backup og meta

Bone Spurs (အရိုးများငေါထွက်ခြင်း)

Bone Spurs (အရိုးများငေါထွက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Bone Spurs (အရိုးများငေါထွက်ခြင်း) ကဘာလဲ။

အရိုးများငေါခြင်းဆိုသည်မှာ အချို့သောချွန်ထက်သည့်အရိုးများသည် အရိုးမှ ငေါထွက်နေခြင်းကိုခေါ်သည်။ အရိုးငေါခြင်းအများစုမှာ ရောဂါလက္ခဏာမပြတတ်ပဲ အက်ဆီးဒင့်တခုခု ဖြစ်မှသိသည်အထိ သတိမထားမိပဲရှိနေတတ်သည်။ အချို့သောငေါနေသည့်အရိုးများသည် မနာကျင်စေတတ်သော်လည်း အချို့မှာ နာကျင်စေသည်။ အချို့သောငေါသည့် အရိုးများသည်ကုသမှုမလိုအပ်ပါ။ ကုသမှုများသည်အများအားဖြင့် ငေါထွက်သည့်အရိုးများတည်ရှိရာနေရာနှင့်ဖြစ်ပေါ်နေသည့် ရလဒ်များအပေါ်မူတည်သည်။

Bone Spurs (အရိုးများငေါထွက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Bone Spurs (အရိုးများငေါထွက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အချို့သောငေါနေသည့်အရိုးများသည် မနာကျင်စေသောကြောင့် သတိမထားမိပဲရှိနေတတ်သည်။ တနည်းအားဖြင့်ဆိုပါက အရိုးငေါထွက်ပါက နာကျင်မှုကို ပထမဦးစွာခံစားရသည်။ ထို့နောက် ထုံကျင်လာပြီး အရိုးငေါနေသည့် နေရာများတွင် အထိမခံနိုင်လောက်အောင် နာကျင်မှုများဖြစ်လာနိုင်ပါသည်။ အကယ်၍ ခြေဖနောင့် အရိုးငေါပါက သင်သည် ခြေထောက်နာပြီး လမ်းလျှောက်ရာတွင် အခက်အခဲဖြစ်နိုင်ပါသည်။ ကျောရိုးငေါပါက ထုံကျဉ်ခြင်း၊ကိုက်ခဲနာကျင်ခြင်း၊ကြွက်သားများအားနည်းခြင်းနှင့် မိမိ၏ကိုယ်အနေအထားတို့ကို ထိခိုက်စေနိုင်ပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Bone Spurs (အရိုးများငေါထွက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အရိုးငေါစေသည့် အဓိကအကြောင်းအရင်းမှာ အရိုးများရောင်ရမ်းခြင်း(သို့)အရွတ်များရောင်ရမ်းခြင်းတို့ကြောင့် ဖြစ်သည်။ ထိုအခြေအနေများတွင်သင်၏ကိုယ်မှ ရောင်ရမ်းခြင်းကို ကုသရန် ထိုကဲ့သို့ရောင်ရမ်းနေသည့်နေရာများကို ကယ်လစီယမ်များပို့ဆောင်ခြင်းဖြင့် အရိုးများငေါထွက်စေသည်။ မတူညီသောရောင်ရမ်းနေသည့် အရိုးနေရာများသည် မတူညီသော ငေါနေသည့် အရိုးများကို ဖြစ်ပေါ်စေသည်။ဥပမာ-

ကျောရိုးငေါခြင်းသည် ကျောရိုး၏အရွတ်ပြားများရောင်ရမ်းခြင်းကြောင့်ဖြစ်ပြီးခြေဖနောင့်အနောက်တွင်အရိုးငေါခြင်းသည်အာခီးလီးအရွတ်ပြားရောင်ရမ်းခြင်းကြောင့်ဖြစ်သည်။

ဖြစ်နိုင်ခြေများ

Bone Spurs (အရိုးများငေါထွက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဘယ်အရာတွေက အရိုးများငေါထွက်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အရိုး၏ပြဿနာပိုင်းဆိုင်ရာကို ပြောဆိုကြသောအခါ အသက်အရွယ်ကြီးသူများတွင် ဖြစ်နိုင်ချေများသည်မှာ ယေဘုယျသဘောဖြစ်နေသည်။ အသက်60ကျော်များတွင် အရိုးငေါခြင်းမကြာခဏဖြစ်ပွားလေ့ရှိသည်။ သို့သော်လည်း အသက်ငယ်သူများတွင် မဖြစ်ပွားနိုင်ဟုမဆိုလိုပါ။ အမှန်ဆိုရလျှင်ဒဏ်ရာရခြင်း၊အရိုးပြားနှင့် အဆစ်များထိခိုက်ပျက်စီးခြင်း(သို့)အနေအထားမမှန်ခြင်း တို့သည်လျှင်ပင် အရိုးငေါခြင်းကို ကိုယ်တစ်နေရာရာတွင် ဖြစ်ပွားစေတတ်သည်။

ပို၍ပြောရလျှင်မျိုးရိုးလိုက်ခြင်းနှင့် အာဟာရတို့သည်လည်း ယခုရောဂါတွင် အရေးပါသည်။ အရိုးအဆစ်ရောင်ခြင်း(သို့)ကျောရိုးမကျဉ်းခြင်းတို့ဖြစ်နေသူများတွင်လည်း အရိုးငေါထွက်ခြင်းပိုမိုဖြစ်ပွာတတ်ကြောင်းသိရသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Bone Spurs (အရိုးများငေါထွက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်မှ ထိတွေ့ကိုင်တွယ်စမ်းသပ်ကာ မည်သည့်နေရာမှနာကျင်မှုဖြစ်ပေါ်သည်ကိုသိရှိနိုင်သည်။ ကုသမှုအားစီစဉ်နိုင်ရန် ထပ်မံပြုလုပ်နိုင်သောစစ်ဆေးမှုများမှာ အယ်ထရာဆောင်းရိုက်ခြင်း၊ဓါတ်မှန်ရိုက်ခြင်း၊အမ်အာအိုင်ရိုက်ခြင်းနှင့် စီတီရိုက်ခြင်းတို့ဖြစ်သည်။

Bone Spurs (အရိုးများငေါထွက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကနဦးကုသမှုများမှာ ရောင်ရမ်းခြင်းကို သောက်ဆေး(သို့) ဖြစ်ပွားသောအရိုးနားတွင် ဆေးထိုးခြင်းဖြင့် သက်သာစေခြင်းဖြစ်သည်။ သို့သော် ကုသမှုသည် ငေါသည့်အရိုး၏နေရာတွင်မူတည်သည်။ ပြင်းထန်သောအခြေအနေများ ဥပမာ အာရုံကြောကိုပါထိခိုက်သွားသော အရိုးငေါရောဂါများတွင်ကား ခွဲစိတ်မှုလိုအပ်သည်။

ကြွက်သားနှင့်အရိုးအား ကောင်းမွန်စေရန် လေ့ကျင့်ခန်းများလုပ်ခြင်းနှင့် အရိုးအတွက်လိုအပ်သည့် အာဟာရများထောက်ပံ့ရန်ကျန်းမာရေးညီညွတ်စွာစားသောက်ခြင်းတို့သည်လည်း အချို့သောလူသုံးများသည့် နည်းလမ်းများဖြစ်သည်။ သင်၏နေ့စဉ်တာဝန်များကို မနှောင့် ယှက်သည်အထိ အရိုးငေါခြင်းသည် ကုသရန် မလိုအပ်သေးဟုဆိုနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အရိုးများငေါထွက်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် အရိုးများငေါထွက်ခြင်း ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

  • တက်တက်ကြွကြွနေပါ။
  • အာဟာရပြည့်ဝသောအစားအစာများစားခြင်းဖြင့် ရောင်ရမ်းခြင်းကို သက်သာစေ၍ အရိုးနုအားထောက်ပံ့မှုဖြစ်စေပါ။
  • ကိုယ်အလေးချိန်ထိန်းပါ။
  • အိပ်ရေး၀၀အိပ်ပါ။ အနားယူပါ။
  • အနာကိုသက်သာအောင်လုပ်ပါ။

အောက်ပါအိမ်တွင်းဆေးမှီးတိုများကိုအသုံးပြုနိုင်ပါသည်။

  • ဂျင်း
  • ပန်းသီးဆီဒါ ဗနီကာ
  • တားမရစ်
  • ချမိမိုင်းလ်
  • ဖလက်စ် စသည်ဖြင့်ဖြစ်သည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Bone Spurs (Osteophytes).
http://www.medicinenet.com/bone_spurs/page3.htm#what_is_the_treatment_for_bone_spurs . Accessed October 23, 2016.

Bone-spurs. http://www.mayoclinic.org/diseases-conditions/bone-spurs/basics/definition/con-20024478. Accessed October 23, 2016.

Anterior Cervical Osteophytes Causing Dysphagia and Paradoxical Vocal Cord Motion Leading to Dyspnea and Dysphonia.
http://www.ncbi.nlm.nih.gov/pmc/articles/PMC3825950/. Accessed October 23, 2016.

Bone Spurs (Osteophytes). https://www.cedars-sinai.edu/Patients/Health-Conditions/Bone-Spurs-Osteophytes.aspx . Accessed October 23, 2016.

ယခုပုံစံ

26/03/2018

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 26/03/2018 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement