backup og meta

ခြေစွပ်တွေကို တစ်ချိန်လုံးဝတ်ထားရမှာလား

Orthotics တွေကို insoles, footbeds (ရှူးဖိနပ်ထဲထည့်ရတဲ့ ခြေနင်းပြား) လို့လည်း ခေါ်ကြပြီး ရှူးဖိနပ်ထဲထည့်လို့ ခြေထောက်ရဲ့အရိုးတွေ ပြန်ညီသွားအောင်နဲ့ နာကျင်မှုတွေသက်သာဖို့အတွက် ဒီဇိုင်းထုတ်ထားတဲ့ ပစ္စည်းတစ်ခုပါ။ လူနာအများစုက ခြေထောက်ပြဿနာတွေအတွက် အမေးများကြတဲ့မေးခွန်းကတော့ သူတို့တွေဟာ orthotics တွေကို တစ်သက်လုံးဝတ်ထားရမှာလားဆိုတာပါပဲ။ ဒီဆောင်းပါးမှာတော့ အဆိုပါမေးခွန်းကို ဖြေရှင်းပေးနိုင်မယ့် အဖြေပါဝင်ပါတယ်။

ခြေစွပ်တွေကို တစ်ချိန်လုံးဝတ်ထားရမှာလား

Orthotics ခြေစွပ် ဆိုတာဘာလဲ။

Orthotics တွေ မလိုအပ်ဘူး။ သူတို့မှာ သိသာထင်ရှားတဲ့ အကျိုးသက်ကရောက်မှုလည်းမရှိဘူး ဆိုတဲ့ အမြင်တွေကြားကပဲ ခြေဖဝါးချိုင့်ခွက်မရှိတဲ့သူတွေဟာ Orthotics ကို သုံးရင် ပိုပြီးသက်တောင့်သက်သာရှိနေကြဆဲပါ။ ခြေထောက်ပြဿနာအမျိုးမျိုးအတွက် Orthotics တွေလည်း အမျိုးအစားအများကြီးရှိပါတယ်။ Orthotics တွေဟာ ခြေထောက်နဲ့ မြေကြီးကြားမှာ ကူရှင်တစ်ခုအဖြစ်ဆောင်ရွက်ပေးပြီး ခြေထောက်ကိုဖြတ်သွားတဲ့ ဖိအားတွေအတွက် လမ်းကြောင်းတွေ ပြောင်းလဲပေးပါတယ်။

Orthotics တွေမှာ Placebo သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ တီထွင်မှုတွေအလုပ်ဖြစ်ပြီလို့ထင်ရတဲ့အခါဟာ လူနာတွေကို ပိုပြီးသက်သာအောင်လုပ်ပေးနိုင်တဲ့အချိန်တွေမဟုတ်ပါလား။ အချို့လူတွေကတော့ custom orthotics တွေကို ချက်ချင်းအသားကျသွားကြပြီး သူတို့ရဲ့ အကျိုးသက်ရောက်မှုကို ချက်ချင်းခံစားကြရပေမယ့် အချို့လူတွေကတော့ အသားကျအောင် အချိန်ယူရပါတယ်။

Orthotics ကို အမြဲတမ်းဝတ်ထားရမှာလား

အမြဲတမ်း ဒါကြီးကို ဝတ်နေရမှာလား.. ဒီဟာဝတ်ပြီး အချိန်တစ်ခုကြာလာတဲ့အချိန်မှာ ဒါမပါဘဲလည်း ခြေထောက်တွေက ကောင်းကောင်းအလုပ်လုပ်နိုင်မှာလား.. ဒါတွေကတော့ ခြေထောက်ပြဿနာရှိတဲ့လူတွေ အမေးများတဲ့ မေးခွန်းတွေပါပဲ။ ဒီမေးခွန်းတွေဖြေဖို့ဆိုရင်တော့ ကျွန်တော်တို့ဟာ Orthotics တွေကို မျက်မှန်တွေနဲ့ယှဉ်ကြည့်ရတော့မယ်နဲ့ တူပါတယ်။

မျက်မှန်တွေက မျက်လုံးတွေကို ပြန်ကုသပေးတာမဟုတ်ပါဘူး။ မြင်ကွင်းကိုပဲကောင်းမွန်စေတာပါ။ လူတွေက မျက်မှန်ချွတ်လိုက်တဲ့အခါမှာ မျက်လုံးဟာ ချို့ယွင်းဆဲပါပဲ။ အချို့လူတွေကတော့ မျက်မှန်တွေကို တစ်စုံတစ်ခုကို ဖတ်ချင်တဲ့အခါမှ၊ သို့မဟုတ် တစ်ခုခုလုပ်ချင်တဲ့အခါမှ လိုအပ်တဲ့အခါမှ ထုတ်တပ်လို့ရပေမယ့် အချို့လူတွေကတော့ တောက်လျှောက်တပ်ထားရတော့တာပါပဲ။

Orthotics တွေဟာ မျက်မှန်တွေလိုပါပဲ။ သူတို့တွေက ခြေထောက်ကို မပြုပြင်ပေးပါဘူး။ ခြေထောက်အလုပ်လုပ်ပုံကိုသာ ပြင်ပေးတာပါ။ ဒါကိုဝတ်ထားမယ်ဆိုရင် သူက သင့်ခြေထောက်ကို အနေအထားမှန်ကန်စေပြီး နာကျင်မှုတွေသက်သာစေပါလိမ့်မယ်။ ဒါပေမဲ့ မဝတ်တော့ဘူးဆိုရင်တော့ အရင်ကနာကျင်မှုတွေ ပြန်ရောက်လာမှာပါပဲ။

ဒါကိုဝတ်ခြင်းမဝတ်ခြင်းဆိုတာ သင့်ခြေထောက်ရဲ့လိုအင်တွေနဲ့ ဘယ်ခြေထောက်က မှားယွင်းနေတာလဲဆိုတာပေါ် မူတည်ပါတယ်။ အချို့လူတွေက ဒါကို ပြေးတဲ့အချိန်မှာသာလိုပါတယ်။ ပြေးတာရပ်လိုက်တဲ့အချိန်မှာ ချွတ်ထားလို့ရပါပြီ။ လိုလည်းမလိုတော့ပါဘူး။ ဒါပေမဲ့ သင့်ရဲ့ခြေထောက်ပြဿနာကို ဆိုးပြီး လမ်းလျှောက်တိုင်းခြေထောက်နာနေတယ်ဆိုရင်တော့ တစ်နေ့လုံးနီးပါး ဝတ်ဆင်ထားရမှာပါ။

သင့်ရဲ့ Orthotics က ကောင်းကောင်းအလုပ်လုပ်သေးသလားဆိုတာကို နှစ်တိုင်း စစ်ဆေးသင့်ပါတယ်။ နူးညံ့တဲ့ Orthotics တွေကတော့ ခဏပဲ ခံပါလိမ့်မယ်။ ပုံမှန်ခန္ဓါကိုယ်ပုံစံမျိုးနဲ့ နေ့တိုင်းဝတ်မယ်ဆိုရင်တော့ Orthotic ရဲ့ ပုံမှန်သက်တမ်းဟာ ၂နှစ်ကနေ ၃နှစ်ကြားခံနိုင်ပါလိမ့်မယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Frequently Asked Questions

http://www.gpcustomorthotics.com/FAQ.htm

Accessed in February 19, 2017

  1. How long will theorthotics last for? How often should I have them rechecked? http://www.performanceorthotics.com/faqs.html

Accessed in February 19, 2017

ယခုပုံစံ

07/01/2022

Wathun Myat Chal မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Wathun Myat Chal မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 07/01/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ