brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Pectus Excavatum (ရင်ညွန့်ရိုးချိုင့်ဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pectus Excavatum (ရင်ညွန့်ရိုးချိုင့်ဝင်ခြင်း) ကဘာလဲ။

ရင်ညွန့်ရိုးသည် ရင်ဘတ်ထဲသို့ ချိုင့်ဝင်နေခြင်းဖြစ်ပြီး အခြေအနေဆိုးသောသူများတွင် ရင်ညွန့်ရိုးနေရာတွင် ဇွန်းနှင့်ခပ်ထုတ်ထား သကဲ့သို့ပင် အချိုင့်ရာထင်ကျန်နေတတ်သည်။

Pectus Excavatum (ရင်ညွန့်ရိုးချိုင့်ဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကလေး၁၀ဝဝမှာ တစ်ယောက်တွင်ဖြစ်တတ်ပြီး ယောကျာ်းလေးများတွင် မိန်းကလေးများထက် လေးဆပိုဖြစ်နိုင်သည်။ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။

လက္ခဏာများ

Pectus Excavatum (ရင်ညွန့်ရိုးချိုင့်ဝင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသောရောဂါလက္ခဏာမှာ ရင်ဘတ်အနည်းငယ်ချိုင့်ဝင်ခြင်း ဖြစ်သည်။ အချို့လူနာများတွင် ကြီးကောင်ဝင်သည်မှ အရွယ်ရောက်သည်အထိပင် ပိုမိုချိုင့်ဝင်လာနိုင်သည်။

အခြေအနေဆိုးသောသူများတွင် ရင်ညွန့်ရိုးသည် အဆုတ်နှင့်နှလုံးကိုဖိနေနိုင်သည်။ ထိုလက္ခဏာများမှာ-

  • ကိုယ်လက်လှုပ်ရှားမှုပြုလုပ်နိုင်စွမ်း လျော့နည်းလာခြင်း
  • နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်း
  • မကြာခဏ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း
  • အသက်ရှူလျှင် တရွှီရွှီမြည်ခြင်း၊ ချောင်းဆိုးခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • နှလုံးအသံပိုများ ရှိလာခြင်း
  • နုံးခြင်းတို့ဖြစ်သည်။
  • အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

    အကြောင်းရင်းများ

    Pectus Excavatum (ရင်ညွန့်ရိုးချိုင့်ဝင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    အကြာင်းအရင်း အတိအကျမသိရသေးသော်လည်း တခါတရံ မိသားစုစဉ်ဆက်အလိုက် ဖြစ်ပွားလေ့ရှိသောကြောင့် ရင်ညွန့်ရိုးချိုင့်ဝင်ခြင်းသည် မျိုးရိုးလိုက်သော ရောဂါဖြစ်နိုင်သည်။

    ဖြစ်နိုင်ခြေများ

    Pectus Excavatum (ရင်ညွန့်ရိုးချိုင့်ဝင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

    ရင်ညွန့်ရိုးချိုင့်ဝင်ခြင်းသည် ယောကျာ်းလေးများတွင် မိန်းကလေးများထက် ပိုအဖြစ်များသည်။ ထို့ပြင် အောက်ပါရောဂါစုများရှိသောသူနှင့် မွေးရာပါအရိုးဖွဲ့စည်းမှု ပုံမမှန်သည့် ရောဂါရှိသူများတွင်လည်း အဖြစ်များသည်။

    • Marfan syndrome
    • Ehlers-Danlos syndrome
    • Osteogenesis imperfecta
    • Noonan syndrome
    • Turner syndrome

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Pectus Excavatum (ရင်ညွန့်ရိုးချိုင့်ဝင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    ရင်ညွန့်ရိုးပြဿနာကြောင့် သင့်ကလေး၏ အသက်ရှူခြင်းကို ထိခိုက်မှုရှိမရှိ သိနိုင်ရန်အသက်ရျူစစ်ဆေးမှုများနှင့် နံရိုးခွင်၏ အတိုင်းအတာအတိအကျကိုသိရန် စစ်ဆေးမှုများပြုလုပ်သည်။

    Pectus Excavatum (ရင်ညွန့်ရိုးချိုင့်ဝင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    ရင်ညွန့်ရိုးပြဿနာကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိလျှင် ကုသရန်မလိုပါ။ ရင်ညွန့်ရိုးပြဿနာကြောင့် သင့်ကလေး၏ အသက်ရှူခြင်းကို သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပြင်းထန်စွာ ထိခိုက်မှုရှိလျှင် ခွဲစိတ်ပြုပြင်ရန်လိုအပ်သည်။

    သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. May Myat Hnin Aung မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/01/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။