backup og meta

ကလေးများကို သည်းခံပြီး ဘက်မလိုက်တတ်အောင် သင်ကြားပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးများကို သည်းခံပြီး ဘက်မလိုက်တတ်အောင် သင်ကြားပေးပါ

    ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ဘာသာရေးဆိုင်ရာ ဖိနှိပ်မှု ကင်းစင်ခြင်း၊ ကိုးကွယ်ယုံကြည်မှုနှင့် ယဉ်ကျေးမှု သမိုင်းကြောင်း အမျိုးမျိုးတို့ကို လက်ခံခြင်း တို့ အပေါ်တွင် မူတည်ပြီး ဖွဲ့စည်းထားသည်။ သင်ကလေး ကြီးပြင်းလာသည် နှင့်အမျှ လူမျိုး၊ ယဉ်ကျေးမှု များစွာမှ လူများဖြင့် တွေ့ဆုံလာ ရလိမ့်မည်။ ထို့ကြောင့် သင်သည် သင့်ကလေးကို အခြားလူ များအပေါ် သည်းခံပြီး ဘက်မလိုက်သော နေပုံထိုင်ပုံရှိအောင် သင်ကြားပေးသင့်သည်။

    ကွဲပြားသော ကမ္ဘာကြီး

    ကလေးများသည် ကြီးပြင်းလာသောအခါ သူတို့၏ စူးစမ်းလိုမှုမှာ များလာသည်။ သူတို့သည် လူအမျိုး အစား များစွာရှိသည်ကို သိမြင်လာသောကြောင့် ဖြစ်သည်။ ဘဝ၏ ထိုအရွယ်တွင် ကလေးများသည် တစ်ဦးတစ်ယောက် ချင်း၏ ပင်ကိုလက္ခဏာများကို သင်ယူလာသည်။ ဤကိစ္စကို သင့်ကလေးအား ရိုးရှင်းသော အသုံးအနှုန်းများဖြင့် သေချာ ပြောဆိုသင်ပြပါ။

    သည်းခံခြင်းဆိုတာ ဘာလဲ။

    သည်းခံခြင်းဆိုသည်မှာ တရားမျှတသော၊ ပွင့်လင်းသော၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်း တွင် မတူညီမှုများကို လေးစား သော သဘောထားဖြစ်သည်။ အခြားသူများ၏ မတူညီမှုများမှ သင်ယူပြီး သူတို့၏ ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံတို့ကို တန်ဖိုး ထားခြင်း ဖြစ်သည်။ သို့သော်လည်း အရာအားလုံးကို သည်းခံ သင့်သည်ဟု မဆိုလိုပါ။ ကျင့်ဝတ်နှင့် မညီသော၊ လူ့အဖွဲ့ အစည်းကို ဆန့်ကျင်သော အပြုအမူများသည် သည်းခံခြင်းနှင့် မထိုက်တန်ပါ။

    ကလေးများကို သည်းခံခြင်းအကြောင်း သင်ကြားရာတွင် အကြံပြုချက်များ

    • မီဒီယာကို အသုံးပြုပါ။

    မီဒီယာနှင့် လူသိများသော ယဉ်ကျေးမှုများ ကျယ်ပြန်စွာ ပျံ့နှံ့ခြင်းသည် ကလေး၏ အတွေးအခေါ်ကို ပုံသွင်းနိုင်သည်။ ထို့ကြောင့် စာအုပ်၊ သီချင်း၊ အနုပညာ သို့မဟုတ် တီဗွီ စသော မီဒီယာများကို သင့်ကလေးအား သည်းခံခြင်း အကြောင်း သင်ကြားရာတွင် အသုံးပြုနိုင်သည်။ သင့်ကလေးနှင့်အတူ မီဒီယာတွင် သိသာသော ဘက်လိုက်ခြင်း အပြုအမူများကို ထောက်ပြပါ။

    • စကားလုံး အသုံးပြုမှု

    မီဒီယာမှ သင်ယူပြီးနောက် သင့်ကလေးသည် အချို့ လူအုပ်စုများကို ထိခိုက်စေသော အကျိုးယုတ်သော စကားလုံး များအကြောင်းကို သိလာမည်။ အခြားသူများသို့ ထိုစကားလုံး များ သုံးခြင်းကို တားမြစ်ခြင်းသည် သင့်ကလေးစိတ်ရှိ ဘက် လိုက်သော သဘောထားကို ဖယ်ရှားပါ။ သူတို့ကို အစွန်းမရောက်သော ဘက်မလိုက်သော စကားလုံးများ ရွေးချယ်သုံးနိုင်ရန် သင်ပေးပါ။

    • ထိတွေ့ခြင်း

    ယဉ်ကျေးမှုနှင့် နေထိုင်မှုပုံစံ ကွဲပြားခြင်းကို ပိုမိုထိတွေ့ရ သော ကလေးများသည် ပိုပြီး အလိုက်သင့်နေနိုင်လာသည်။ ကလေးများကို သူတို့နှင့်မတူသော လူများဖြင့် အလုပ်လုပ်ရန်၊ စာသင်ရန်၊ ကစားရန် အခွင့်အရေးပေးပါ။ သင့်အိမ်ရှိ မတူညီမှု များကိုလည်း ထောက်ပြပြီး ဝန်ခံပါ။ သင့်ကလေးကို ရိုးရာဓလေ့များ အကြောင်းသင်ပေးပါ။ သူတို့သည် မိသားစု၏ တန်ဖိုးကို ဂုဏ်ဆောင်သင့်ကြောင်းပြောပါ။ ထို့အပြင် သင့် ကလေးကို သူ၏ မတူညီမှုများကို ထောက်ပြပြီး အများနှင့် မတူခြင်းကို ရင်ဝယ်ပိုက်နိုင်ရန် သင်ကြားပေးပါ။ မိမိကိုယ်ကို အမှန်မသိသော ကလေးများသည် အခြားသူများကို ဆိုးဝါးစွာ ဆက်ဆံပြုမူ တတ်သည်။ သူတို့ကို တန်ဖိုးထား၊ ချစ်ခင်ပါ။ လေးစားပါ။ ထိုနည်းဖြင့် သူတို့သည် အခြားသူများကို အလားတူ ဆက်ဆံလိမ့်မည်။

  • စံနမူနာဖြစ်အောင်နေပါ။
  • သင်၏ ကိုယ်ပိုင်အပြုအမူကို သတိထားပါ။ သင့်ကလေး ကို သည်းခံခြင်းအကြောင်း သိစေလိုပါက သင်သည် အရာ အမျိုးမျိုးအတွက် လေးစားမှုကို ဖော်ပြရမည်။ ကလေးများ သည် နားအလွန်ပါးပါသည်။ ထို့ကြောင့် သင်သည် အဆင့် အတန်းအမျိုးမျိုးမှ လူများအကြောင်းပြောရာတွင် ဂရုပြုပါ။ ရည်ရွယ်၍ ဖြစ်စေ အမှတ်တမဲ့ဖြစ်စေ သင့်ကလေးစိတ်တွင် ပုံသေမှတ်ယူသွားနိုင်သော ဟာသများကို မပြုမိပါနှင့်။

    သည်းခံခြင်းကို သင်ကြားပေးခြင်းသည် ကလေး၏ ဖွံ့ဖြိုး မှုနှင့် အနာဂတ်တွင် အောင်မြင်စေရန် အရေးပါသည်။ သည်းခံပြီး ဘက်မလိုက်တတ်သော ကလေးများသည် ဘဝ၏ ကဏ္ဍအမျိုးမျိုးတွင် အခွင့်အရေးများ ပိုပြီးရသည်။ မိဘများသည် သားသမီးများကို ထိုအရည်အသွေးများ သင်ကြားပေးပြီး လူတော်လူကောင်းများဖြစ်လာအောင် ကူညီ သင့်သည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement