ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်များ
လည်ပင်းဒဏ်ဖြစ်ခြင်းအတွက် ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုကို မျက်လုံးဖြင့်ကြည့်ရှုခြင်း၊ ကြွက်သားနှင့်အခြားအစိတ်အပိုင်းများကို ထိကိုင်ကြည့်ခြင်း၊ လည်ပင်းရှိသွေးကြောများကိုစမ်းသပ်စစ်ဆေးခြင်း၊ အာရုံကြောစမ်းသပ်ခြင်းတို့နှင့် နောက်ဆုံး လှုပ်ရှားနိုင်မှုစွမ်းရည်စမ်းသပ်ခြင်းဆိုပြီး အပိုင်းတွေခွဲခြားထားပါတယ်။ ထိခိုက်ဒဏ်ရာရမှုအများစုမှာတော့ အရိုးကျိုးခြင်းနဲ့ အဆစ်လွဲခြင်းတို့အတွက် ဓါတ်မှန်ရိုက် စစ်ဆေးမှုမပြီးမချင်း ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်အကုန်လုံးပြီးအောင် မလုပ်ပါဘူး။
မျက်လုံးဖြင့် ကြည့်ရှုစစ်ဆေးခြင်း
ဆရာဝန်က လူနာကို အခန်းထဲမှာ လမ်းလျောက်ကြည့်စေပါမယ်။
လူနာ၏ ကိုယ်နေကိုယ်ဟန်၊ ခြေလှမ်း၊ မျက်နှာထား၊ စိတ်ပါမှုနဲ့ လမ်းလျောက်ရတာလွယ်ကူလား၊ ခက်ခဲနေလားဆိုတာကို ကြည့်ရှုမှာပါ။
ခေါင်းကတစ်ဖက်တစ်ချက်ကို လည်သွားလားဆိုတာကိုလည်း အာရုံစိုက်ပါလိမ့်မယ်။ ထိုသို့ဖြစ်နေခြင်းက Torticollis လို့ခေါ်တဲ့ လည်ပင်းကြွက်သားအကြောဆွဲနေတာကို ပြတာပါ။
လူနာ၏မေးစေ့နဲ့ဦးခေါင်း အနေအထား၊ ကိုယ်နေကိုယ်ဟန်နှင့် Trapezius ကြွက်သားကလုပ်ပေးနေသော လည်ပင်းရဲ့ ဟိုက်ဘက်ဒီဘက် ဘက်ညီမှုရှိမရှိတို့ကို မှတ်သားထားမှာပါ။
လူနာထိုင်နေချိန်တစ်ခါနဲ့ ထနေချိန်တစ်ခါ ဦးခေါင်းနဲ့လည်ပင်းတို့၏ပုံစံကို ကြည့်ရှုနိုင်ပါတယ်။
ထူးခြားမှုတွေကို မှတ်သားထားမှာပါ။
ပခုံးအနိမ့်အမြင့်ညီမညီကိုလည်း ကြည့်ပါလိမ့်မယ်။ အနိမ့်အမြင့်မညီခြင်းက ကြွက်သားဆက်တိုက်ညှစ်နေတာကို ပြသတာပါ။
လက်တစ်ဖက်မှာ သွေးလျောက်မှုပြဿနာ ရှိမရှိသိဖို့ အမြင်ဖြင့်လုံလောက်ပါတယ်။ လည်ပင်းရှိသွေးခုန်နှုန်းတွေစမ်းသပ်ပြိး သွေးတွေပြည့်ကြပ်နိုင်ခြေနဲ့ လေဖြတ်နိုင်ခြေတွေ စစ်ဆေးမှာပါ။ နားကြပ်နဲ့လည်း ပုံမှန်မဟုတ်တဲ့အသံတွေ ကြားရခြင်းရှိ၊မရှိလည်း ကြည့်အုန်းမှာပါ။ လည်ပင်းရှိ သွေးပြန်ကြောသွေးပေါင်ချိန် မြင့်မားနေသလား ရှာဖွေပါလိမ့်မယ်။ လေပြွန်ကိုလည်းစစ်ဆေးမှာပါ။ အထူးသဖြင့် အသံအောသလားကြည့်မှာပါ။
လူနာ၏ ဦးခေါင်း၊ လည်ပင်း၊ ပုခုံးနဲ့ အခြားဖြစ်နိုင်ခြေရှိတဲ့နေရာတွေကို လက်ဖြင့်စမ်းသပ်ပါလိမ့်မယ်။ တစ်ရှုးတင်အား၊ ချောမွတ်မှုနဲ့ အထူးအပါး၊ နာကျင်မှု၊ ပုံမှန်မဟုတ်သော အာရုံခံစားမှုတို့ကို စမ်းသပ်တဲ့နေရာမှာ လက်ဖြင့်စမ်းသပ်ခြင်းက အသုံးဝင်ပါတယ်။ ဒါ့အပြင် အပူချိန်အပြောင်းအလဲ၊ခြောက်သွေ့မှု၊ တုန်ရီခြင်းနဲ့ ကြွက်သားညစ်ခြင်းတို့ကိုလည်း သိရှိနိုင်ပါတယ်။
လည်ပင်းမှာရှိတဲ့ အာရုံကြောတွေ၊ကြွက်သားတွေ ပျက်စီးမှုရှိမရှိကို စစ်ဆေးဖို့ ကြွက်သားနဲ့အာရုံကြောစစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ ယင်းစစ်ဆေးမှုတွေကတော့ ကြွက်သားစမ်းရည်၊ လှုပ်ရှားနိုင်စွမ်းနဲ့ အာရုံခံနိုင်စွမ်းတို့ကို သိရှိဖို့ လူနာ့ခန္ဓါကိုယ်အား မိမိဘာသာလှုပ်ရှားစေခြင်းနှင့် ဆရာဝန်အကူအညီဖြင့် လှုပ်ရှားစေခြင်းတို့ ပြုလုပ်စေမှာပါ။
လူနာ၏နောက်ကြောင်းရာဇဝင်၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုများနှင့် တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုသော ပုံရိပ်ဖော်နည်းပညာတွေအသုံးပြုခြင်းဖြင့် လည်ပင်းမှာ ဆိုးဆိုးရွားရွား ဒဏ်ရာတွေ ရှိမရှိကို ဆရာဝန် ကောက်ချက်ချစေနိုင်ပါတယ်။ ထိုသို့ကောက်ချက်ချနိုင်မှ ကုသမှုတွေကို ရွေးချယ်နိုင်မှာပါ။
Neck strain (ဇက်ကြောဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ
ဆရာဝန်က လူနာ၏အခြေအနေကို ကြည့်ရှုပြီးနောက် ဒဏ်ရာတွေကုသဖို့ မိသားစုနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပါလိမ့်မယ်။ စဉ်းစားချိန်ပေးပါလိမ့်မယ်။ ထိုအချိန်က ပြန်လည်းကောင်းမွန်နေတဲ့ အချိန်ထဲမှာ ပါသွားနိုင်ပါတယ်။ လည်ပင်းဒဏ်ဖြစ်ခြင်းအများစုက သင့်တော်တဲ့ဂရုစိုက်မှုရှိမယ်ဆိုရင် သူ့ဘာသာသူပျောက်ကင်းသွားတတ်ကြပါတယ်။ လူတော်တော်များများဟာ အထူးကုသနည်းတွေ မလိုအပ်ကြပါဘူး။
ရောဂါလက္ခဏာတွေ သက်သာစေဖို့ အနားယူပြီး ရေနွေးကပ်ပေးပါ။ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ဖြည်းဖြည်းချင်း ပုံမှန်ပြန်လည်ပြုလုပ်သွားပါ။
၂ပတ်၊၃ပတ်လောက်အကြာမှာ နာကျင်မှုတွေ မပျောက်သွားဘူးဆိုရင်တော့ နောက်ထပ်ကုသမှုတွေ ထပ်လုပ်ရပါတော့မယ်။
Osteopathic manipulative therapy/OMT ကုသနည်း၊ အရိုးနှင့်အဆစ်အမြစ်ပြင်ဆင်နှိပ်နယ်ပေးခြင်း၊ အပ်စိုက်ကုသခြင်းနှင့် ဗဟိဒ္ဓကုထုံးတို့ကိုလည်း အသုံးပြုနိုင်ပါတယ်။
နာကျင်ကိုက်ခဲမှုကြာရှည်နေသော သူတို့အတွက် အိမ်တွင်း Cervical Traction အပါအဝင် ကုသနည်းအမြောက်အများတို့ကို ဆရာဝန်နှင့် ဗဟိဒ္ဓကုထုံးဆရာတို့ထံတွင် ရရှိနိုင်ပါတယ်။ လိုအပ်ပါက အခြားကျွမ်းကျင်သူတွေထံညွှန်ကြားပေးဖို့ ဆရာဝန်ကို တောင်းဆိုပါ။
လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ
လည်ပင်းဒဏ်ဖြစ်ခြင်းကို ကာကွယ်နိုင်ဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ဘာတွေလဲ။
- နာကျင်မှုကမဆိုးရွားဘူး၊ ထုံကျင်၊အားနည်းခြင်းနဲ့ အခြားအာရုံကြောထိခိုက်ခြင်းလက္ခဏာတွေ မရှိဘူးဆိုရင် လည်ပင်းဒဏ်အသေးစားလေးကို အိမ်မှာပဲ ကုသပျောက်ကင်းနိုင်ပါတယ်။
- အတော်အသင့် နာကျင်နေမယ်ဆိုရင် အိမ်မှာအနားယူဖို့လိုပါတယ်။ Cervical collar နဲ့ဆို ပိုအဆင်ပြေနိုင်ပါတယ်။
- ခေါင်းအုန်းသေးသေးလေးကို ဇက်ပိုးနောက်မှာထားပေးခြင်းက သက်တောင့်သက်သာပုံစံရရှိစေပါမယ်။
- ကြွက်သားညစ်ခြင်းကြောင့် ဖြစ်တဲ့နာကျင်မှုဆိုရင် အပူကပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။ ဒါပေမယ့်လည်း မြန်မြန်ပြန်ကောင်းအောင်တော့ မလုပ်ပေးနိုင်ပါဘူး။
- အိုင်ဗျူပရိုဖန် (Advil or Motrin) ဒါမှမဟုတ် Acetaminophen (Tylenol) လိုမျိုး NSAIDs ဆေးတွေနဲ့ အနာသက်သာစေနိုင်ပါတယ်။ Codeine လိုမျိုး မူးယစ်ဆေးတွေ လိုအပ်ရင် အသုံးပြုနိုင်ပါတယ်။ ဆရာဝန်ဆေးစာတော့ လိုပါလိမ့်မယ်။ ကြွက်သားပြေလျော့ဆေးတွေကိုလည်း ရံဖန်ရံခါ အသုံးပြုကြပါတယ်။ ထိုဆေးတွေကိုလည်း ဆရာဝန်ဆေးစာပါမှသာ ဝယ်ယူရရှိနိုင်ပါတယ်။
- လည်ပင်းမဆန့်တန်းဖို့ ဂရုပြုရပါမယ်။ ဘာကြောင့်လဲဆိုတာ နာကျင်မှုတွေ ပိုဆိုးသွားနိုင်လို့ပဲဖြစ်ပါတယ်။ ကိုယ်ကာယစွမ်းအင်အလွန်သုံးရတဲ့ အလုပ်တွေကလွဲပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်တက်ကျွကျွပုံမှန်ဆောင်ရွက်ပေးပါ။ ဆရာဝန်ထံမှ ထောက်ခံချက်ရယူပါ။
မေးစရာတွေရှိနေမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။