backup og meta

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

လက်ပြင်ကြောနာတာက အဖြစ်များတဲ့ အရိုးအကြောနာကျင်မှု တစ်ခုပါပဲ။ ဒီလိုနာကျင်တာက နေ့စဉ်ဘဝရဲ့ လှုပ်ရှားမှုတွေကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ လက်ပြင်ကြောနာတာကို သက်သာစေဖို့  အထိရောက်ဆုံး နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ကဲ …. လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

လက်ပြင်ဆိုတာ ဘယ်နေရာမှာ ရှိတာလဲ

လက်ပြင်ဆိုတာက ပခုံးအောက်ဖက်နားက တြိဂံပုံစံ အရိုးပြားပါ။ ဘယ်ဘက်မှာ တစ်ခု ညာဘက်မှာ တစ်ခု ရှိပါတယ်။ လက်တွေကို လှုပ်ရှားမှု ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ ဒီလို အရေးပါတဲ့ အစိတ်အပိုင်းကို ကြွက်သား အုပ်စု ၃ ခုနဲ့ ဖွဲ့စည်းထားပါတယ်။ ဘယ်အချက်တွေက လက်ပြင်ကြောနာစေတာလဲဆိုတာနဲ့ လက်ပြင်ကြောနာတာ သက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ဘယ်လိုအချက်တွေက လက်ပြင်ကြော နာတာကို ဖြစ်စေတာလဲ

ကြွက်သားမှာ ဒါမှမဟုတ် အရွတ်မှာ ထိခိုက်ဒဏ်ရာရတာက လက်ပြင်ကြော နာတာကို ဖြစ်စေတဲ့ အဓိက ကျတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ ဒီအချက်တွေအပြင်

  • ကိုယ်နေဟန်ထား မမှန်တာ
  • အလေးအပင် မတာ
  • ကွန်ပျူတာရှေ့မှာ အချိန်ကြာမြင့်စွာ အနေအထား မမှန်ဘဲ ထိုင် အလုပ်လုပ်မိတာ
  • လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်မိတာ
  • ထိခိုက်တာ၊ ချော်ကျတာတွေကြောင့် ဒဏ်ဖြစ်နေတာမျိုးတွေကြောင့် လက်ပြင်ကြော နာနိုင်ပါတယ်။

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ ကတော့

  • ရေခဲဝတ် ကပ်ပါ

ရေခဲဝတ်ကပ်တာက အရောင်ကျစေပြီး နာကျင်မှုကို သက်သာစေပါတယ်။ ရေခဲကပ်တာကို စနာနာချင်းမှာ လုပ်ပေးတာက ထိရောက်မှုကောင်းပါတယ်။ တစ်ခါကပ်ရင် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် တစ်နေ့ကို ၅ ကြိမ်လောက်အထိ ကပ်လို့ ရပါတယ်။ ရေခဲကို အသားကို တိုက်ရိုက်ကပ်တာမျိုး မလုပ်ဘဲ ရေခဲတုံးလေးတွေကို အဝတ်စ သန့်သန့်လေးထဲကို ထည့်ပြီး ကပ်ပေးပါ။

  • ရေနွေးအိတ် ကပ်ပါ

၂ရက်ကြာတာတောင် အနာမသက်သာသေးဘူးဆိုရင် ရေနွေးဝတ်ပြောင်းကပ်ပါ။ နာကျင်နေတဲ့ လက်ပြင်နေရာကို ရေနွေးဝတ် ကပ်ပေးတာက သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး နာကျင်တဲ့နေရာတဝိုက်ကို နာကျင်မှုကို မြန်မြန်သက်သာစေဖို့ လိုအပ်တဲ့အောက်ဆီဂျင် နဲ့ အာဟာရဓာတ်တွေ ရရှိစေမှာပါ။ ရေနွေးဝတ် ကပ်ပေးလို့ ရသလို ရေနွေးနွေးလေး ချိုးပေးတာလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေနွေးဝတ်ကပ်တဲ့အခါမှာလည်း အသားလောင်တာကို မဖြစ်စေဖို့ တစ်ခါကပ်ရင် ၁၅ မိနစ် ကနေ မိနစ် ၂၀ လောက် တစ်နေ့ကို ၅ ကြိမ်လောက်အထိ ကပ်လို့ ရပါတယ်။

  • ဆေးသောက်ပေးပါ

အကိုက်အခဲပျောက်ဆေး သောက်ပေးတာကလည်း လက်ပြင်ကြောနာတာကို သက်သာစေမယ့် နည်းလမ်းပါ။ စတီးရွိုက်မပါတဲ့ အရောင်ကျဆေးတွေကို သောက်ပေးလို့ ရပါတယ်။ ဆေးထိရောက်မှု ကောင်းစေဖို့ ဆေးညွှန်းအတိုင်း မှန်မှန်လေး သောက်ပေးပါ။ ဒီလို သောက်ပေးတာက လက်ပြင်ကြောနာတာကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • လှုပ်ရှားမှုကို သတိထားပါ

လက်ပြင်ကြောနာတာက လှုပ်ရှားမှု လုပ်ရင် ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် လက်ပြင်ကြော နာနေချိန်မှာ အားစိုက်ရတဲ့ အလုပ်တွေ၊ အလေးအပင်မရတာတွေကို တတ်နိုင်သမျှ မလုပ်ပါနဲ့။ လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ လျှော့ထားပါ။

  • အိပ်စက်မှုပုံစံကို ဂရုစိုက်ပါ

အိပ်စက်တဲ့အခါမှာလည်း လက်ပြင်ကြောကို ဝန်ပိစေမယ့် ပုံစံမျိုးနဲ့ မအိပ်စက်ဘဲ သက်သောင့်သက်သာဖြစ်စေမယ့် အနေအထားမျိုးနဲ့ အိပ်စက်ပေးပါ။ ဒီလို လုပ်ပေးတာကလည်း လက်ပြင်ကြောနာတာကို သက်သာစေမှာပါ။

  • နှိပ်နယ်ပေးပါ

လက်ပြင်ကြွက်သားတွေကို ခပ်ဖွဖွလေး နှိပ်နယ်ပေးတာက တင်းအားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေတာကြောင့် အရောင်ကျစေမှာ ဖြစ်သလို နာကျင်တာကိုလည်း သက်သာစေနိုင်မှာပါ။

  • လေ့ကျင့်ခန်း လုပ်ပါ

လက်ပြင်ကြောနာတာကို သက်သာစေဖို့ လုပ်ဆောင်ပေးလို့ ရတဲ့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ လေ့ကျင့်ခန်း လုပ်တာပါ။ ပခုံးကို ဝိုက်ရတဲ့ လေ့ကျင့်ခန်း၊ လက်တစ်ဖက်ကို အပေါ်ကိုဆန့်ထုတ်ပြီး နားရွက်နဲ့ ကပ်လို့ ခန္ဓာကိုယ်ကို ကိုင်းပေးတာမျိုးတွေ လုပ်ပေးတာ၊ အကြောလျှော့ပေးတာတွေ လုပ်ပေးလို့ ရပါတယ်။ လေ့ကျင့်ခန်း တစ်ခုကို ၃ ကြိမ် ကနေ ၅ ကြိမ်လောက် လုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Shoulder Blade Pain: Your Guide to Pain Relief https://www.injurymap.com/articles/shoulder-blade-pain Accessed Date 1 February 2023

5 Best Home Remedies To Relieve Shoulder Blade Pain https://www.stylecraze.com/articles/shoulder-blade-pain-causes-remedies/ Accessed Date 1 February 2023

FOR SHOULDER PAIN RELIEF, TRY THESE EXERCISES AND HOME REMEDIES https://reclaimpt.com/library_newsfeed_1107/ Accessed Date 1 February 2023

ယခုပုံစံ

03/04/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့် အဆစ်အမြစ်ကိုက်ခဲ ရတဲ့ အကြောင်းရင်းများ

နောက်ကျောနာကျင်မှု အတွက် ကိုယ်လက်လေ့ကျင့်ခန်းများ


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 03/04/2024 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ