backup og meta

Hammer Toe (ဟမ်မာတိုးခြေချောင်းရောဂါ အကြောင်းသိကောင်းစရာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Hammer Toe (ဟမ်မာတိုးခြေချောင်းရောဂါ အကြောင်းသိကောင်းစရာ) ကဘာလဲ။

ဟမ်မာတိုးခြေချောင်းရောဂါ သည်ခြေညှိုး၊ခြေသူကြွယ်(သို့) ခြေသန်းရှိ အဆစ်တခု(သို့)နှစ်ခုတွင် ဖြစ်ပွားသော ခြေထောက်ရှိ ချို့ယွင်းမှုတခုဖြစ်သည်။ ထိုခြေချောင်းများအား တည့်မတ်အောင်ထိန်းထားပေးသော ကြွက်သားများ၊အရွတ်ပြားများတွင် မညီမျှမှုဖြစ်ခြင်းကြောင့် ဖြစ်တတ်သည်။ ထိုရောဂါသည် အများအားဖြင့် ခြေချောင်းသေးလေးများကို ဖိ၍ ကွေးစေသည့် သင့်တော်မှုမရှိသောဖိနပ်များကြောင့်ဖြစ်တတ်သည်။ ခြေချောင်းသည်ကွေး၍ အနေအထားတခုထဲတွင်သာ ကြာရှည်စွာရှိနေပါက ထိုခြေချောင်းများအား တည့်မတ်စေသော ကြွက်သားများသည် မဆန့်ထွက်နိုင်တော့ပေ။ ဒေါက်မြင့်ဖိနပ်များသည်လည်း ဖိအားများစေပြီး ခြေထောက်ကိုအောက်သို့ဖိတွန်းထားသောအခါ

ခြေချောင်းများကို ကွေးစေသည်။ နောက်ဆုံးတွင် ခြေထောက်အားအံဝင်ခွင်ကျဖြစ်စေသောဖိနပ်များစီးလျှင်ပင် ထိုခြေချောင်းကြွက်သားများသည် ခြေချောင်းများအားမဆန့်နိုင်စေတော့ပေ။

လက္ခဏာများ

Hammer Toe (ဟမ်မာတိုးခြေချောင်းရောဂါ အကြောင်းသိကောင်းစရာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်အများဆုံးသော လက္ခဏာမှာ ကွေးသွားသောခြေချောင်း၏ထိပ်တွင် ပွန်းခြင်းဖြစ်သည်။ ဝေဒနာရှင်များသည် ဖြစ်ပွားသည့် ခြေချောင်းအားလှုပ်ရှားပါက နာကျင်ခြင်း(သို့)ခက်ခဲခြင်းတို့ကို ကြုံတွေ့ရတတ်သည်။ ထိုခြေချောင်းများသည်ရှူးဖိနပ်အတွင်းနှင့် ပွတ်တိုက်မိသောအခါ အသားမာများလည်းဖြစ်ပေါ်တတ်သည်။ စီးသောဖိနပ်အမျိုးအစားကြောင့် အမျိုးသမီးများတွင် အမျိုးသမားများထက်ဖြစ်ပွားတတ်သည်။ အထူးသဖြင့်ဆီးချိုရောဂါသည်များနှင့်သွေးလည်ပတ်မှုမကောင်းသောသူများတွင်အကယ်၍လမ်းမလျှောက်နိုင်လောက်အောင်နာကျင်လာပါက ဆေးပညာအကူအညီကို ရယူသင့်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Hammer Toe (ဟမ်မာတိုးခြေချောင်းရောဂါ အကြောင်းသိကောင်းစရာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဟမ်မာတိုးခြေချောင်းရောဂါ၏အမျိုးအစားများ

ပျော့ပျောင်းသောဟမ်မာတိုးနှင့် မာကျောကာဟမ်မာတိုးဟူ၍ နှစ်မျိုးရှိသည်။ အကယ်၍ ခြေချောင်းအဆစ်အားလှုပ်ရသေးပါက ပျော့ပျောင်းဟမ်မာတိုးဟုခေါ်ပြီး ထိုအဆင့်မှာ ကုသနည်းများစွာရှိသောသိပ်မပြင်းထန်သည့် အစောပိုင်းအဆင့်ဖြစ်သည်။ တနည်းအားဖြင့်ဆိုလျှင်မာကျောဟမ်မာတိုးတွင် ခြေချောင်းသည်မာတောင့်လာပြီး အဆစ်အား ညီညာမှုမရှိစေပဲခြေချောင်းအားလှုပ်၍မရအောင်ဖြစ်စေသည်။ ထိုအဆင့်တွင်ကားခွဲစိတ်ကုသရန်လိုအပ်တတ်သည်။

ဟမ်မာတိုး၏နောက်ဆက်တွဲပြဿနာများ

အစပိုင်းတွင်ဟမ်မာတိုးသည်လှုပ်ရကာပျော့ပျောင်းနိုင်သော်လည်း ထိုခြေချောင်းများသည် ဟမ်မာတိုးအနေအထားတွင်ကြာရှည်စွာ ရှိနေပါက

ထိုခြေချောင်းများ၏အရွတ်များသည်ရှိသမျှအလျားအတိုင်းမဆန့်နိုင်၍ကျုံ့ကာမာကျောတင်းကျပ်လာသည်။ နောက်ဆုံးတွင် ထိုခြေချောင်းများသည် အံသေကွေးသွားတော့သည်။ မကုပဲထားပါက သာမာန်မပြင်းထန်သောဟမ်မာတိုးရောဂါသည် နာကျင်ကာအသားမာများဖြစ်စေသော ထာဝရအံသေသွားစေနိုင်သည့်ချို့ယွင်းမှုများ(သို့) ဖိနပ်နှင့် ပွတ်တိုက်မိနေသောနေရာတွင် ဟောင်းလောင်းပွင့်နေသည့် အနာများ ဖြစ်ပွားသွားနိုင်သည်။

ခွဲစိတ်ကုသမှုသည် ခြေချောင်းများအား နေရာမှန်စေရန်အထောက်အကူပြုသော်လည်း နောက်ဆက်တွဲပြဿနာများစွာရှိစေသည်။ ဟမ်မာတိုးအားခွဲစိတ်မှုသည် ခြေချောင်း၏အဆစ်များတွင် တင်းခြင်း၊ရောင်ရမ်းခြင်းနှင့်နဂိုထက် ပိုတိုသွားခြင်း၊(သို့) ပိုရှည်လာခြင်းတို့ကို ဖြစ်စေတတ်သည်။ ခွဲစိတ်ပြီးသော်လည်း ထပ်မံဖြစ်ပွားတတ်သေးသည်။ ဆရာဝန်မှ ခွဲစိတ်ရန်လိုမလိုကို ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးနိုင်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hammertoe and mallet toe. http://www.mayoclinic.org/diseases-conditions/hammertoe-and-mallet-toe/home/ovc-20178097. Accessed in February 18, 2017.

Hammertoe http://www.health.harvard.edu/feet-and-foot-care/hammertoe. Accessed in February 18, 2017.

Understanding hammertoes –the basics. http://www.webmd.com/a-to-z-guides/understanding-hammertoes-basics. Accessed in February 18, 2017.

ယခုပုံစံ

24/08/2022

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement