backup og meta

ကလေးချီနည်း မှန်ကန်ရဲ့လား သတိပြုမိစေဖို့


Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးချီနည်း မှန်ကန်ရဲ့လား သတိပြုမိစေဖို့

    သင့်ကလေးကိုပြုစုစောင့်ရှောက်ရာတွင်ကလေးကိုချီခြင်း သို့မဟုတ် မခြင်းတို့သည် သင့်ခန္ဓါကိုယ်ကိုပြင်းထန်စွာ ဒဏ်ရာရစေနိုင်ပါသည်။ သို့ဖြစ်၍ ထိခိုက်ဒဏ်ရာရခြင်းမှရှောင်ကြဉ်နိုင်ရန် သင့်ခန္ဓါကိုယ်အနေအထားနှင့်ပတ်သက်ပြီးဂရုစိုက်ပါ။

    သင့်ကလေးကိုချီမရာတွင်ထိခိုက်ဒဏ်ရာရခြင်းကိုကာကွယ်ပေးနိုင်မည့်နည်းလမ်းများ

  • ထိခိုက်ဒဏ်ရာရခြင်းကိုရှောင်ရှားရန်ဒူးထောက်ပါသို့မဟုတ်ဆောင့်ကြောင့်ထိုင်ပါ။ သင်သည်သင့်ကလေးကိုကားခုံတွင်ခါးပတ်ပတ်ပေးသောအခါတွင်သင့်ခန္ဓါကိုယ်သည်အပြင်တွင်ရပ်နေလျက်နှင့်ကားထဲသို့ကိုယ်တစ်ပိုင်းလိမ်ဝင်၍ခါးပတ်ပတ်ပေးလိမ့်မည်။ သင်သည်ကလေးရှေ့တွင် ဒူးထောက်ပြီးသို့မဟုတ်ဆောင့်ကြောင့်ထိုင်ပြီးပြုလုပ်ခြင်းအားဖြင့်လေ့ကျင်ခန်းလုပ်ပြီးသားဖြစ်သကဲ့သို့ကိုးရို့ကားယားအနေအထားကိုလည်းရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။
  • သင့်ကလေးကိုလက်တစ်ဖက်တည်းနှင့်အချိန်အကြာကြီးမချီပါနှင့်။ အကယ်၍သင်သည်တစ်ချိန်လျှင်လက်တစ်ဖက်ပြောင်းသုံးခြင်းဖြင့်သင်၏လက်များသည်အလွယ်တကူမညောင်းနိုင်ပါဘူး။
  • ကိုယ်ကိုလိမ်ပြီးကလေးကိုမမပါနှင့်။ ကိုယ်ကိုလိမ်ပြီးကလေးကိုမခြင်းသည်သင့်ခါးရိုးနှင့်အာရုံကြောမကြီးကိုထိခိုက်စေနိုင်ပါသည်။ ခါးနာစေနိုင်ပါသည်။ သင့်ကလေးကိုအရင်မပါ။ ပြီးမှတစ်ဖက်သို့လှည့်နိုင်ပါသည်။
  • လေ့ကျင့်ခန်းလုပ်ဖို့သို့မဟုတ် အားကစားခန်းမသို့သွားဖို့အချိန်ယူပါ။ သင်သည် သင့်ကလေးကို ပြုစုစောင့်ရှောက်နေရသောအခါတွင် စိတ်ပိုင်းဆိုင်ရာရော ခန္ဓါကိုယ်ပိုင်းဆိုင်ရာပ အင်အားလိုအပ်ပါသည်။ ထို့ကြောင့်သင်၏ကျန်းမာရေးကိုလစ်လျူမရှု့သင့်ပါ။ သင့်ကျန်းမာရေးမကောင်းလျှင် သင်၏ကလေးကိုလည်း ကောင်းမွန်စွာဂရုမစိုက်နိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် သင်ကိုယ်ဝန်ဆောင်စဉ်ကတည်းကပင် သင့်ဝမ်းဗိုက်နှင့် ပင်မကြွက်သားများအားနည်းနေတတ်ကြသည်။ သို့ဖြစ်၍သင်သည်သင့်ကြွက်သားများကိုကူညီရန်သင့်အဆစ်များကိုလှုပ်ရှားရလွယ်ကူစေရန်ကူညီပေးမည့်အားကစားလုပ်ဆောင်ချက်များလုပ်ဆောင်ပါ။ ယောဂ၊ရေကူးခြင်းစသည်တို့ကိုပြုလုပ်ပါ။
  • အချိန်အကြာကြီးမတ်တပ်မရပ်ပါနှင့်။
  • အလုပ်အရမ်းမလုပ်ပါနှင့်။ ဖြစ်နိုင်လျှင် အချိန်ခွဲခွဲပြီးလုပ်ပါ။ ကိုယ်လုပ်နိုင်သောအတိုင်းအတာကိုကိုယ့်ဘာသာကိုသိပါစေ။
  • အကယ်၍ထိခိုက်ဒဏ်ရာရခဲ့လျှင်ဘာလုပ်ရမည်နည်း

  • ရုတ်တရက်သင်ထိခိုက်ဒဏ်ရာရခဲ့လျှင်သင်လုပ်နေသောအရာကိုချက်ချင်းရပ်လိုက်ပါ။ ထိုင်ချလိုက်ပါ။ ခဏနားပါ။ ထို့နောက်ရေခဲအိတ်ကိုသုံး၍ထိခိုက်ဒဏ်ရာနာကျင်ခြင်းကိုသက်သာပါစေ။ ဆရာဝန်သို့မဟုတ်ကျန်းမာရေးစောင့်ရှောက်သူနှင့်ဖြစ်နိုင်သမျှမြန်မြန်ဆက်သွယ်ပါ။
  • လေ့ကျင့်ခန်းအပျော့စားလေးများနှင့်ခန္ဓါကိုယ်ဆန့်ခြင်းများကိုခဏခဏပြုလုပ်ပါ။ ထိုအရာသည်သင့်ကြွက်သားများကိုပိုမိုအားရှိစေပြီး အဆစ်များ လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသည်။ သင်သည်တီဗီသို့ မဟုတ် အင်တာနက်တွင်ပါသော ကျန်းမာရေးပရိုဂရမ်များမှ အားကစားများကို လိုက်လံလုပ်ဆောင်နိုင်သကဲ့သို့ အားကစားခန်းမတွင် ဆရာတစ်ယောက်ငှားပြီး လေ့ကျင့်နိုင်ပါသည်။
  • အကယ်၍မခံနိုင်အောင်နာလျှင် အကိုက်အခဲပျောက်ဆေးသောက်ပါ။ သင်သိထားရမည်က အကိုက်အခဲပျောက်ဆေးများသည် အချိန်ခဏသာသက်သာစေပါသည်။ အကိုက်အခဲပျောက်ဆေးများကိုအလွန်အကျွံမသုံးသင့်ပါ။ အကယ်၍သင့်နာကျင်ကိုက်ခဲမှုကိုမခံနိုင်ပါကနာကျင်ကိုက်ခဲမှုဖြစ်ရသည့်အကြောင်းအရင်းများကိုရှာဖွေတွေ့နိုင်ရန်ဆရာဝန်နှင့်ဆွေးနွေးပါ။ အဘယ်ကြောင့်ဆိုသော် မကုဘဲထားလျှင်ကိုက်ခဲနာကျင်မှုပိုမိုဆိုးဝါးနိုင်သောကြောင့်ဖြစ်သည်။
  • သင်သည် အာရုံကြောပိုင်းဆိုင်ရာနေရာများတွင်လက္ခဏာများပြလျှင် (ဥပမာ ခေါင်းကိုက်ခြင်း၊ ထုံခြင်း၊ အားလျော့ခြင်း၊ အူများထဲတွင်အားနည်းသလိုခံစားရခြင်း၊ ဆီးမထိန်းနိုင်ခြင်း)စသည်တို့ဖြစ်ပါကသင်၏ဆရာဝန်နှုင့်ချက်ချင်းဆက်သွယ်ပါ။
  • သင့်ကလေးကို ချီမရာတွင် ပုံမှန်ထက်ပိုပြီးဂရုစိုက်ပါ။ အဘယ်ကြောင့်ဆိုသော် မမှန်ကန်သော အနေအထားသည် အလေ့အကျင့် တစ်ခုကဲ့သို့ ဖြစ်သွားပြီး နောက်ဆုံးတွင်သင့်ကိုထိခိုက်ဒဏ်ရာရစေနိုင်သောကြောင့်ဖြစ်သည်။ အကယ်၍သင်သည် အလေးအပင်မခြင်း သယ်ယူခြင်းများကြောင့် နာကျင်ကိုက်ခဲခြင်းဖြစ်နေပါက ဆရာဝန်ထံသို့မဟုတ် ကျန်းမာရေး စောင့်ရှောက်သူထံ ဆက်သွယ်ပြသရန် မနှောင့်နှေးပါနှင့်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement