မိခင်တွေဟာ သူတို့သားသမီးတွေအပေါ် အပြစ်ရှိတယ်လို့ ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်ကာ တခြားလူတွေဆီကပါ အဝေဖန်ခံရတဲ့ ကိစ္စလေးတွေရှိတတ်ပါတယ်။ အမေတော်တော်များများ တွေ့ကြုံရတတ်တဲ့ အဖြစ်အများဆုံး ကိစ္စလေးတွေကတော့……..
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe
မိခင်တွေဟာ သူတို့သားသမီးတွေအပေါ် အပြစ်ရှိတယ်လို့ ကိုယ့်ကိုယ့်ကိုယ်အပြစ်တင်ကာ တခြားလူတွေဆီကပါ အဝေဖန်ခံရတဲ့ ကိစ္စလေးတွေရှိတတ်ပါတယ်။ အမေတော်တော်များများ တွေ့ကြုံရတတ်တဲ့ အဖြစ်အများဆုံး ကိစ္စလေးတွေကတော့……..
ဒါဟာမိခင်အများစုကြုံရတတ်တဲ့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်ရတဲ့ အကြောင်းအရင်းတစ်ခုပါ။ ရုံးမှာ အလုပ်တွေတောင်ပုံရာပုံ ပုံနေတတ်ပြီး အိမ်ပြန်လာချိန်မှာလည်း အိမ်အလုပ်တွေတစုံတပင်ဖြစ်နေတတ်တာကြောင့် သင်ပင်ပန်းတာဟာ သဘာဝကျပါတယ်၊ ဒါပေမယ့် မိမိကလေးလေးအတွက် အချိန်မပေးနိုင်တဲ့အတွက် အပြစ်ရှိသလိုတော့ ခံစားရတာပေါ့။
ကလေးတွေဟာ လျှော်ပြီးတာမလျှော်ပြီးတာအပထားလို့ သူတို့ကြိုက်တဲ့ ဂါဝန်လေးတွေ အဝတ်အစားလေးတွေကိုပဲ ထပ်တလဲလဲဝတ်ချင်တတ်ကြပါတယ်၊ သင်က ကလေးကို တခြားဟာဝတ်ဖို့ ချော့လိုက်နိုင်တယ်ဆိုရင်တောင်မှ သူ့မျက်နှာပေါ်ကဝမ်းနည်းသွားတဲ့ အရိပ်အယောင်လေးကြောင့် သင်စိတ်မကောင်းဖြစ်သွားရတတ်ပါတယ်။
တခါတရံမှာ မိမိခင်ပွန်းကိုဖြစ်ဖြစ်၊ တခြားသူငယ်ချင်းတစ်ယောက်ကို ဖုန်းထဲကနေဖြစ်ဖြစ် ရင့်ရင့်သီးသီးသုံးနှုန်းမိသွားတတ်ပါတယ်။ ဒါကို ကလေးကကြားပြီး လိုက်ပြော လိုက်သုံးနှုန်းတတ်ပါတယ်။ သင်ကမပြောရန်ဆုံးမတဲ့လို့ ‘အမေတို့ကျပြောလို့ရပြီး သားကျ/သမီးကျ ဘာလို့ပြောလို့မရတာလဲ’ လို့ပြန်မေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိမှာပါ။
သူတို့တွေကျောင်းမှာဖြစ်ပျက်လာတာတွေ၊ လုပ်ဆောင်ရတာလေးတွေကို သင်သိနေနိုင်ပေမယ့် တချို့အရာတိုင်းကို အာရုံစိုက်မပေးနိုင်တဲ့အခါ အပြစ်တင်စိတ်ဖြစ်လာတတ်ပါတယ်။
သင့်ကလေးလေးက မုန်လာဥစားရတာမကြိုက်ပါဘူး၊ ဒါပေမယ့် ဒါကကျန်းမာရေးညီညွတ်တာကြောင့် သင်ကသူ့ပန်းကန်ထဲထည့်ပေးတဲ့အခါ ကလေးကစိတ်ဆိုးပြီး ဘာမှမစားဘဲ အိပ်သွားတတ်တယ်။ ဒီလိုအခါတွေမှာ သင်ကသူကောင်းစေဖို့လုပ်လိုက်တာဖြစ်သော်လည်း ကိုယ်ကိုယ့်ကိုယ်အပြစ်တင်စိတ်ဖြစ်မိပါတယ်။
တခါတလေမှာ သူတို့ရှင်းပြတာကို နားမထောင်ဘဲ ဒေါသမထိန်းနိုင်ဘဲ ဆူပူလိုက်မိပါတယ်။ အဲ့အခါ ‘အမေကဘယ်တော့မှမယုံဘူးနော်’ လို့ ကလေးကပြန်ပြောလိုက်တဲ့အခါ ရင်နာရတတ်ပါတယ်။
တခါတလေ တချို့ကိစ္စတွေမှာ ပေးထားခဲ့မိတဲ့ ကတိကိုမတည်နိုငတာတွေဖြစ်ရပါတယ်။ ဥပမာ ကလေးက သူ့မွေးနေ့လက်ဆောင်အတွက် အရုပ်လေးပူဆာထားတယ်၊ သင်ကလည်းဝယ်ပေးမယ်ကတိပေးထားသော်လည်း မေ့သွားတဲ့အခါ၊ ဒီလိုအခါမှာ ရင်ကွဲမတတ်ခံစားရသည်ထိ အပြစ်တင်စိတ်တွေလွှမ်းမိုးလာတတ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်ခံစားရတာက သဘာဝပါ၊ ဒါပေမယ့် ထိုအရာက သင့်စိတ်နှလုံးထိ နာကျင်သည်ထိတော့ မဖြစ်သင့်ပါဘူး၊ ထိုအပြစ်တင်စိတ်တွေကို သက်သာစေနိုင်မယ့် နည်းလမ်းလေးတချို့ကတော့…….
နောက်ဆုံးအနေနဲ့ သင်ဟာ ကိုယ့်ကိုယ်ကိုယ်တကယ်အပြစ်တင်စရာကိစ္စတစ်ခုခု လုပ်မိသွားတယ်ဆိုရင်တော့ သင့်ကလေးအပေါ်အကြွေးတင်သွားပါပြီ။ ဒါဆိုရင်တော့ သင့်ဦးစားပေးမှုဟာ ဘာဖြစ်တယ်ဆိုတာကို သေချာပြန်စဉ်းစားပြီး ဘာလုပ်သင့်တယ်ဆိုတာ သေချာရွေးချယ်ပါ။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။
Dr. K Zin Thwe
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။