backup og meta

ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်စွာရွေးချယ်စားသုံးသူတွေဖြစ်လာအောင်ပျိုးထောင်နည်း ၆ နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်စွာရွေးချယ်စားသုံးသူတွေဖြစ်လာအောင်ပျိုးထောင်နည်း ၆ နည်း

    ကလေးတွေဟာ သန္ဓေသားအရွယ် ၁၂ ပတ်သားဝန်းကျင်လောက်မှာကတည်းက အမိုင်နိုအက်ဆစ် အရည်ကို စတင်မြိုချတတ်နေပြီဖြစ်ပြီး သန္ဓေသား ၂၁ ပတ်အရွယ်အရောက်မှာ အရသာခံတဲ့အဖုလေးတွေက စတင်ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ကလေးငယ်လေးတွေဟာ အမိုင်နိုအက်ဆစ်နဲ့ထိတွေ့မှုကနေတဆင့် အရသာ တွေနဲ့ပတ်သက်ပြီးလျင်လျင်မြန်မြန်သင်ယူနိုင်ကြပါတယ်၊ လို့လေ့လာမှုတွေမှာတွေ့ရှိရပါတယ်။

    ကလေးငယ်လေးတွေဟာ အစားစားတတ်စအရွယ်ရောက်လာတဲ့အခါ သူတို့ဘယ်အစားအစာမျိုးကို ကြိုက်နှစ်သက်လဲဆိုတာကို စတင်ရွေးချယ်စားသုံးတတ်ပြီဆိုပေမယ့် သူတို့အထူးအထွေတစ်ခုခုများစားချင်နေ မလားဆိုတာမျိုးကိုတော့ မပြောပြတတ်သေးသလိုလူကြီးတွေအနေနဲ့ကလည်း မခန့်မှန်းနိုင်သေးပါဘူး။ သူတို့ ဒီနေ့ခံတွင်းတွေ့တဲ့အစားအသောက်ကို နောက်နေ့မှာမကြိုက်တော့ဘဲမှောက်ပစ်တာ၊ထွေးထုတ်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။

    အစားအသောက်ရွေးတာက အစားစားတတ်စကလေးငယ်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အထပဲဖြစ်ပါတယ်။ သူတို့လေးတွေက မနက်စာ ဒါမှမဟုတ် နေ့လယ်စာကိုအများကြီးစားပြီး တစ်နေကုန်ဘာမှမစားဘဲနေတာမျိုးတွေ၊ အစားအစာ ၁ မျိုး၊ ၂ မျိုးကိုပဲတစိုက်မတ်မတ်စားသုံးတာမျိုး အလေ့အထလေးတွေရှိပါတယ်။ ကလေးက ဒီလိုမျိုး အကျင့်လုပ်တဲ့အခါမျိုးမှာ စိတ်တိုတာမျိုးမလုပ်ပါနဲ့။ ကလေးကိုငယ်စဉ်ကတည်းက ကျန်းမာတဲ့အစားအစာတွေ ရွေးချယ်စားသုံးတတ်အောင်သွန်သင်ပေးပါ။

    အရွယ်လေးရလာတာနဲ့အမျှ ကလေးငယ်တွေရဲ့ အစားစားချင်စိတ်နဲ့စားသောက်မှုအလေ့အထတွေက ဟန်ချက်ညီလာပြီး သူကြိုက်နှစ်သက်တဲ့အစားအသောက်တွေကို မိဘတွေရဲ့လှုံ့ဆော်ပေးမှုမပါဘဲ ရွေးချယ် စားသုံးလာပါလိမ့်မယ်။

    အစားစားတတ်စအရွယ်ကလေးငယ်လေးကို မိမိနဲ့အတူထိုင်ပြီး အစားအသောက်တွေကိုစားသုံးစေတာက အကြံကောင်းတစ်ရပ်ပါ။ အခြားမိသားစုဝင်တွေနဲ့ တစ်ဝိုင်းတည်းထိုင်ပြီး ထမင်းစားတတ်တဲ့အရွယ်ရောက်လာတဲ့ အခါ မိသားစုဝင်တွေရဲ့ ကျန်းမာရေးနဲ့ညီညွတ်စွာစားသုံးတဲ့နည်းလမ်းအတိုင်း ကလေးငယ်ကိုစားသုံးစေခြင်းဖြင့် ကလေးငယ်ကိုကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားသုံးသူတစ်ဦးအနေနဲ့ ကြီးပြင်းလာစေဖို့လိုသလိုပျိုးထောင် ပေးနိုင်မှာဖြစ်ပါတယ်။

    ကလေးငယ်လေးတွေကိုကျန်းမာရေးနဲ့ညီညွတ်မျှတစွာစားသုံးတတ်သူတွေအဖြစ်ကြီးပြင်းလာစေဖို့ပျိုးထောင်နိုင် မယ့်နည်းလမ်းလေးတွေမျှဝေချင်ပါတယ်။

    ၁။ ကလေးငယ်စားသုံးတဲ့အစားအသောက်တွေတိုင်းမှာ အာဟာရတစ်မျိုးမကပါဝင်အောင်ကျွေးမွေးပါ

    မနက်စာကို ဆီရီယယ် နဲ့ နို့ ကျွေးတဲ့နေရာမှာ ဘလူးဘယ်ရီသီးအနည်းငယ်ထပ်ပေါင်းထည့်တာမျိုး၊ညစာအတွက် ချိစ်ညှပ် ပေါင်မုန့်ကျွေးတဲ့နေရာမှာ အာဟာရပြည့်ဝစွာပါဝင်တဲ့ဂျုံကြမ်းပေါင်းမုန့်ထဲမှာ ချိစ်ထည့်ပြီး ခရမ်းချဉ်သီး တစ်ကွင်းလောက်ထည့်ပေးတာမျိုးတွေလုပ်ကျွေးပေးပါ။

    ၂။ အစားအသောက်ပြင်ဆင်မှုပုံစံတွေကိုပြောင်းလဲပေးပါ

    ကလေးတွေအတွက်လိုအပ်တဲ့အာဟာရဓါတ်တွေကို ပြည့်ဝစေဖို့အတွက်လည်း သေသေချာချာချင့်ချိန်ဆောင်ရွက် ဖို့လိုအပ်ပါတယ်။ အရသာတစ်ခုတည်းကြောင့် ကလေးတွေကအစားအသောက်တွေကိုမစားချင်တာမဟုတ်ပါဘူး အစားအသောက်ရဲ့ပြင်ဆင်ပုံ၊ပုံပန်းသဏ္ဍန် တွေကြောင့်လည်းဖြစ်နေတတ်နေပါတယ်။ ကလေးငယ်ကချက်ထားတဲ့ အသီးအရွက်တွေကိုမစားချင်တဲ့အခါမျိုး မှာ အသီးအရွက်အစိမ်းတွေကို တို့စားလို့ရတဲ့အနှစ်တစ်မျိုးမျိုးနဲ့ တွဲစပ်စားသုံးစေတာမျိုးလုပ်ဆောင်ပေးသင့် ပါတယ်။

    ၃။ ကလေးငယ်တွေကို အရသာမျိုးစုံကိုစမ်းပြီးကျွေးပေးပါ

    ကလေးငယ်ကိုအရသာတွေစုံလင်စွာစားသုံးတတ်အောင် ကျွေးပေးပါ။ ကလေးငယ်ကို ပဲတွေကိုဘာအရသာမှမထည့်ဘဲကျွေးမယ့်အစား ဒယ်အိုးထဲ သံလွင်ဆီထည့်ပြီး သံပုရာရည်နဲ့ ကြက်သွန်ဖြူအမှုန့်နဲ့ဆားလေးနည်းနည်းဖြူးပြီးကျွေးပေးတာမျိုးလုပ်ပါ။

    ၄။ ကလေးတွေအတွက် အစားအသောက်ဝယ်ယူတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်မျှတပါစေ

    နေအိမ်မှာ ကလေးငယ်တွေစားသုံးဖို့မုန့်တွေဝယ်ယူထားရှိတဲ့အခါမှာလည်း အဆီနဲ့ကယ်လ်လိုရီပါဝင်မှုများတဲ့ အစားအသောက်တွေကို အနည်းငယ်သာထားရှိပေးပါ။ ဒီလိုမျိုးအစားအသောက်တွေအစား လတ်ဆတ်တဲ့ သစ်သီး၊ အခွံမာသီးတွေ၊မုန်လာဥနီတွေ ပြောင်းဖူးပေါက်ပေါက်တွေလိုမျိုးကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို ထားရှိပေးနိုင်ပါတယ်။

    ၅။ အစားအစာတွေကို ဆုချတာမျိုးမလုပ်ပါနဲ့

    ဒီလိုမျိုးလုပ်ဆောင်တာက ကလေးတွေကို အစားအစာအချို့ကို သူတို့ဘာသာတန်ဖိုးသတ်မှတ်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ဒီအနေအထားက အစားအစာတွေနဲ့ ပတ်သက်ပြီးကလေးတွေမှာ ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အထတွေဖြစ်ပေါ်စေနိုင်ပါတယ်။

    ၆။ ဗိုက်ဆာတာကိုခွဲခြားတတ်အောင်ကလေးငယ်တွေကိုသင်ကြားပေးပါ

    ယနေ့ခေတ်ကာလတွေမှာ ရုပ်ပိုင်းဆိုင်ရာ အရ ဆာလောင်မှုထက် စိတ်ဖိစီးတာ၊စိတ်ပူပန်တာနဲ့အထီးကျန်ဆန်တာလိုမျိုး စိတ်ခံစားမှု နဲ့ သက်ဆိုင်တဲ့ ဆာလောင်မှုတွေကြောင့် စားသုံးတာကပိုအဖြစ်များနေပါတယ်။ ကလေးငယ်အနေနဲ့အဆာပြေမုန့်တွေမစားခင်မှာ ကလေးငယ်ကို တကယ်ဗိုက်ဆာလား၊မဆာဘူးလားဆိုတာကိုသေသေချာချာအတည်ပြုနိုင်ဖို့ကူညီပေးပါ။ တစ်ခါတစ်လေမှာ ကလေးငယ်ကိုစာအုပ်ဖတ်ခိုင်းတာမျိုးအပြင်ထွက်ကစားစေတာမျိုးက မုန့်စားတာထက် ပိုကောင်းပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement