backup og meta

လည်းပင်းရိုးရောဂါ စစ်ဆေးကုသခြင်း

လည်ပင်းရိုးမရောဂါဆိုတာ လည်ပင်းရိုး၊ ကြောရိုးကြားခံပြားနဲ့ အဆစ်တို့ ပျက်စီးပြီး ဦးနှောက်၊ ပင်မအာရုံကြောကြီးနဲ့ အာရုံကြောလေးများကို ဒုက္ခပေးနေခြင်းဖြစ်ပါတယ်။ ယင်းရောဂါကို စောစောတွေ့ရှိနိုင်ပြီး ထိရောက်သောကုသမှုပေးနိုင်ပါတယ်။

ရောဂါစစ်ဆေးမှုများ

ရောဂါစစ်ဆေးမှုကို တွေ့ဆုံမေးမြန်းခြင်းဖြင့် စတင်ပါတယ်။ ဒဏ်ရာအနာတရတွေ ဖြစ်ဖူးလားနဲ့ ရောဂါလက္ခဏာတွေကို မေးမြန်သွားမှာပါ။

  • ကိုယ်ကာယပိုင်းဆိုင်ရာစစ်ဆေးခြင်း

ထို့နောက် အောက်ပါကိုယ်ယာယစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမှာပါ။

– ခေါင်းလှုပ်နိုင်လား၊ ခေါင်းစောင်းနိုင်လားနဲ့ ခေါင်းလှည့်နိုင်လားဆိုတာတွေကို စစ်ဆေးသွားမှာပါ။

– ကျွမ်းကျင်သူက ခေါင်းငုံ့စေကာ ဖိအားပေးပြီး ပြန်လည်ခေါင်းမတ်နိုင်လား ကြည့်ခြင်းအားဖြင့် ကြွက်သားစွမ်းရည်ကို ဆန်းစစ်မှာပါ။ ပင်မအာရုံကြောမကြီးနဲ့ အာရုံကြောလေးတွေကို ဖိအားတွေသက်ရောက်မှုရှိနေလား ရှာဖွေတွေ့ရှိနိုင်ပါတယ်။

– ဖိအားတွေက သင့်လှုပ်ရှားမှုကို သက်ရောက်နေလားဆိုတာကတော့ လမ်းလျောက်စေပြီး ဆန်းစစ်ခြင်းအားဖြင့် သိရှိနိုင်ပါတယ်။

  • ပုံရိပ်ဖော်ခြင်းဖြင့်စစ်ဆေးခြင်း

ကိုယ်ကာယစစ်ဆေးမှုတွေဖြင့် လည်းပင်းကျောရိုးမကြီးရောဂါကို စောလျင်စွာတွေ့ရှိနိုင်သလို ပုံရိပ်ဖော်ခြင်းနည်းပညာဖြင့် လည်းပင်းမှာဖြစ်နေတဲ့ ချို့ယွင်းမှုတွေကို အသေးစိတ်ရှာဖွေတွေ့ရှိနိုင်ပါတယ်။

ဓါတ်မှန်။ ဓါတ်မှန်ရိုက်ခြင်းက လည်ပင်းပုံစံအသေးစိတ်ကို ပုံဖော်ပေးနိုင်ပြီး လည်းပင်းကျောရိုးမရောဂါ၊ အရိုးကျိုးခြင်း၊ အကျိတ်ထွက်ခြင်းနဲ့ ပိုးဝင်ခြင်းလိုမျိုး လည်ပင်းပြဿနာတွေကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးနိုင်ပါတယ်။

စီတီစကင်။ စီတီစကင်က လည်ပင်းရိုးတို့ကို ပိုမိုအသေးစိတ် ပုံဖော်ပေးနိုင်ပြီး ဆဲလ်တို့ရဲ့ မူမမှန်ကြီးထွားခြင်းရှိမရှိကို စစ်ဆေးတွေ့ရှိနိုင်ပါတယ်။

သံလိုက်လှိုင်းဖြင့် ပုံရိပ်ဖော်ခြင်းနည်းပညာ(MRI)။ MRIက ထိခိုက်ခြင်းခံရတဲ့ အာရုံကြောကို ရှာဖွေတွေ့ရှိဖို့ ကူညီပေးမှာပါ။ ကုသသော်လည်း မသက်သာသွားသော လည်ပင်းပြင်းထန်စွာနာကျင်ခြင်းနဲ့ လက်နဲ့ပုခုံးတို့ထုံကျင်ခြင်းတွေ ရှိနေမယ်ဆိုရင် ထိုနည်းပညာကို အသုံးပြုနိုင်ပါတယ်။

ကျောရိုးဓါတ်မှန်ရိုက်ခြင်း။ ရိုးရိုးဓါတ်မှန်ရိုက်ခြင်းနဲ့ စီတီစကင်တို့ထက် ပိုမိုအသေးစိတ်တဲ့ အချက်အလက်တွေပေးနိုင်ပါတယ်။

  • အာရုံကြောစွမ်းရည်စမ်းသပ်ခြင်း

ထိုစစ်ဆေးမှုကို အာရုံကြောလှုံဆော်မှုတွေက ခန္ဓါကိုယ်တစ်လျောက် ပုံမှန်သွားလာနေလား သိရှိဖို့ အသုံးပြုပါတယ်။ ယင်းတို့က အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

– EMG ဆွဲခြင်း။ EMG က ကြွက်သားတွေ နားနေတဲ့အခါ၊ ညစ်နေတဲ့အခါ လျှပ်စစ်ဓါတ်တွေဖြတ်သန်းစီးဆင်းသွားမှုကို စမ်းသပ်တာပါ။

– အာရုံကြောစီးဆင်းခြင်းစမ်းသပ်မှု။ ထိုစစ်ဆေးမှုသည် လှုံဆော်စီးဆင်းမှုတွေရဲ့ ပြင်းအားနဲ့အမြန်နှုန်းကို သိရှိဖို့ ရှော့ခ်အနည်းငယ်ပေးပြီး ပြုလုပ်တာပါ။

စီမံခန့်ခွဲခြင်းနှင့်ကုသခြင်း

  • ဆေးဝါးများ

ဆေးဝါးတွေက သင့်အခြေအနေကို တိုးတက်ကောင်းမွန်လာစေပါလိမ့်မယ်။ ဆရာဝန်က စတီးရွိုက်မဟုတ်သော အရောင်ကျဆေးများ(NSAIDS) အသုံးပြုဖို့ အကြံပြုနိုင်ပါတယ်။ ယင်းဆေးတွေကို ဇက်နာကျင်ခြင်းသက်သာစေဖို့အတွက် ကာလကြာရှည်အသုံးပြုနိုင်ပါတယ်။

  • ကုထုံးများ

ဆရာဝန်တွေက ဇက်နာကျင်ခြင်းသက်သာစေဖို့ ကုထုံးတွေကလည်း အကြံပြုနိုင်ပါတယ်။ ယင်းကုထုံးတွေဟာ ဆရာဝန်နဲ့ကျွမ်းကျင်သူတို့ရဲ့ ညွန်ကြားမှုအောက်တွင် ပြုလုပ်ခြင်းဖြစ်ပါတယ်။

– အသုံးများဆုံးကုထုံးကတော့ ကိုယ်ကာယကုထုံးဖြစ်ပါတယ်။ ယင်းကုထုံးက ဇက်အခြေအနေကို ညင်ညင်သာသာလေးနဲ့ တိုးတက်လာစေမှာပါ။ ဗဟိဒ္ဓကုထုံးဆရာတွေဟာ အထူးလေ့ကျင့်ခန်းတွေဖြင့် ဇက်နာကျင်ခြင်းတွေသက်သာစေပြီး ကြွက်သားတွေကိုလည်း သန်မာလာအောင်ပြုလုပ်ပေးပါလိမ့်မယ်။

– အာရုံကြောတွေပေါ်ရှိဖိအားသက်သာစေဖို့ ဇက်ကြောဆန့်ကုထုံးကိုလည်း အကြံပြုပါလိမ့်မယ်။

– နှိပ်နယ်ခြင်းကုထုံးကိုလည်း အသုံးပြုနိုင်ပါတယ်။ ကိုယ်ကာယကုထုံးကို ပိုမိုထိရောက်အောင် အပူအအေးကုထုံးတွေအသုံးပြုပါတယ်။

ခွဲစိတ်ကုသခြင်း

အထက်တွေနည်းလမ်းတွေအလုပ်မဖြစ်ဘူး၊ နာကျင်မှုတွေကအချိန်နဲ့အမျှ ပိုပိုဆိုးလာမယ်၊ပြင်းထန်လာမယ်ဆိုရင် ခွဲစိတ်ကုသဖို့ လိုအပ်ပါပြီ။

– ကျောရိုးကြားခံပြားရှိကျွံနေသောအပိုင်းကို ခွဲထုတ်ခြင်း

– လည်းပင်းရိုးပြန်လည်တွယ်ဆက်ဖို့ အရိုးအစားထိုးခြင်း သို့မဟုတ် ပြင်ပပစ္စည်းများအသုံးပြုခြင်း

လည်ပင်းနာကျင်ခြင်း၊တောင့်တင်းခြင်းတွေဖြစ်စေသော လည်ပင်းရိုးရောဂါဟာ အသက်၅၀ကျော်များတွင် အဖြစ်များသော်လည်း စောစောသိ၊စောစောကုသနိုင်ဖို့ စောစောစစ်ဆေးမှုတွေပြုလုပ်နိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. Voorhies RM. Cervical Spondylosis: Recognition, Differential Diagnosis, and Management. The Ochsner Journal. 2001;3(2):78-84.
  2. Cervical spondylosis. https://medlineplus.gov/ency/article/000436.htm. Accessed November 20, 2016.
  3. Cervical spondylosis. http://www.mayoclinic.org/diseases-conditions/cervical-spondylosis/basics/tests-diagnosis/con-20027408. Accessed November 20, 2016.
  4. Cervical spondylosis. http://www.nhs.uk/conditions/Cervical-spondylosis/Pages/Introduction.aspx. Accessed November 20, 2016.

ယခုပုံစံ

31/01/2022

Phyo Wai Yan မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Phyo Wai Yan မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 31/01/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement