backup og meta

ဖေဖေမေမေတို့ သိထားသင့်တဲ့ ကလေးငယ်တွေရဲ့ သွားကျန်းမာရေး


Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖေဖေမေမေတို့ သိထားသင့်တဲ့ ကလေးငယ်တွေရဲ့ သွားကျန်းမာရေး

    ခန္ဓါကိုယ်ကောင်းစွာကြီးထွားဖွံ့ဖြိုးဖို့အတွက် သွားနဲ့ခံတွင်းကျန်းမာရေးကလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်နေပါတယ်။ ကလေးငယ်လေးတွကမွေးကင်းစအရွယ်မှာ သွားလေးတွေမပေါက်သေးပေမယ့် အဲ့အချိန်ကတည်းကစလို့ ခံတွင်းကိုသန့်ရှင်းအောင်ဂရုစိုက်ပေးဖို့လိုပါမယ်။ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက သွားတွေကိုသေချာဂရုစိုက်ပေးမှ အရွယ်ရောက်လာတဲ့အခါ ခံတွင်းနဲ့ သွားကျန်းမာတဲ့ ကလေးငယ်လေးတွေအဖြစ်ကြီးပြင်းလာမှာဖြစ်ပါတယ်။ အခုဖော်ပြမယ့်ဆောင်းပါးထဲမှာ ကလေးငယ်လေးတွေရဲ့ သွားကျန်းမာအောင် ဘယ်လိုဂရုစိုက်ပေးဖို့လိုမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

    ကလေးလေးတွေရဲ့ သွားပေါက်ပုံအဆင့်ဆင့်

    အပေါ်သွား

    • ရှေ့သွား ၈ လ ကနေ ၁၂ လအတွင်း
    • ရှေ့သွား ၂ချောင်းရဲ့ ဘေးတစ်ဖက်စီမှာရှိနေတဲ့သွား ၉ လ ကနေ ၁၃ လအတွင်း
    • စွယ်သွား ၁၆ လ ကနေ ၂၂ လအတွင်း
    • ရှေ့အံသွား ၁၃ လ ကနေ ၁၉ လအတွင်း
    • နောက်အံသွား ၂၅ လ ကနေ ၃၃ လအတွင်း

    အောက်သွား

    • ရှေ့သွား ၆ လ ကနေ ၁၀ လအတွင်း
    • ရှေ့သွား ၂ချောင်းရဲ့ ဘေးတစ်ဖက်စီမှာရှိနေတဲ့သွား ၁၀ လ ကနေ ၁၆ လအတွင်း
    • စွယ်သွား ၁၇ လ ကနေ ၂၃ လအတွင်း
    • ရှေ့အံသွား ၁၄ လ ကနေ ၁၈ လအတွင်း
    • နောက်အံသွား ၂၁ လ ကနေ ၃၁ လအတွင်း

    ကလေးငယ်လေးတွေရဲ့သွားတွေကို ဂရုစိုက်နည်းလမ်းညွှန်

    ကလေးငယ်လေးတွေရဲ့သွားလေးတွေဟာ ထွက်လာပြီး သိပ်မကြာခင်မှာဘဲ ထိခိုက်ပျက်စီးတာမျိုးဖြစ်တတ်ပါတယ်။ ကလေးတွေက အချိုများတဲ့အစားအစာတွေကိုကြိုက်နှစ်သက်တာကြောင့် သွားပိုးစားတာ၊ သွားတွေပျက်စီးတာမျိုးတွေဖြစ်လါယ်ပါတယ်။ ကလေးတွေက ငယ်စဉ်အရွယ်မှာ သူတို့ရဲ့သွားတွေကို သေချာဂရုမစိုက်နိုင်သေးပါဘူး။ ဒါကြောင့် ငယ်စဉ်မှာ ကလေးတွေရဲ့သွားတွေကိုသေချာဂရုစိုက်ပေးဖို့ကဖေဖေမေမေတို့ရဲ့ တာဝန်ပါ။

    သွားမထွက်ခင်ကတည်းက ကလေးတွေရဲ့ ခံတွင်းကိုသန့်ရှင်းပေးပါ

    ကလေးက သွားမထွက်သေးပေမယ့် ကလေးငယ်ရဲ့ခံတွင်းကိုသန့်ရှင်းပေးဖို့လိုပါမယ်။ ကလေးက နို့စို့ပြီးချိန်တိုင်း၊အစားတစ်ခုခုစားပြီးတိုင်းမှာရေနွေးနွေးလေးဆွတ်ထားတဲ့ အဝတ်စသန့်သန့်လေးကို အသုံးပြုပြီး သွားဖုံးလေးတွေကို ပွတ်တိုက်သန့်စင်ပေးပါ။

    ငယ်သွားတွေကိုလည်းသေချာဂရုစိုက်ပေးပါ

    မိဘတော်တော်များများက ငယ်သွားကကျိုးသွားမှာပဲဆိုပြီးသေချာဂရုမစိုက်ဘဲထားတာမျိုးရှိနိုင်ပါတယ်။ ဒပေမယ့် ငယ်သွားကိုသေချာဂရုစိုက်ပေးမှာ ကြီးသွားထွက်လာတဲ့အခါ ကျန်းမာလှပတဲ့ သွားလေးတွေဖြစ်စေမှာပါ။ ဒါကြောင့် ကလေးငယ်ကို သွားဖုံးရောဂါတွေမဖြစ်စေဖို့အတွက် ငယ်သွားပေါက်ကတည်းကသေချာဂရုစိုက်ပေးဖို့လိုပါမယ်။

    သွားထိခိုက်စေမယ့် အလေ့အထတွေကို ဆင်ခြင်ပေးပါ

    ကလေးငယ်လေးတွေမှာ အဖြစ်များတဲ့သွားပြဿနာတွေက သွားအရောင်ပြောင်းတာနဲ့သွားပိုးပေါက်လေးတွေဖြစ်တာပါ။ ကလေးကိုအိပ်ရာထဲမှာ နို့ဗူးထည့်ပေးတာက ကလေးရဲ့သွားကို ထိခိုက်စေနိုင်တဲ့အပြုအမူပါ။ ကလေးကို အချိုတွေအများကြီးကျွေးတာမျိုးလည်း မလုပ်ပါနဲ့။

    အသက် ၂ နှစ်အရွယ်မှာ သွားစတိုက်ပေးပါ

    ကလေးရဲ့သွားလေးတွေစထွက်လာပြီဆိုတာနဲ့ သွားစတိုက်ပေးပါ။ ကလေးကငယ်သေးတာကြောင့် ဖလိုရိုက်ပါတဲ့သွားတိုက်ဆေးကို ဆန်စေ့တစ်စေ့စာလောက်ထည့်ပြီး တစ်နေ့ကို ၂ ကြိမ်တိုက်ပေးပါ။

    ကလေးရဲ့ ဖလိုရိုက်သောက်သုံးမှုပမာဏကို သိပါစေ

    ကလေးအနေနဲ့ သွားပျက်စီးတာမျိုးမဖြစ်စေဖို့အတွက် ဖလိုရိုက်လုံလောက်စွာရရှိဖို့လိုအပ်ပါတယ်။ သွားတိုက်ဆေးကနေ ဖလိုရိုက်ကိုရရှိနိုင်သလိုသေက်သုံးရေကနေလည်း ဖလိုရိုက်ကိုရရှိနိုင်ပါတယ်။ တကယ်လို့ ကလေးရရှိတဲ့ ဖလိုရိုက်ပမာဏက မလုံလောက်ဘူးလို့ယူဆတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ကလေးကို ဖလိုရိုက်အားဖြည့်ဆေးတိုက်ပေးတာမျိုးလုပ်နိုင်ပါတယ်။

    သွားပွတ်တံကိုမကြာခဏလဲပေးပါ

    ကလေးကို သွားပွတ်တံတစ်ချောင်းထဲကို အကြာကြီးတိုက်ခိုင်းတာမျိုး မလုပ်ပါနဲ့။ မကြာခဏလဲပေးဖို့လိုပါမယ်။ သွားပွတ်တံကခြောက်ပြီး ဖွားနေမယ်ဆိုရင် ချက်ချင်းလဲပေးပါ။ အနားတွေဖွာနေတဲ့ သွားပွတ်တံက ကလေးသွားတွေကိုသေချာမသန့်စင်ပေးနိုင်တဲ့အပြင် သွားဖုံးတွေကိုပါ ထိခိုက်စေနိုင်ပါတယ်။

    သွားကျန်းမာတဲ့ သားသားမီးမီးလေးတွေဖြစ်စေဖို့အတွက်ဖေဖေမေမေတို့အနေနဲ့ အခုဖော်ပြခဲ့တဲ့နည်းတွေအတိုင်းဘေဘီလေးတွေကိုစောင့်ရှောက်ပေးနိုင်ကြပါစေကြောင်း

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement