backup og meta

နောက်ပြောင်ခြင်းနဲ့ အနိုင်ကျင့်ခြင်း တို့ကြားက ကွာခြားချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နောက်ပြောင်ခြင်းနဲ့ အနိုင်ကျင့်ခြင်း တို့ကြားက ကွာခြားချက်များ

    နောက်ပြောင်ခြင်းနဲ့ အနိုင်ကျင့်ခြင်း(bullying) တွေမှာ ပုံမှန်အားဖြင့် ကျွန်တော်တို့ အမြင်မှာ ရယ်စရာကောင်းနေတဲ့သူတစ်ယောက်ယောက်ကို ရယ်စရာလုပ်ခြင်း၊ သူတို့ကို သုံးစားမရဘူးဆိုတဲ့ ပုံစံမျိုးဖြစ်အောင်လုပ်ခြင်း၊ စနောက်ခြင်း၊ နှောက်ယှက်ခြင်း သို့မဟုတ် သူတို့ကိုဦးတည်လို့ ဟာသလုပ်နေခြင်း စတာတွေ ပါဝင်ပါတယ်။ တစ်ခါတလေမှာ စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းတွေဟာ အပြင်ပန်း ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်တတ်ပါတယ်။ ကျွမ်းကျင်သူအများစုကတော့ စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းရဲ့ကြားမှာ အရေးပါတဲ့ ကွာဟမှုတွေ ရှိနေတယ်လို့ဆိုပါတယ်။

    စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်း ကြားက ကွာခြားမှုများ

    စနောက်ခြင်းမှာတော့ ကစားလိုခြင်းနဲ့ ပျော်ပျော်ပါးပါး ဟာသလုပ်ခြင်းတွေပါဝင်ပါတယ်။ စနောက်ခြင်းမှာ လူမျိုး၊ ဘာသာ၊ ပုံပန်းသဏ္ဍာန်နဲ့ အခြားသော တစ်ဘက်သားရဲ့သိသာထင်ရှားထူးခြားနေခြင်းတွေ ပါဝင်ခဲပါတယ်။

    အနိုင်ကျင့်ခြင်းမှာတော့ ကစားလိုခြင်းတွေ နဲ့ ဟာသဖောက်ခြင်း (Mutual joshing around) တွေ မပါဝင်ပါဘူး။ အနိုင်ကျင့်ခြင်းမှာ ဘာသာရေး၊ လူမျိုးရေး၊ ပုံပန်းသဏ္ဍာန်နဲ့ အခြားသော ထင်ရှားနေတဲ့ အချက်တွေ ပါဝင်ပါတယ်။

    အနိုင်ကျင့်ခြင်းဟာ စနောက်ခြင်းကို ရည်ရွယ်ချက်တစ်ခုနဲ့ ပြောင်းလဲ အဆင့်မြင့်လိုက်တာပါပဲ။ အနိုင်ကျင့်တတ်တဲ့သူတွေဟာ တစ်ဘက်သားကို နာကျင်အောင်လုပ်ဖို့ရည်ရွယ်ပါတယ်။ စနောက်ခြင်းကတော့ မနာကျင်စေတဲ့ ကစားနည်းတစ်မျိုးလို့ ယူဆလို့ရပါတယ်။

    စနောက်ခြင်းဟာ အချို့သောအချိန်တွေမှာတော့ အပြုသဘောကိုဆောင်ပါတယ်။ ဥပမာ-

    နောက်ပြောင်ခြင်းက ခင်မင်မှုကို ပိုတိုးစေတယ်လို့ ယူဆကြတဲ့ လူနှစ်ယောက်ကြားမှာ ခိုင်မာတဲ့ နှောင်ကြိုးကို ဖြစ်စေပါတယ်။

    စနောက်သူမှာ ဟာသလုပ်တဲ့ လေသံနဲ့ အပြုံးတွေ ရှိနေရပါတယ်။ (နှိမ့်ချချင်တဲ့ အပြုအမူမျိုးတွေ မဟုတ်ဘဲနဲ့ပေါ့)

    အစခံရတဲ့သူကလည်း အနှောက်အယှက်ဖြစ်မသွားရပါဘူး။

    စနောက်ခြင်းက ဘယ်အချိန်မှာ အနိုင်ကျင့်ခြင်းဖြစ်လာသလဲ။

    စနောက်ခြင်းဟာ နှောင်ကြိုးတွေကို ပိုပြီးခိုင်မာစေပါတယ်။ ဒါပေမဲ့ စနောက်ခြင်းကပဲ အခြားသူတွေကို အထီးကျန်ဆန်အောင်၊ ဝေဖန်ခံရအောင်နဲ့ လူတစ်ဦးတစ်ယောက်ကို ဟာသဖြစ်အောင်လုပ်လိုက်နိုင်ခြင်းကလည်း တစ်ဦးနဲ့ တစ်ဦးကြားမျက်နှာပျက်စေနိုင်ပါသေးတယ်။ စနောက်ခြင်းရဲ့ အပြန်အလှန်တုံ့ပြန်မှုတွေဟာ စနောက်ခြင်းကြောင့် အစခံရသူ အနှောက်အယှက်ဖြစ်သွားတဲ့အချိန်မှာတော့ ရန်သူအဖြစ်သို့ ပြောင်းလဲသွားပါတော့တယ်။

    စနောက်ခြင်းက ဒီလိုအချိန်တွေမှာတော့ အနှောက်အယှက်ပေးခြင်း၊ အနိုင်ကျင့်ခြင်းအသွင်ကို ပြောင်းလဲသွားစေပါတယ်။

    ချစ်ခင်ရင်းနှီးမှုကနေ ရန်စကားတွေအဖြစ် ပြောင်းလဲသွားတဲ့အခါမျိုးမှာ

    သြဇာသက်ရောက်မှု မမျှတတဲ့အခါ။ ဆိုလိုတာက စတဲ့သူဟာ အစခံရသူတွေထက် အပေါင်းအသင်းတွေကြားမှာပိုပြီး မျက်နှာရလာတဲ့အခါ

    အကြိမ်ကြိမ် စနောက်ခံလာရတဲ့အခါ

    စနောက်နေတဲ့ကလေးက အစခံရတဲ့ကလေးကို အနှောက်အယှက်ပေးဖို့ ဒါမှမဟုတ် နာကျင်စေဖို့ ရည်ရွယ်တဲ့အခါ

    အစခံရတဲ့ကလေးတွေဟာ တုံ့ပြန်မှုတွေကြောင့် စိတ်ဓါတ်ကျသွားတဲ့အခါ ဒါမှမဟုတ် နာကျင်ခံစားသွားရတဲ့အခါ။ အချို့သောကလေးတွေဟာ အထူးသဖြင့် ယောက်ျားလေးတွေဟာ သူတို့ နာကျင်နေတယ်ဆိုတဲ့ ခံစားချက်တွေကို ထုတ်ဖော်ပြသလေ့မရှိတာကိုလည်း သတိရပါ။

    စနောက်ခြင်းဟာ အနိုင်ကျင့်ခြင်းတွေအဖြစ် ပြောင်းလဲသွားတဲ့အခါ လူကြီးတွေ ဘာလုပ်ပေးနိုင်မလဲ။

  • နှောက်ယှက်ပါ။ (ဖြန်ဖြေပါ။)
  • အနိုင်ကျင့်ခြင်းကို လက်မခံဖို့နဲ့ သည်းခံမနေဖို့ဆိုတာတွေကို ကလေးတွေကို နားလည်ပါစေ။

    နောက်ပြောင်နေတဲ့ ကလေးတွေနဲ့ တွေ့ပြီး သူတို့ဘာကြောင့် နောက်ပြောင်နေရတယ်ဆိုတာမေးပါ။ ဒီအချက်အလက်ကိုသုံးပြီး သူတို့ပတ်ဝန်းကျင် သူတို့ အပေါင်းအသင်းတွေနဲ့ ဆက်သွယ်ဆွေးနွေးပါ။ ဒီကလေးတွေဟာ အခြားကလေးတွေကို နာကျင်စေဖို့ သြဇာအာဏာကို ဘယ်လိုသုံးရတယ်ဆိုတာကို အိမ်တွင်းအပြုအမူတွေကနေ သင်ယူခဲ့နိုင်ပြီး ဒီလိုကိစ္စမျိုးတွေ ဖြစ်လာရင် ဒီအပြုအမူမျိုးတွေဟာ အုပ်စုတွေအတွင်းမှာ လက်မခံနိုင်ကြောင်းနဲ့ ဒါကို ပြုပြင်သင့်ကြောင်း ဆွေးနွေးပါ။

    အစခံရတဲ့ကလေးတွေနဲ့ တွေ့ဆုံပြီး သူတို့ဘယ်လိုခံစားနေရတယ်ဆိုတာ မေးမြန်းပါ။ သူတို့ဟာလည်း လေးစားသမှုကို ခံယူထိုက်တဲ့သူတွေဖြစ်ကြောင်း အသိပေးပါ။ (ဆိုလိုတာက သူတို့ကလည်း လူထဲက လူပဲမို့ လူလိုဆက်ဆံတာကို ခံယူသင့်ကြောင်း သင်ပေးပါ) တကယ်လို့ ကလေးတစ်ယောက်က သူ့ကိုယ်သူတောင် ခုခံကာကွယ်နိုင်စွမ်းမရှိဘူး ၊ စတာတွေကို ခံနိုင်ရည်မရှိဘူးဆိုရင် စနောက်သူတွေနဲ့ အနိုင်ကျင့်သူတွေ ရပ်တန့်သွားအောင် ယုံကြည်မှုရှိရှိ ဘယ်လို ရင်ဆိုင်ရမယ်ဆိုတဲ့ နည်းလမ်းတွေကိုဆွေးနွေးလေ့ကျင့်ပါ။ တကယ်လို့များ စနောက်မှုတွေ၊ အနိုင်ကျင့်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတယ်ဆိုရင် ယုံကြည်စိတ်ချရတဲ့ လူကြီးတွေနဲ့ အားပေးတတ်တဲ့ သက်တူရွယ်တူအပေါင်းအသင်းတွေကို ပြောပြသင့်ကြောင်း သိနေပါစေ။

    ကျွန်တော်တို့ရဲ့ မွေးရာပါ ဗီဇနဲ့ သတ္တိကို ယုံကြည်လိုက်ပါ။ တကယ်လို့များ ကျွန်တော်တို့က စနောက်ခြင်းဟာ ပါဝင်တဲ့သူတိုင်းအတွက် (ကျွန်တော်တို့ကိုယ်တိုင်ကစလို့ မျက်မြင်သက်သေတွေအထိ) မကောင်းဘူးလို့ ခံစားရတယ်ဆိုရင် နောက်ထပ်လေ့လာမှုတွေလုပ်နိုင်ဖို့အတွက် တန်သွားပါပြီ။

    ကျောင်းအများစုမှာတော့ ဒီလိုကိစ္စတွေနဲ့ပတ်သက်လို့ ချဉ်းကပ်ပုံတွေ ရေးဆွဲတဲ့အခါ ရှင်းလင်းတဲ့ ဝါဒတွေရှိကြပါတယ်။ ကျောင်းအုပ်ကြီးနဲ့ ရှင်းရှင်းဘွင်းဘွင်း ဆွေးနွေးကြတာက စနောက်ခြင်းနဲ့ အနိုင်ကျင့်ခြင်းတို့ရပ်တန့်စေဖို့အတွက် အကောင်းဆုံးသော ဖြေရှင်းနည်း ဖြစ်ပါလိမ့်မယ်။

    ကျွန်တော်တို့ရဲ့ အပြုအမူတွေကိုပါ ဆန်းစစ်ပြုပြင်ပါ။

    စနောက်မယ်လို့ စဉ်းစားလိုက်တာနဲ့ အမြဲတမ်းသတိထားပါ။ သက်ရောက်မှုတွေဟာ အကောင်းဘက်ကပဲ ဖြစ်နေပါစေ။

    ကလေးငယ်တွေဟာ စနောက်ခြင်းကို နားမလည်ကြပါဘူး။ ရွဲ့လိုက်တာ၊ ခနဲ့လိုက်တာမျိုးတွေကို ပိုဆိုးပေါ့။ ဒါကြောင့် ကျွန်တော်တို့က စလိုက်တာပေမယ့် သူတို့ ထိခိုက်နာကျင်သွားနိုင်ပါတယ်။

    အနိုင်ကျင့်တာနဲ့ပတ်သက်လို့ ကျွန်တော်တို့ခံစားခဲ့ရတာတွေကို ပြန်တွေးကြည့်ပါ။ ဒီအတွေ့အကြုံတွေ၊ ခံစားမှုတွေနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ခံစားချက်တွေနဲ့ အမြင်တွေဟာ အနိုင်ကျင့်တာနဲ့ပတ်သက်လို့ ကျွန်တော်တို့ ကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းတွေအပေါ် လွှမ်းမိုးမှု၊ အကျိုးသက်ရောက်မှု ရှိနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement