backup og meta

Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ) ကဘာလဲ။

Lumbosacral radiculopathy ဆိုသည်မှာ ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများနှင့် အာရုံကြော အမြစ်များ နဲ့ဆက်စပ်သော ရောဂါတစ်ခု ဖြစ် သည်။

Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ရောဂါသည် လူဦးရေ၏ ၃-၅ ရာခိုင်နှုန်းတွင် ဖြစ်ပွား သည်။ အမျိုးသားများနှင့် အမျိုးသမီးများတွင် တူညီစွာ ဖြစ် ပွားသည်။ အသက် ၄၀ အမျိုးသားများ နှင့် အသက် ၅၀-၆၀ အမျိုးသမီးများတွင် ပို၍ ဖြစ်ပွားသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် lumbosacral radiculopathy ရောဂါဖြစ်ပွားနှုန်းကို ကန့်သတ်နိုင်သည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

Lumbosacral radiculopathy ၏ ရောဂါလက္ခဏာများ မှာ လက်မောင်း၊ ခြေထောက် တွင် ထုံကျဉ်ခြင်း၊ ကြွက်သား များ အားနည်းခြင်းတို့ဖြစ်သည်။ အဖြစ်အများဆုံး လက္ခဏာ မှာ sciatica ဖြစ်သည်။ ထိုရောဂါမှာ ခန္ဓါကိုယ်တွင် အရှည်ဆုံး အာရုံ ကြောဖြစ်သော sciatic nerve တစ်လျှောက် နာကျင်ခြင်းဖြစ် သည်။ ထို အာရုံကြောသည် တင်ပါးမှ ခြေထောက်အထိ (ပေါင်နှင့် ခြေထောက် အနောက်ဘက်) အထိသွယ်တန်းနေ သည်။ Sciatica သည် ကျောရိုးဆစ် ကျွံခြင်းကဲ့သို့ ပြဿနာ ၏ လက္ခဏာတစ်ခုဖြစ်သည်။ အခြားလက္ခဏာများမှာ ထုံကျဉ် ခြင်း၊ စပ်ဖျဉ်းဖျဉ်းနေခြင်း၊ ဆီး နှင့် ဝမ်းသွားရာတွင် မထိန်း ချုပ်နိုင်ခြင်းတို့ ဖြစ်သည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခု ရှိနေသည်ဟု စိုးရိမ်ပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်သင့်သည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီတွင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများထဲမှ တစ်ခုခုများရှိနေပါက သို့မဟုတ် မေးခွန်းတစ်ခုခုရှိနေပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းတွင် ရောဂါအခြေ အနေသည် မတူညီနိုင်ပါ။ ရောဂါအဖြေရှာခြင်းများ ကုသခြင်း များပြုလုပ်ရန် ဆရာဝန်နှင့် တိုင်ပင်ပါ။ သင့်အတွက် အကောင်းဆုံး ကုသမှုကို ရယူပါ။

ဆေးကုသနေစဉ်တွင် သက်သာမလာပါက ဆရာဝန်အား အထူး ကုသမှုအစီအစဉ် စတင်ရန် မေးမြန်းပါ။

အကြောင်းရင်းများ

Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ကျောရိုးဆစ် ကျွံခြင်း (ကျိုးခြင်း သို့မဟုတ် ချော်ခြင်း)မှ ဖိအားသည် အာရုံကြောအမြစ်များကို ရောင်ရမ်းခြင်း ဖြစ်စေ သောကြောင့် Lumbosacral radiculopathy ဖြစ်ပွားသည်။ အခြားဖြစ်စေသော အကြောင်းရင်းမှာ ကျောရိုးဆစ် ပျက်စီး ခြင်းကြောင့်ဖြစ်သည်။ ကျောရိုးဆစ်ရှိ အရိုးနု အပိုင်းများသည် ကျောရိုးမ၏ အရိုး (ကျောရိုး) များကြားတွင် ရှိပါသည်။ ၎င်း တို့သည် ကျောရိုး လှုပ်ရှားသောအခါ ထိခိုက်မှုကို လျော့ချ ပေးသော ကြားခံအဖြစ် ဆောင်ရွက်ပေးပါသည်။ အချိန်ကြာ သောအခါ အမျှင်များသည် ကျောရိုးဆစ်အပြားကို ပြဲစေ သည်။ ဂျယ်လီကဲ့သို့ အရည်များသည် ကျောရိုးဆစ်အပြား၏ အလယ်မှ ထွက်လာပြီး အာရုံကြောအမြစ်များအပေါ် ဖိအား သက်ရောက်စေကာ ရောဂါလက္ခဏာများကို ဖြစ်စေသည်။ ကျောရိုးမ ကျဉ်းခြင်း၊ အကျိတ်၊ ရောဂါပိုးကူးစက်ခြင်း နှင့် ထိခိုက်ဒဏ်ရာရခြင်းစသော အခြားအကြောင်းရင်းများလည်း ရှိပါသေးသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာLumbosacral radiculopathy ဖြစ်နိုင်ချေကို ဘာတွေက မြင့် စေသလဲ။

ရောဂါဖြစ်နိုင်ချေကိုမြင့်စေသော အချက်များစွာ ရှိပါ သည်။ အောက်ပါတို့ ပါဝင်ပါသည်။

• အသက်အရွယ်။ အသက်ကြီးသူများသည် ရောဂါ ဖြစ်နိုင်ချေ ပိုမြင့်ပါသည်။

• ပြင်းထန်စွာ လှုပ်ရှားခြင်း

• ကျောရိုးနှင့် ဆိုင်သော အခြားအခြေအနေများ ရှိခြင်း ၊ ခါးနာခြင်း

ဖြစ်နိုင်ချေမြင့်စေသော အချက်များ မရှိခြင်းသည် သင့်အား ရောဂါ မဖြစ်နိုင်ဟု မဆိုလိုပါ။ ဤ အချက်များသည် ကိုးကားချက်သာလျင် ဖြစ်သည်။ ပိုမိုသော အချက်အလက် များအတွက် အထူးကု ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် သင့်သော်သော ဆေးမှတ်တမ်းယူခြင်း၊ ခန္ဓါကိုယ် စစ်ဆေးခြင်း တို့အပေါ်မူတည်၍ ရောဂါအဖြေရှာ နိုင်သည်။ အထူးသဖြင့် ကျောရိုးနှင့် ခြေထောက်အား စစ်ဆေးခြင်း ဖြစ်သည်။ ကြွက်သား သန်မာမှုနှင့် တုံ့ပြန်မှုတို့ ကိုစစ်ဆေးသည်။ လူနာအများစုသည် ဆေးသောက်ခြင်း ဖြင့် ကျန်းမာရေးအခြေအနေ တိုးတက်လာပါသည်။ ဆရာဝန် သည် တစ်ခါတစ်ရံ ပုံရိပ်ရယူရန်ပင် မလိုအပ်ပါ။ ဆက်တိုက် နာကျင်မှုများအတွက် ဆရာဝန်သည် ကွန်ပျူတာဓါတ်မှန်၊ သံလိုက်ဓါတ်မှန် ရိုက်ခြင်း၊ ရိုးတွင်းခြင်ဆီ စစ်ဆေးခြင်း၊ လျှပ်စစ်ဖြင့် စစ်ဆေး ခြင်းတို့ကို ပြုလုပ်နိုင်သည်။

Lumbosacral Radiculopathy (ခါးပိုင်းကျောရိုး နှင့် အဆုံးတွင်ရှိသော ကျောရိုးမအာရုံကြောများ ရောဂါ) ကို ဘယ်လိုကုသပါသလဲ

လူနာအများစုသည် ကုသရန်မလိုပါ။ အိမ်တွင် ကိုယ်တိုင် စောင့်ရှောက်မှု နည်းလမ်းများဖြင့် နာကျင်ခြင်း သက်သာပါ သည်။ ထိုနည်းလမ်းများမှာ အပူ သို့မဟုတ် အအေး ကပ်ခြင်း ၊ ကြွက်သားများ ဖြေလျော့ခြင်း နှင့် အနာပျောက်ဆေးများ သုံးခြင်းတို့ ဖြစ်သည်။ လူနာများသည် တတ်နိုင်သမျှ မြန်မြန် လှုပ်ရှားသင့်သည်။ ပြန်လည်ထူထောင်ခြင်းသည် ထိခိုက်မှု အသစ်များကို ကာကွယ်နိုင်သည်။

ရက်ရှည် နာကျင်ပါက လက္ခဏာများ ကို သက်သာစေရန် ကိုယ်အလေးချိန်ချခြင်း၊ ကျန်းမာရေး ကလပ်တစ်ခုနှင့် ဆက်သွယ်ခြင်း စသော လူနေမှုပုံစံ ပြောင်း လဲခြင်းများကို ပြုလုပ်သင့်သည်။ ထိုလေ့ကျင့်ခန်းများသည် ကိုယ်နေဟန်ထားကို ကူညီပေးပြီး ကျောဘက် ကြွက်သား များကို ကျန်းမာသန်စွမ်းစေသည်။ ခံနိုင်ရည်ကိုလည်း တိုး တတ်စေသည်။

စတီးရွိုက်မပါသော အရောင်ကျဆေးများ၊ ကြွက်သား ဖြေလျော့ဆေးများ၊ အကိုက်အခဲပျောက်ဆေးများ နှင့် စတီး ရွိုက် ထိုးဆေးများ အသုံးပြုနိုင်သည်။ ထိုကုသမှုများသည် အကျိုးသက်ရောက်မှု မရှိပါက သို့မဟုတ် လက္ခဏာအချို့ ကိုသာ သက်သာစေပါက လူနာသည် ခွဲစိတ်မှု ခံယူရန် လို အပ်သည်။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် Lumbosacral radiculopathy ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် Lumbosacral radiculopathy ကို ထိန်းချုပ်နိုင်ပါသည်။

• လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အန္တရာယ်ဖြစ်စေသော အချက်များသည် နာကျင်မှုကို ပြန်လည် ဖြစ်ပေါ်စေ သည်။ ခါးပိုင်း ကြွက်သား နှင့် နောက်ကျောကြွက်သားများ ကို အထူးဂရုစိုက်ပါ။ ထို ကြွက်သားများသည် ကျောရိုးနှင့် ကိုယ်နေဟန် ထား တည့်မတ်ရန် လိုအပ်သည်။

• ထိုင်စဉ် မတ်တပ်ရပ်စဉ် တစ်စုံတစ်ခု မစဉ် ကောင်းမွန်သော ခန္ဓါကိုယ်နှင့် ကိုယ်နေဟန်ထား ရှိ အောင် လေ့ကျင့်ပါ။ အလေးအပင်များကို သင့်တော် စွာ မတင်ပါ၊ သယ်ယူပါ။

• နာကျင်မှုကို ထိန်းချုပ်ရန် သင်ကိုယ်တိုင်၏ ကျန်းမာ ရေး အခြေအနေကို သိရှိပါ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition.

ယခုပုံစံ

12/05/2020

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement