brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးများနှင့် ကျောင်းမနေခင်အရွယ်ကလေးများအတွက် ဘေးကင်း စိတ်ချရသော ကစားစရာများရွေးချယ်ခြင်း

ကစားစရာအရုပ်များသည် ကစားရန်အတွက်သာမဟုတ်ပေ။ ၎င်းတို့သည် သင့်ကလေးအတွက် လောကကြီးကို ဆက်သွယ်ရန်၊ စူးစမ်းရန်အတွက် အသုံးဝင်သော စိတ်ဝင်စားဖွယ်ရာ ပစ္စည်းတစ်ခုလည်းဖြစ်သည်။

ကလေးများနှင့် ကျောင်းမနေခင်အရွယ်ကလေးများအတွက် ဘေးကင်း စိတ်ချရသော ကစားစရာများရွေးချယ်ခြင်း

ကစားစရာများသည် ကလေး၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ သို့သော်တခါတရံတွင် ၎င်းတို့သည် ကလေးအတွက် အန္တရာယ်ရှိနိုင်ပါသည်။

ထို့ကြောင့် မိဘတိုင်းသည် ကလေးအတွက် သင့်တော်သော ကစားစရာကို ရွေးချယ်ပေးနိုင်ရန် ကစားစရာများ၏ စိတ်ချရမှုကို သိထားသင့်ပါသည်။

အသက်အရွယ်ပေါ်မူတည်ပြီး ကစားစရာရွေးချယ်ခြင်း

ကလေး၏ ဘေးကင်းရေးအတွက် မိဘများသည် ကလေး၏ အသက်နှင့် သင့်တော်သော ကစားစရာကို ရွေးချယ်ပေးသင့်ပါသည်။ ကစားစရာများပေါ်တွင် အသက်ညွှန်ကြားချက်မပါလျင် မဝယ်ပါနှင့်။

အောက်ပါတို့သည် ကလေးများနှင့် ကျောင်းမတက်ခင်အရွယ်ကလေးများနှင့်သင့်တော်သော ကစားစရာများကိုဖော်ပြထားခြင်းဖြစ်သည်။

တစ်နှစ်မှ သုံးနှစ်သား ကလေး

ဆေးခြယ်သည့် မှင်တံ၊ ပုံဆွဲသည့် ခဲတံ၊ ရွှံ့ဖြင့်ပြုလုပ်သော အရုပ်၊ သစ်သားတုံးများ

ရုပ်သေး၊ ကစားစရာဖုန်း၊ အရုပ်ဝတ်ပေးရသော အရုပ်မ၊ နှင့် အဆင်တန်ဆာများ

ရုပ်ပုံများ၊ အရောင်စုံဖော်ပြချက်များပါသောစာအုပ်။

အရုပ်ဆက် ပဟေဠိကားချပ်၊ ဘောလုံးများ။

အသက် သုံးနှစ်မှ ခြောက်နှစ် ကျောင်းမတက်ခင်အရွယ်ကလေး

ပိုမိုခက်ခဲသော အဆောက်အအုံများဆောက်ရန် အတုံးများ

ဆေးခြယ်ခြင်း၊ ဆေးခြယ်သည့် စုတ်တံ

ဆောက်လုပ်ရေးပစ္စည်းပုံစံထုပ်များ၊ မီးဖိုချောင်ကစားစရာများ။

တေးဂီတသံထွက်သော တူရိယာများ၊ ကီးဘုတ်၊ ပတ္တလားစသည်။

ကလေးများသည် သက်ဆိုင်ရာ အရွယ်အလိုက်ကစားစရာများအပြင် ပို၍ငယ်ရွယ်သော ကလေးများအတွက် ကစားစရာများကိုလည်း ကစားနိုင်သည်ကို သိထားရမည်။

ကလေးအတွက် ဘေးကင်းသော စိတ်ချရသော ကစားစရာများကို ရွေးချယ်ပါ။

ကစားစရာ၏ ထုပ်ပိုးမှုတွင် ထုတ်လုပ်သည့် နေရာ၊ လုပ်ငန်း၊ နှင့် သက်တမ်းကုန်ဆုံးရက်ပါသင့်သည်။ ကစားစရာတွင်ပါသော ကြိုးသည် အရှည်ကြီးမဖြစ်သင့်ပေ။ ကစားစရာသည် အရမ်းလေးလံပြီး သင့်ကလေးပေါ်သို့ ပြုတ်ကျနိုင်သည့် ကစားစရာမျိုးမဖြစ်သင့်ပေ။

အသင့်တော်ဆုံး ကစားစရာသည်

မီးလောင်ခံနိုင်သော အဝတ်စဖြင့်လုပ်ထားသော ကစားစရာ

-လျော်ဖွတ်သန့်စင်နိုင်သော တိရိစ္ဆာန်ရုပ်များ

– ခဲ သို့မဟုတ် အဆိပ်ဖြစ်စေနိုင်သော အရာများ မပါသော ကစားစရာများ

-ချွန်ထက်သော အစွန်းများ မရှိသော ကစားစရာများ

-ကလေး၏ အသက်ရှူလမ်းကြောင်းတွင် မဆို့နိုင်စေရန် မကျိုး၊ မပျက်နိုင်သောကစားစရာများ

သင့်ကလေး မျိုမချနိုင်စေရန် ကစားစရာ၏ အရွယ်အစားသည် ၆ စင်တီမီတာ အနည်းဆုံးရှည်ပြီး၊ ၃စင်တီမီတာ အချင်းရှိရမည်။ လျှပ်စစ်နှင့် လုပ်သော ကစားစရာများသည် သက်ဆိုင်ရာ စိတ်ချရသော အဖွဲ့အစည်းမှ စစ်ဆေးစမ်းသပ်ပြီးကြောင်း ဖော်ပြချက်ပါရမည်။

အားဖြည့်ဓါတ်ခဲများဖြင့် ပြုလုပ်ထားလျှင် ကလေးကို ဓါတုအဆိပ်မသင့်စေရန် ဓါတ်ခဲနေရာကို သေချာစွာ ပိတ်ထားသင့်သည်။ အသံထွက်သော တူရိယာများသည် ကလေးအတွက် ခံနိုင်သော အသံ အနေအထားသာဖြစ်ရမည်။ အသံသည် အရမ်းကျယ်နေလျှင် ကလေး၏ အကြားအာရုံကို ထိခိုက်စေနိုင်သည်။

ပတ်ဝန်းကျင်သက်ရောက်မှုများကြောင့် ကစားစရာ၏ ဘေးကင်းစိတ်ချရမှုသည် အချိန်ကြာလျင် လျော့နည်းလာနိုင်သည်။ ထို့ကြောင့် မိဘများသည် ကစားစရာများ၏ ဘေးကင်းစိတ်ချရမှုကို အချိန်ကျ စစ်ဆေးသင့်သည်။

ကလေးကို အကျိုးရှိစေသော ကစားစရာများကို ရွေးချယ်ပါ။

ကလေးများသည် သူတို့၏ ဗဟုသုတကို တိုးပွားစေပြီး၊ ကိုယ်လက်လှုပ်ရှားမှုဖြစ်စေသော၊ တီထွင်ဉာဏ်ကို တိုးတက်စေသော ကစားစရာများကို ဆော့ကစားသင့်သည်။

ဥပမာအားဖြင့် သစ်သားပုံစံတုံးများနှင့် ကစားစရာ ပုံစံခဲများသည် ကလေး၏ တီထွင်စိတ်ကူးဉာဏ်အတိုင်း ဖန်ုတီးပုံဖော်ခွင့် ပေးသည့် ကစားနည်းများဖြစ်သည်။ သင်ကြားရေး ရည်ရွယ်ချက်ဖြင့် အသုံးမပြုနိုင်သော ကစားစရာများကို ငွေကုန်ခံပြီး မဝယ်သင့်ပေ။ သင့်ကလေးသည် ရက်အနည်းငယ်ကြာလျှင် ကစားရခြင်းကို ငြီးငွေ့သွားမည်သာဖြစ်သည်။

Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ၊ ရောဂါအမည်တပ်ခြင်းများ နှင့် ကုသခြင်းများကို မပြုလုပ်ပါ။

Signature Page

Content Contributor (CC)

Name: Dr. Su Sandy

Signature:

Date: 25.8.2017

Line Editor (LE)

Name:

Signature:

Date:

Medical Contributor (MC)

Name:

Signature:

Date:

Managing Editor (ME)

Name:

Signature:

Date:

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Su Sandy မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။