backup og meta

Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း) ကဘာလဲ။

လက်ချောင်းအဆစ်လွဲခြင်းသည် အဖြစ်များသော ထိခိုက်မှုတစ်ခုဖြစ်သည်။ လက်ချောင်းအရိုးများ ပုံမှန်နေရာမှလွဲချော်ခြင်းဖြစ်သည်။ လက်ချောင်းတိုင်း၏ မည်သည့်အဆစ်တွင်မဆို ဖြစ်နိုင်သော်လည်း လက်သန်း၊ လက်သူကြွယ်၊ လက်ခလယ်၊ လက်ညှိုးတို့၏ အလယ်ဆစ်များတွင် အဖြစ်များသည်။

Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အလွန်အဖြစ်များသည်။ အမျိုးသမီးများတွင် အမျိုးသားများထက်ပို အဖြစ်များသည်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်သည်။ ရောဂါဖြစ်ပွားမှု မြင့်မားစေသော အကြောင်းများကို ရှောင်ကြဉ်ခြင်းဖြင့် ကာကွယ်နိုင်သည်။ ထပ်မံသိရှိလိုသည်များကို ဆရာဝန်နှင့် တိုင်ပင်ပါ။

လက္ခဏာများ

Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသော လက္ခဏာများမှာ

လက်ချောင်းအဆစ်လွဲခြင်းသည် အများအားဖြင့် သိသာထင်ရှားသည်။ လက်ချောင်းသည် ကောက်နေ ရောင်နေပြီး အလွန်နာကျင်တတ်သည်။ အပေါ်ဘက်သို့ကွေးနေခြင်း သို့မဟုတ် ပုံမှန်မဟုတ်သော ထောင့်ချိုးများဖြစ်နေတတ်သည်။ လက်ချောင်းအဆစ်လွဲပါက ကွေး၍ ဆန့်၍မရနိုင်ပါ။ ဒဏ်ရာပြင်းထန်ပါက ထုံကျင်ခြင်း၊ ထိမိသောလက်ချောင်း ဖြူဖျော့သွားခြင်းတို့လည်း ဖြစ်နိုင်သည်။ လက်ချောင်းအဆစ်လွဲခြင်းကြောင့် အပေါ်ယံ အရေပြားကွဲသည်အထိ ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက ချက်ခြင်းဆေးကုသမှု ခံယူသင့်သည်။

အထက်တွင်ဖေါ်ပြခဲ့သည်နှင့် မတူသော ရောဂါလက္ခဏာများလည်းရှိနိုင်သည်။ ရောဂါလက္ခဏာများနှင့်ပတ်သတ်၍ သံသယရှိပါက ဆရာဝန်နှင့် တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

လက်ချောင်းအဆစ်လွဲခြင်းဖြစ်ပါက ချက်ခြင်းဆရာဝန်ပြသင့်သည်။ အချိန်ကြာသွားလျှင် ကုသမှုကိုပိုမိုခက်ခဲစေပြီး ရောဂါပျောက်ရန် အချိန်ကြာမြင့်ကာ မသန်စွမ်းဖြစ်စေနိုင်သော နောက်ဆက်တွဲဆိုးကျိုးများ ရှိလာနိုင်သည်။

ထုံကြဉ်ခြင်း၊ အရေပြားကွဲနေခြင်း၊ လက်ချောင်း အေးစက်ခြင်း၊ ဖြူဖျော့ခြင်း၊ ပြာသွားခြင်းတို့ရှိလျှင် ချက်ခြင်းဆေးကုသမှု ခံယူပါ။

အထက်ပါ ရောဂါလက္ခဏာများရှိပါက၊ သိလိုသည်များရှိပါက ဆရာဝန်နှင့်တိုင်ပင်ပါ။ လူတိုင်း၏ ခန္ဓါကိုယ်တုန်.ပြန်မှုများသည် မတူညီနိုင်သောကြောင့် သင့် ရောဂါလက္ခဏာအတွက် ဆရာဝန်နှင့်တိုင်ပင်ခြင်းသာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း) ကိုဘာတွေကဖြစ်စေသလဲ

လက်ချောင်းအဆစ်လွဲခြင်းသည် လက်ချောင်းထိပ်ကို ဖိသွင်းသောအားသက်ရောက်မှု သို့မဟုတ် လက်ချောင်းကို အားပြင်းပြင်းဖြင့် အလွန်ဆန့်ထုတ်ခြင်းတို့ကြောင့် ဖြစ်သည်။ ထိုအခြေအနေ တစ်ခုစီ/နှစ်ခုစလုံးကြောင့် လက်ချောင်းအဆစ်လွဲစေသည်။

ဖြစ်နိုင်ခြေများ

Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဘတ်စကတ်ဘော၊ ဘေ့စ်ဘောတို့ကဲ့သို့အားကစားမျိုးတွင် ဆန့်ထားသော လက်ချောင်းထိပ်ကို ထိခိုက်မိခြင်း၊အားကစားဂျာစီ/အခုအခံတို့၏ ကြားတွင် လက်ချောင်းညပ်မိခြင်း၊ လက်ထောက်လျက် ချော်လဲကျခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ထိခိုက်မိသည့် လက်ချောင်းကို ဆရာဝန်က ဦးစွာစစ်ဆေးမည်။ အဆစ်လွဲခြင်းကို အတည်ပြုရန်နှင့် အရိုးကျိုးမကျိုး ကြည့်ရန် လက်ချောင်းကို ဓါတ်မှန်ရိုက်မည်။

Dislocated finger (လက်ချောင်းအဆစ်လွဲခြင်း) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်က သင့်လက်ချောင်း၏ လွဲနေသောအရိုးများကို ရိုးရှင်းသောနည်းလမ်းဖြင့် ပြန်လည်စီစဉ်ပေးမည်။ လက်ချောင်းထဲသို့ ထုံဆေးထိုး၍ အနာသက်သာစေပြီး လွဲနေသည့်အရိုးများကို ပြန်တည့်ခြင်းဖြစ်သည်။ အရိုးပြန်တည့်နေစဉ် အနာသက်သာစေမည့် သောက်ဆေး၊ ထိုးဆေး၊ အကြောဆေးများကိုလည်း သုံးနိုင်သည်။

ဒဏ်ရာရသောလက်ချောင်းကို ပတ်တီးစည်းခြင်း၊ ဘေးကပ်လျက်ရှိ ကောင်းသောလက်ချောင်းနှင့် တွဲစည်းခြင်းတို့ပြုလုပ်နိုင်သည်။

ဆရာဝန်က လက်ချောင်းပြန်တည့်ကြောင်းအတည်ပြုရန်နှင့် ပထမဓါတ်မှန်ရိုက်စဉ်က မပေါ်ခဲ့သော အရိုးကျိုးခြင်းရှိမရှိ စစ်ဆေးရန် ဒုတိယအကြိမ် ဓါတ်မှန်ရိုက်သည်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

လက်ချောင်းအဆစ်လွဲခြင်းကို အိမ်တွင်မကုသသင့်ပါ။ ဆရာဝန်ထံနှင့် အရေးပေါ်ဌာနသို့ သွားရန်လိုအပ်သည်။

အဆစ်လွဲသောလက်ချောင်းသည် ရောင်လာလိမ့်မည်။ နောက်ထပ်ထိခိုက်မိခြင်းမှ ကာကွယ်ရန် လက်စွပ်ကဲ့သို့ လက်ဝတ်ရတနာများကို ချွတ်ထားပါ။

ထိခိုက်မိသော လက်ချောင်းကို ရေခဲကပ်၍ နှလုံးနေရာထက် အမြင့်ကိုမြှောက်ထားပါ။

ကာကွယ်ခြင်း

လက်ချောင်းအဆစ်လွဲခြင်းသည် အများအားဖြင့် ကာကွယ်၍မရသော မတော်တဆမှု များကြောင့် ဖြစ်သည်။ သို့သော် သင့်လက်ချောင်းများကို အားကစားဂျာစီ၊ ဘတ်စကတ်ဘောပိုက်ကွန်၊ အားကစားခမောက်တို့ကြားတွင် မညပ်မိအောင် သတိထားခြင်းဖြင့် ကာကွယ်နိုင်သည်။ ဖြစ်နိုင်လျှင် အကာအကွယ်လက်အိတ်များ ဝတ်ဆင်ပါ။ အားကစားပွဲ မဆင်နွှဲမီ၊ စက်များနှင့် အလုပ်မလုပ်မီ လက်စွပ်ကဲ့သို့ လက်ဝတ်ရတနာများကို ချွတ်ထားပါ။

သိလိုသည်များရှိပါက သင့်အတွက် အကောင်းဆုံးအဖြေကို ရရှိနိုင်ရန် ဆရာဝန်နှင့်တိုင်ပင်ပါ။

ရေးသားသူ- Dr May Myat Hnin Aung

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dislocated finger. https://www.webmd.com/fitness-exercise/finger-dislocation#1. Accessed October 26, 2017

How to treat a dislocated finger https://www.medicalnewstoday.com/articles/324683 Accessed October 26, 2017

Finger Dislocation https://www.emedicinehealth.com/finger_dislocation/article_em.htm Accessed October 26, 2017

Advice after a dislocation of the finger https://www.ruh.nhs.uk/patients/patient_information/ORT054_Advice_after_a_dislocation_of_the_finger.pdf Accessed October 26, 2017

Finger Dislocation https://www.health.harvard.edu/a_to_z/finger-dislocation-a-to-z Accessed October 26, 2017

ယခုပုံစံ

07/06/2022

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement