brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကျောရိုးဆစ်ကျွံခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ သိထားရမလဲ

Spinal disk ပျက်စီးဖူးတဲ့ သူတွေသာ အဲ့ဒါကြောင့်ဖြစ်တဲ့ နာကျင်မှုနဲ့ အကူအညီမဲ့မှုကို နားလည်ပေးနိုင်မှာပါ။ နာကျင်မှုက တကယ်စိတ်ပျက်စရာပါ။ လှုပ်ရှားမှုအားလုံးက ပိုဆိုးစေမှာပါ။ သင့်ကျောရိုးရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို disc ကျွံနိုင်ပါတယ်။ ဒါပေမယ့် disc ကျွံခြင်း အများစုက ခါးအောက်ပိုင်း (lumbar spine) မှာ ဖြစ်ပွားကြပါတယ်။

ကျောရိုးဆစ်ကျွံခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ သိထားရမလဲ

Spinal disk ဆိုတာ ဘာလဲ။

Spinal disk ဆိုတာ သင့်ကျောရဲ့ အရိုးကို ဖြစ်စေတဲ့ အရိုး (vertebrae) ဖြစ်ပြီး သေးငယ်သော ရေမြှုပ်ကဲ့သို့ (disc) အပြားလေးဖြင့် ကြားခံထားပါတယ်။ အဲ့ disc လေးတွေ ကျန်းမာရင် ကျောရိုးအတွက် တုန်ခါမှု စုပ်ယူသော ပစ္စည်း (shock absorbers) လို အလုပ်လုပ်ပြီး ကျောရိုးကို ကွေးလို့ရစေပါတယ်။

ဆရာဝန်တွေက intervertebral disks လို့ ခေါ်ပါတယ်။ သူတို့က အချင်း တစ်လက်မလောက်နဲ့ ၁/၄ လက်မအထူလောက်ရှိတဲ့ အဝိုင်းပြားလေး ဖြစ်ပါတယ်။ သူတို့က အပြင်ပိုင်းအမြှေးပါး အမာ (annulus fibrosus) နဲ့ elastic core (nucleus pulposus) ၊ အမျှင်တွေ ပါရှိပါတယ်။

ဖြစ်စေသောအရာများ

ကျောရိုးမကြီး ထိခိုက်မှု

– ရုတ်တရက် အလေးအပင်မခြင်း သို့မဟုတ် ကျောအောက်ပိုင်းကို ဖိအားအများအပြားပေးခြင်း။ ရုတ်တရက် လှည့်လိုက်ခြင်း၊ သို့မဟုတ် နှာချေတာကအစ တချို့အရာတွေကို ထွက်ဖို့ တွန်းအားပေးပါတယ်။

– ပုံမကျသော အလေးအပင်မသည့် အလေ့အထ၊ တုန်ခါမှု ကြာရှည်စွာ ခံစားရခြင်း၊ အားကစားကြောင့်ရရှိသည့် ဒဏ်ရာများ စတဲ့ ထပ်ကာထပ်ကာ လုပ်ရတဲ့ တချို့လှုပ်ရှားမှုတွေက ကျောအောက်ပိုင်းကို ဒဏ်ပိစေပါတယ်။ ဒါတွေက disc ရဲ့ မာကျောတဲ့ အပေါ်ပိုင်းအလွှာမှ စုတ်ပြဲမှုတွေ သို့မဟုတ် အက်ကွဲမှုတွေ ဖြစ်စေပါတယ်။

ပျက်စီးမှု နဲ့ စုတ်ပြဲမှု (disc degeneration) က disc ကျွံစေတဲ့ အကြောင်းတရားတစ်ခု ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျောက disc တွေမှာ သူတို့ကို လှုပ်ရှားရလွယ်အောင် ကူညီပေးတဲ့ အရည်တချို့ ဆုံးရှုံးလာပါတယ်။ disc ရဲ့ အပြင်ပိုင်း အလွှာမှာ သေးငယ်တဲ့ စုတ်ပြဲမှု သို့မဟုတ် အက်ကွဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ disc အတွင်းမှာရှိတဲ့ စေးပျစ်တဲ့ gel တွေက အဲ့ဒီ အက်ကွဲရာတွေကို ဖြတ်ပြီး အပြင်ထွက်သွားတတ်ပါတယ်။ ဒါက disc ကို ကားထွက်စေခြင်း သို့မဟုတ် ကွဲထွက်ခြင်းတို့ ဖြစ်စေပါတယ်။

ရောဂါလက္ခဏာများ (symptoms)

တကယ်လို့ ကျွံနေတဲ့ disc က အာရုံကြောတစ်ခုကို မဖိထားရင် သင့်ခါးအောက်ပိုင်းမှာ ယားယံခြင်းဖြစ်မယ် သို့မဟုတ် ဘာရောဂါလက္ခဏာမှ မပြတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် disc က အာရုံကြောတစ်ခုကို ဖိမိခဲ့ရင်တော့ အောက်ပါ ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။

– တင်ပါးရိုးအာရုံကြောကို ဖိမိသောအခါ တင်ပါးကနေ ခြေထောက်၊ ခြေဆစ် သို့မဟုတ် ခြေဖျားတလျှောက် နာကျင်ခြင်း။ ကျောအောက်ပိုင်း နာကျင်မှုနဲ့အတူ ခြေထောက်နာကျင်မှုပါ ဖြစ်စေပါတယ်။

– တဆစ်ဆစ်ဖြစ်ခြင်း (pins-and-needles sensation) သို့မဟုတ် ခြေတစ်ဖက် ထုံကျင်ခြင်း၊ တင်ပါး သို့မဟုတ် ဒူးအနောက်က စပြီး ပေါင်၊ ခြေဖဝါး၊ ခြေဆစ်အထိ ဖြစ်တတ်ပါတယ်။

– ပေါင်အရှေ့ပိုင်း နာကျင်ခြင်း

– ခြေတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံးရဲ့ တချို့ ကြွက်သားတွေ အားနည်းခြင်း

– ပြင်းထန်နက်ရှိုင်းတဲ့ ကြွက်သားနာကျင်မှုနဲ့ ကြွက်သားအကြောဆွဲခြင်း

ဘေးဖြစ်တဲ့ အချက်များ

– အဝလွန်ခြင်း

– မျိုးရိုး

– အသက်အရွယ်၊ ဖြစ်နိုင်ချေအများဆုံးကတော့ ၃၅ နဲ့ ၅၀ ကြားဖြစ်ပါတယ်။ အသက် ၈၀ကျော်သွားရင် ဒီအခြေအနေက ရောဂါလက္ခဏာတွေကို ရှားရှားပါးပါးပဲ ဖြစ်စေပါတယ်။

– ဖိုမဖြစ်တည်မှု။ အကြမ်းအားဖြင့် အမျိုးသားတွေက အမျိုးသမီးတွေထက် lumbar herniated discs ဖြစ်နိုင်ချေ ၂ဆ ပိုပါတယ်။

– ဆေးလိပ်သောက်ခြင်း၊ နီကိုတင်းက spinal disc တွေဆီ သွေးစီးဆင်းမှုကို ကန့်သတ်ပါတယ်။ ဒါက disc generation ကို ပိုဖြစ်စေပြီး ကုစားမှုကို နှောင့်နှေးစေပါတယ်။

ဒီနာကျင်မှုကို သင့်ကိုယ်သင် ဂရုစိုက်သင့်ပြီဆိုတဲ့ သတိပေးတဲ့ သင်္ကေတပါ။ တကယ်လို့ သင်က သင့်တော်တဲ့ လုပ်ရပ်ကို လုပ်မယ်ဆို သက်တောင့်သက်တာမဖြစ်တာကို ရပ်စေပါတယ်၊ ပြဿနာတွေ ဖြေရှင်းသွားစေနိုင်ပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/01/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။