backup og meta

Scoliosis (ကျောရိုးစောင်းခြင်း)

Scoliosis (ကျောရိုးစောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Scoliosis (ကျောရိုးစောင်းခြင်း) ကဘာလဲ။

ကျောရိုးစောင်း ရောဂါဆိုသည်မှာ ကျောရိုးသည် သွေဖယ် ၍ အပြည့်ကွေးသွားသော အခြေအနေတစ်ခု ဖြစ်ပါသည်။ ကွေးသွားသော ကျောရိုး၏ ဒီဂရီကို ထောင့်ဖြင့် တိုင်းတာ နိုင်သည်။ ထောင့်ကျယ်လေ ကျောရိုးစောင်း ရောဂါ ပြင်းထန်လေဖြစ်သည်။

ကလေးငယ်များတွင် ကျောရိုးသည် ၃၀ ဒီဂရီ အောက် ကွေးသော အဆင့်တွင် ရှိပါက တင်းကျပ်စွာ စောင့်ကြည့်ရန်မလိုပါ။ ပိုဆိုးလာ သည်မှာလည်း ရှားပါးပါသည်။ ကျောရိုးစောင်းခြင်းသည် ၅၀-၇၅ ဒီဂရီဖြစ်ပါက ဆရာဝန်ဆီမှ အားကောင်းသော ကုသမှု ခံယူရပါမည်။

ကျောရိုးစောင်းရောဂါသည် ကလေးဘဝတွင် စတင်လေ့ ရှိပြီး လူကြီးအရွယ်တွင် ပိုဆိုးလာပါသည်။

Scoliosis (ကျောရိုးစောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ကျောရိုးစောင်း လူနာအများစုသည် အသက်ငယ် ( ၁၀နှစ်အောက်) တွင် စတင်ဖြစ်ပွားပါသည်။ အန္တရာယ် ဖြစ်စေသော အချက်များကို လျော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါသည်။ ပိုမိုသော အချက် အလက်များအတွက် ဆရာဝန်နှင့် တိုင်ပင် ပါ။

လက္ခဏာများ

Scoliosis (ကျောရိုးစောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကျောရိုးစောင်းရောဂါ ဖြစ်သော ကလေးအများစုသည် ရောဂါလက္ခဏာများ မရှိသော်လည်း တစ်ဖက်သို့စောင်း၍ ခါးကုန်းခြင်း သို့မဟုတ် ရှေ့သို့ကုန်းရာတွင် ပုခုံးတစ်ဖက် သည် အခြားတစ်ဖက်ထက် မြင့်နေခြင်း တို့ဖြစ်နိုင်ပါသည်။ ကလေး၏ တင်ပါးဆုံသည်လည်း မညီဖြစ်ကာ တစ်ဖက်သို့ စောင်းနေနိုင်ပါသည်။

အရွယ်ရောက်ပြီးသူများတွင် ကျောရိုးနာကျင်ခြင်းသည် ပြင်းထန်သော ကျောရိုးစောင်းရောဂါ၏ အတွေ့ရအများဆုံး လက္ခဏာဖြစ်ပါသည်။ ရောဂါလက္ခဏာများမှာ – အရပ်နိမ့် ခြင်း၊ နံရိုး ထောင်တက်ခြင်း သို့မဟုတ် ဝခြင်းကြောင့် မဟုတ်ဘဲ ခါးတိုင်း ပြောင်းလဲခြင်းတို့ဖြစ်ပါသည်။ ခါးပြောင်း လဲမှုဖြစ်လေ သင့်အခြေအနေ ဆိုးရွားလာလေ ဖြစ်သည်။

ကျောရိုးသည် ဆိုးရွားစွာ ကွေးလာပါက လူနာသည် မောပန်းခြင်း၊ ကျောရိုးနာခြင်း နှင့် အသက်ရှုကြပ်ခြင်း တို့ကို အဆိုးဆုံး ခံစားရမည်။ ကျောရိုးစောင်းရောဂါသည် အထူး သဖြင့် ဆယ်ကျော်သက်များတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ များကိုလည်း ပြင်းထန်စွာ ဖြစ်စေပါသည်။

အထက်တွင် ဖော်ပြ မထားသော အခြားလက္ခဏာ များလည်းရှိနိုင်ပါသည်။ အကယ်၍ သင့်ဆီတွင် ရောဂါ လက္ခဏာ တစ်ခုခုများ ရှိနေသည်ဟု စိုးရိမ်မိပါက ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင် သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ကျောရိုးတွင် ပုံမှန်မဟုတ်သော လက္ခဏာများ အထူး သဖြင့် ကျောတွင် သတိထားမိပါက ဆရာဝန်နှင့် သွား ရောက် ပြသရန် လိုအပ်ပါသည်။

အနည်းငယ်သာ ကွေးပါက သင်သည် မည်သည့် လက္ခဏာမှ ခံစားရမည် မဟုတ်ပါ။ သို့သော် အခြားသူများ မြင်နိုင်ပါသည်။ ထို့ကြောင့် သင့် သူငယ်ချင်း သို့မဟုတ် ဆွေ မျိုးထဲတွင် မတ်မတ်ရပ်နေသော်လည်း ကျောရိုး မမတ်ပါက သူတို့ကို ဆရာဝန်ဆီသို့ တတ်နိုင်သလောက် အမြန် သွား ရောက်ပြသရန် ပြောသင့်ပါသည်။

အကြောင်းရင်းများ

Scoliosis (ကျောရိုးစောင်းခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကျောရိုးကွေးခြင်းကို ဖြစ်စေသော အကြောင်းရင်းများ ကို တိကျစွာ မသတ်မှတ်နိုင်သေးပါ။ မျိုးဗီဇ အချက်များ ကြောင့် ဖြစ်နိုင်ပါသည်။

အရွယ်ရောက်ပြီးသူများတွင် ဖြစ် သော ကျောရိုးစောင်းရောဂါသည် ရှားပါးသော မွေးရာပါ ချို့ ယွင်းချက်များဖြစ်သော-

  • ခြေထောက် အတိုအရှည် မညီခြင်း
  • မွေးရာပါ ကျောရိုး ရောဂါများ
  • အာရုံကြော ရောဂါများ

ကြောင့် ဖြစ်ပါသည်။

Risk factors

Scoliosis (ကျောရိုးစောင်းခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

သင့်မိသားစုတွင်းတွင် ကျောရိုးစောင်းရောဂါ ဖြစ်ဖူးပါက သင့်တွင် ဖြစ်နိုင်ချေ မြင့်ပါသည်။

လူအတော်အများသည် လမ်းလျှောက်ပုံမမှန်ခြင်း၊ အာဟာရ နည်းပါးခြင်း၊ သို့မဟုတ် လေ့ကျင့်ခန်း အမှားများ ပြုလုပ်ခြင်းကြောင့် ကျောရိုးစောင်း ရောဂါ ဖြစ်သည်ဟု ယူဆ ကြသော်လည်း ထိုအရာများမှာ မှားယွင်းပါသည်။

ထို အချက်များသည် ကျောရိုးစောင်းရောဂါကို မဖြစ်စေသော် လည်း အခြားရောဂါများ ဖြစ်သော မျက်ကြည်လွှာ အာရုံ ခံစားမှု ယိုယွင်းလာခြင်း၊ ကျောရိုးနာဗ်ကြိုး ရောင်ရမ်းခြင်း သို့မဟုတ် ထိခိုက်ခြင်း တို့ကို ဖြစ်စေပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Scoliosis (ကျောရိုးစောင်းခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်သည် ကျောရိုးအား စစ်ဆေးခြင်း၊ ဓါတ်မှန်ရိုက်ခြင်း ဖြင့် ကျောရိုးစောင်းခြင်းကို အတည်ပြု နိုင် ပါသည်။ နှစ်အနည်းငယ်အကြာက ရိုက်ထားသော ကျောရိုး ဓါတ်မှန်ရိုပါက ဆရာဝန်သည် လွယ်ကူစွာ နှိုင်းယှဉ်ကြည့် နိုင်ပြီး ပို၍ကောင်းမွန်သော ရောဂါအဖြေရှာခြင်းကို ပြုလုပ် နိုင်ပါသည်။ ဆရာဝန်သည် ကျောရိုးအကွေးကို တိုင်းတာ ခြင်း လည်းပြုလုပ်နိုင်ပါသည်။

Scoliosis (ကျောရိုးစောင်းခြင်း) ကို ဘယ်လိုကုသပါသလဲ

ဖွံဖြိုးဆဲကာလတွင် ကျောရိုးသည် တဖြည်းဖြည်းကွေး လာခြင်းသည် နာကျင်မှုမဖြစ်စေပါ။ ကုသမှုခံယူရန် လိုအပ် ပါသည်။ ကွေးကောက်လာသော အခြေအနေတွင် နာကျင် လာပြီး တက်နိုင်သလောက် အမြန်ကုသရန် လိုအပ်ပါသည်။

ဆေးလုပ်နည်းများ သို့မဟုတ် နေထိုင်စားသောက်မှု သည် ကွေးသွားသော နေရာများကို ပြန်ကောင်းအောင် မလုပ်နိုင်သော်လည်း သင်သည် နာကျင်မှုကို မခံနိုင်ပါက ဆရာဝန်သည် အကိုက်အခဲပျောက်ဆေးနှင့် အရောင်ကျ ဆေးများကို သောက်ရန် ညွှန်ကြားပါလိမ့်သည်။

ဆရာဝန်သည် ကျောရိုးစောင်းခြင်း၏ ဖြစ်စဉ်ကို စောင့် ကြည့်ရန် ပုံမှန် ဓါတ်မှန် ရိုက်ပါမည်။ ကွေးသော နေရာများ ကိုကာကွယ်ရန် သိုင်းကြိုးဝိုင်ယာကို အသုံးပြုနိုင်သော် လည်း ကွေးသော နေရာများကို မပျောက်ကင်းစေပါ။ သိုင်း ကြိုးဝိုင်ယာသည် ကလေးများတွင် ခွဲစိတ် ကုသမှု ပြုလုပ်ခြင်းကို ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပါသည်။

ကွေးခြင်းသည် တိုးတက်လာပြီး ပြင်းထန်စွာ နာကျင်လာ ပါက ခွဲစိတ်ပြီး ကျောရိုးပြန်ဆက်ခြင်းကို ပြုလုပ်ရမည် ဖြစ် သည်။ ခွဲစိတ်ခြင်းကို မပြုလုပ်ခင် ဆရာဝန်သည် ကျောနာ ခြင်းသည် အခြားရောဂါကြောင့် မဟုတ်ကြောင်း သေချာ အောင် စစ်ဆေးရပါမည်။

လေ့ကျင့်ခန်းများနှင့် လျှပ်စစ်ခြင်း ကြွက်သားအား လှုံ့ ဆော်ခြင်းသည် ကျောရိုးကွေးခြင်း ခံစားနေရသော လူများ ကို အကူအညီ မပေးနိုင်ပါ။

လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ အသုံးပြုခြင်း သည် ကျောရိုးစောင်း ရောဂါ ကို ကုသရာတွင် ဘယ်လို အထောက် အကူပြုနိုင်မလဲ။

အောက်ပါ လူနေမှုပုံစံများ နှင့် အိမ်သုံး ကုထုံးများ သည် ကျောရိုးစောင်း ရောဂါ ကို ထိန်းချုပ်နိုင် ပါသည်။

  • ညွှန်ကြားထားသည့်အတိုင်း ခါးပတ်ပတ်ပါ။ သို့ သော်လည်း သိုင်းကြိုးဝတ်ဆင်ထားချိန်တွင် ခါး ကုန်းခြင်းသည် ပို၍ ဆိုးစေပါသည်။
  • ဇီဝကမ္မလုပ်ထုံး ကို နာကျင်သော်လည်း ခံယူသင့် ပါသည်။
  • လက်မလျှော့ပါနှင့်။ ကုထုံးသည် နှစ်အတန်ကြာ ကြာနိုင်သောကြောင့် ဖြစ်သည်။ ဖြစ်နိုင်ပါက သင့် မိသားစုထံမှ အကူအညီရယူသင့်ပါသည်။
  • ကျောရိုးစောင်းခြင်း၏ ဆိုးကျိုးများကို အချိန်မီ သိရှိ ရန် သင့်ကလေးအား ဆရာဝန် ညွှန်ကြားသည့်အ တိုင်း ပုံမှန်စစ်ဆေးမှု ခံယူပါစေ။

အကယ်၍ သင့်တွင် မေးခွန်းများ ရှိပါက သင့်အတွက် သင့်တော်သော အဖြေရှာဖွေနိုင်ရန် ဆရာဝန် နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ferri, Fred. Ferri’s Netter Patient Advisor.
Philadelphia, PA: Saunders / Elsevier, 2012. Print edition.

Scoliosis. http://www.mayoclinic.org/diseases-conditions/scoliosis/basics/causes/con-20030140.Accessed July 9, 2016.Ferri, Fred. Ferri’s Netter Patient Advisor.

Scoliosis. http://www.mayoclinic.org/diseases-conditions/scoliosis/basics/causes/con-20030140.Accessed July 9, 2016.

ယခုပုံစံ

12/05/2020

Dr. Zin Wai Yan Lin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။

ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win

Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement