလေးရဲ့အရေပြားနဲ့ဆံပင်တွေထဲမှာ သန်းတွေတွယ်နေမနေကို သေချာစစ်ဆေးပါ။ ပြင်းထန်တဲ့ Lyme disease ဆိုတဲ့ရောဂါကို သယ်ဆောင်တဲ့သန်းဟာနှ မ်းစေ့တဝက်အရွယ်လောက်သာ ရှိတယ်ဆိုတာကို သတိထားပါ။ အကယ်၍ ကလေးကိုသန်းတွယ်ခဲ့ရင်လည်းေ သချာဖယ်ရှားပြီး ဆရာဝန်နဲ့သွားရောက်ပြသပါ။
• တုပ်တတ်၊ကိုက်တတ်တဲ့အင်းဆက်တွေ : ပျား၊ပိတုန်းနဲ့တခြားအန္တရာယ်ရှိတဲ့ အင်းဆက်တွေဟာ သူတို့ကိုလာထိမှသာ ပြန်လည်ရန်မူလေ့ရှိတာပါ။ ဒါပေမယ့် ကလေးတွေအနေနဲ့မတော်တဆဆိုသလို ပျား၊ ပိတုန်းစတဲ့အန္တရာယ်ရှိ အင်းဆက်တွေကို သွားဆွတတ်ပါတယ်။ တကယ်လို့သင့်ကလေး ပျား ဒါမှမဟုတ် ပိတုန်း တုပ်ခံရပြီဆိုရင် ရောင်ရမ်းနာကျင်တာတွေ ဖြစ်လာလေ့ရှိပြီး နာရီပိုင်းအတွင်းမှာ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။ အရေးကြီးတာက အသားထဲစိုက်ဝင်နေတဲ့ အဆိပ်ရှိဆူးကိုဖယ်ထုတ်ပစ်ဖို့ပါပဲ။ ခရက်ဒစ်ကတ် ဒါမှမဟုတ် လက်သည်းကိုသုံးပြီး အလျားလိုက်အသာလေး ကလော်ထုတ်ပါ။ ဒီနောက်အဝတ်တခုကို ရေအေးအေးထဲမှာစိမ်ပြီး အတုပ်ခံထားရတဲ့နေရာတဝိုက်ကို ဖိကပ်ပေးထားမယ်ဆိုရင် နာကျင်ရောင်ရမ်းတာတွေကို သက်သာစေမှာပါ။
• ဓါက်မတည့်တာ : ရှားရှားပါးပါးဆိုသလို သင့်ကလေးအနေနဲ့ပျားဆိပ်နဲ့ဓါတ်မတည့်တာမျိုး ဖြစ်တတ်ပြီး ဒါဟာ အရမ်းအန္တရာယ်ကြီးတဲ့အခြေအနေဖြစ်ပါတယ်။ ကလေးကိုယ်အနှံ့အပြားမှာ အကွက်တွေ၊ အစက်တွေ ထွက်လာတာ၊ အသက်ရှုကျပ်လာတာ၊ လျှာ၊ လက်တွေ ဒါမှမဟုတ် မျက်နှာတခုလုံး ထူအမ်းလာတာ၊ အားအင်ကုန်ခမ်းတာနဲ့သတိလစ်သွားတာတွေဟာ ဓါတ်မတည့်ခြင်းရဲ့ ပြဿနာတွေပါ။
• အင်းဆက်ဖြန်းဆေး : “တမိသားစုလုံးအတွက် သုံးစွဲနိုင်ပါသည်” လို့စာတန်းပါတဲ့ ဖြန်းဆေးတွေကို ကလေးအသက်နှစ်လလောက်ရတာနဲ့စတင်သုံးစွဲနိုင်ပါပြီ။ ကလေးရဲ့ခန္ဓါကိုယ်မှာ အင်းဆက်ကာကွယ်ဆေးတခုခုသုံးမယ်ဆိုရင်ကလေးအထူးကုဆရာဝန်နဲ့အရင်တိုင်ပင်ပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။