backup og meta

ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ကဘာလဲ။

အရှေ့ဘက်ကြက်ခြေခတ်အရွတ်ဟာ ဒူးခေါင်းအလယ်မှာ တည်ရှိတဲ့အရွတ် ဖြစ်ပါတယ်။ အဲဒီအရွတ်ဟာ ညို့သကျည်းအရိုးကို ပေါင်ရိုးရှေ့ကို ချော်ထွက်မသွားအောင် ထိန်းသိမ်းပေးပါတယ်။ အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်းဟာ အလွန်အကျွံဆန့်ထုတ်ခြင်း အရွတ်စုတ်ပြဲခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။ ဆိုးရွားမှုနဲ့ လှုပ်ရှားနိုင်မှုပေါ် မူတည်ပြီး စုတ်ပြဲခြင်းဟာ တစိတ်တပိုင်း ဒါမှမဟုတ် တခုလုံးဖြစ်နိုင်ပါတယ်။ ဒဏ်ရာဟာ သာမန်အသေးအဖွဲ စုတ်ပြဲခြင်းကနေ တခုလုံး စုတ်ပြဲသွားခြင်း အရိုးကျိုးပဲ့ထွက်သွားခြင်းတို့ကြောင့် ဆိုးဆိုးရွားရွား ဖြစ်တတ်ပါတယ်။

ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဘောလုံး၊ ဘက်စကတ်ဘော စတဲ့ အင်အား မြင့်မားစွာသုံးရတဲ့ အားကစားတွေမှာ ဖြစ်တတ်ပါတယ်။

ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။

  • ဒဏ်ရာရချိန်တွင် ဖျိုးဖျိုးဖျစ်ဖျစ် အသံကြားရခြင်း
  • ဆိုးဆိုးရွားရွား နာကျင်ခြင်းနှင့် လှုပ်ရှားမှုများ မဆောင်ရွက်နိုင်ခြင်း
  • နာရီအနည်းငယ်အတွင်း ရောင်ရမ်းလာခြင်း
  • လှုပ်ရှားနိုင်သည့် ပမာဏ လျော့နည်းသွားခြင်း
  • အလေးချိန်ကို မခံနိုင်သလို ခံစားရခြင်း
  • ဒဏ်ရာရပြီး နာရီအနည်းငယ်အတွင်း ဒူးခေါင်း ရောင်ကိုင်းလာခြင်း (ဒူးဆစ်အတွင်းမှာ သွေးယိုခြင်းရဲ့ လက္ခဏာ ဖြစ်ပါတယ်)

အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

အကြောင်းရင်းများ

ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ဒူးရဲ့ဘေးခြမ်းကို ပြင်းထန်စွာ ထိခိုက်မိတဲ့အခါ (ဥပမာ ဘောလုံးယှဉ်လုတဲ့ အခါမျိုး) ဒဏ်ဖြစ်နိုင်ပါတယ်။ ပြေးလွှားလှုပ်ရှားရာကနေ ရုတ်တရက် ရပ်တန့်လိုက်တဲ့အခါ၊ ဦးတည်ရာပြောင်းလိုက်တဲ့အခါ၊ အမြင့်ကနေ ခုန်ချတဲ့အခါ ဖြစ်ပွားတတ်ပါတယ်။ ပြုတ်ကျခြင်း၊ လှေကားထစ်ချော်ကျခြင်း စတာတွေကြောင့် ဒူးဆစ်ကို အလွန်အကျွံ ဆန့်တန်းမိတဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။

တခြား ထိခိုက်ဒဏ်ရာများနဲ့လည်း ဖြစ်တတ်ပါတယ်။ ဥပမာ တခြားဒူးခေါင်းအရွတ်များနဲ့လည်း အတူ စုတ်ပြဲတတ်ပါတယ်။ ဘောလုံးကန်ခြင်း၊ စကိတ်စီးခြင်းနဲ့ တခြား ရပ်လိုက်ပြေးလိုက် အလွန်လုပ်ရတဲ့ ခုန်ရတဲ့ လှုပ်ရှားမှုပုံစံ ပြောင်းရတတ်တဲ့ အခြေအနေတွေမှာ ဒီအမျိုးအစားကို တွေ့ရပါတယ်။

ဖြစ်နိုင်ခြေများ

ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဖြစ်နိုင်ခြေ (၂) မျိုး ရှိပါတယ်။

ပြောင်းလဲနိုင်သောအခြေအနေ

  • BMI မြင့်ခြင်း
  • ခုန်သည့်နည်းစနစ်များ

မပြောင်းလဲနိုင်သောအခြေအနေ

  • အမျိုးသမီးဖြစ်ခြင်း
  • အရိုးထစ်၏ အကျယ်
  • အရွတ်၏ လျော့ရဲမှု

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဒဏ်ရာကို ရောဂါအတည်ပြုနိုင်ဖို့ ဆရာဝန်ဟာ သင်ရဲ့ဒူး ရောင်ရမ်းနာကျင်နေမှုကို စစ်ဆေးပါလိမ့်မယ်။ ဒူးကို ပုံစံမျိုးစုံ လှုပ်ရှားကြည့်ပြီး အဆစ်ရဲ့ လှုပ်ရှားလုပ်ဆောင်နိုင်မှု အတိုင်းအတာကို စစ်ဆေးပါလိမ့်မယ်။

ဒါ့အပြင် အောက်ပါ စမ်းသပ်ချက်အချို့ကို ပြုလုပ်ပါလိမ့်မယ်။

  • ဓါတ်မှန်ရိုက်ခြင်း
  • MRI ရိုက်ခြင်း
  • အာထရာဆောင်းရိုက်ခြင်း

ACL injury (အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ဒဏ်ရာရတဲ့အခါ ဆရာဝန်နဲ့ ပြသပြီး အောက်ပါအချက်တွေကို ဦးစွာလိုက်နာရပါမယ်။

  • ခြေထောက်ကို နှလုံးနဲ့ ကျန်ခန္ဓါကိုယ် အစိတ်အပိုင်းများထက် မြင့်နေအောင်ထားပါ။
  • ဒူးခေါင်းကို အနည်းဆုံး မိနစ် ၂၀ခန့် ရေခဲကပ်ပေးပါ။ ၂နာရီအတွင်း ထပ်ကပ်ပါ။
  • အကိုက်အခဲပျောက်ဆေးများ အထူးသဖြင့် စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ သောက်ပါ။

အောက်ပါအချက်များကိုလည်း သတိပြုပါ။

  • ပြင်းထန်တဲ့ ဒဏ်ရာရထားချိန်မှာ ဒူးခေါင်းကို မလှုပ်ရှားပါနဲ့
  • ဆရာဝန်ပြသခါနီးအထိ ဒူးခေါင်းကို တည့်မတ်စွာ ထားနိုင်အောင် ကျပ်စည်းထားပါ။
  • မကုခင်အထိ အားကစားနဲ့ တခြား လှုပ်ရှားမှုများ မလုပ်ရပါ။

ကုသရာမှာ လူနာရဲ့ အခြေအနေပေါ် မူတည်ပြီး ခွဲစိတ်ခြင်းနည်း၊ မခွဲစိတ်ဘဲ ကုသနည်း စသဖြင့် ရှိပါတယ်။

မခွဲတဲ့နည်းလမ်းတွေမှာတော့ ဒူးစွပ်သုံးခြင်း၊ ကာယကုသမှု ခံယူခြင်း စတာတွေ ဖြစ်ပါတယ်။ ဒီကုသမှုတွေဟာ အသက်ကြီးသူတွေ၊ လှုပ်ရှားမှု နည်းပါးသူတွေအတွက် ထိရောက်မှုရှိပါတယ်။ အောက်ပါ အခြေအနေတွေမှာဆိုရင်တော့ ခွဲစိတ်မှုခံယူရပါလိမ့်မယ်။

  • အားကစားသမားဖြစ်ပြီး ဆက်လက်ကစား လိုသောအခါ
  • ဒူးခေါင်းအရွတ် တခုထက်ပိုပြီး ထိခိုက်ဒဏရာ ရသောအခါ
  • ငယ်ရွယ်ပြီး တက်ကြွသူဖြစ်သောအခါ
  • ဒဏ်ရာကြောင့် နေ့စဉ်လှုပ်ရှားမှုတွေမှာ ဒူးကွေးနေတဲ့အခါ

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက အရှေ့ဘက်ကြက်ခြေခတ်အရွတ် ဒဏ်ဖြစ် ခြင်းအတွက် အထောက်အကူ ပြုသလဲ

ဒီပြသနာကို ကာကွယ်ဖို့ အားကစားလုပ်စဉ် လေ့ကျင့်ခန်း လုပ်စဉ်မှာ သင့်တော်ကောင်းမွန်တဲ့ နည်းစနစ်တွေ ကျင့်သုံးရပါမယ်။ နေ့စဉ်လုပ်ရှားမှုတွေမှာလည်း အထူးသတိပြုပြီး ပြင်းထန်ပင်ပန်းစွာ လုပ်ကိုင်ရချိန်မှာ အကာအကွယ် ပစ္စည်းတွေ သုံးသင့်ပါတယ်။

သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Knee Ligament Injuries: PCL, LCL, MCL, and ACL Injury. http://www.webmd.com/fitness-exercise/guide/knee-ligament-injuries#1. Accessed September 4, 2016.
Anterior Cruciate Ligament (ACL) Injuries. http://www.webmd.com/a-to-z-guides/anterior-cruciate-ligament-acl-injuries-topic-overview. Accessed September 4, 2016.
ACL injury. http://www.mayoclinic.org/diseases-conditions/acl-injury/symptoms-causes/dxc-20167379. Accessed September 4, 2016.
Anterior cruciate ligament (ACL) injury. https://medlineplus.gov/ency/article/001074.htm. Accessed September 4, 2016.

ယခုပုံစံ

28/01/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ



Dr. Thant Zin မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement