backup og meta

Spinal Injury (ကျောရိုးထိခိုက်ခြင်း)

Spinal Injury  (ကျောရိုးထိခိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Spinal Injury (ကျောရိုးထိခိုက်ခြင်း) ကဘာလဲ။

Spinal Injury ဟာ ကျောရိုးမကို ဝန်းရံထားတဲ့ အာရုံကြောတွေကို တိုက်ရိုက်ထိခိုက်မိခြင်းကြောင့် သော်လည်းကောင်း၊ အရိုးတွေ၊ တစ်ရှူးတွေ၊ သွေးကြောတွေကို တိုက်ရိုက်မဟုတ်ပဲ ထိခိုက်မိခြင်းကြောင့် သော်လည်းကောင်း ဖြစ်တာဖြစ်ပါတယ်။

ကျောရိုးမပျက်စီးခြင်းဟာ လှုပ်ရှားခြင်း၊ ခံစားမှု အစရှိတဲ့ လုပ်ငန်းဆောင်တာတွေ ပျောက်ဆုံးခြင်း ဖြစ်ပါတယ်။ Spinal Injury ရှိသူ အများစုမှာ ကျောရိုးမဟာ လုံးဝပျက်စီးသွားခြင်းမရှိပဲ ရောင်ရမ်းခြင်း၊ ပျက်စီးခြင်းတွေ ဖြစ်တာ ဖြစ်ပါတယ်။ Spinal Injury ဟာ ခါးကို ထိခိုက်မိပြီး အာရုံကြောညှပ်ခြင်း၊ disks ပျက်စီးခြင်းတွေနဲ့ တူညီခြင်း မရှိပါဘူး။

လူတစ်ယောက်ဟာ ကျောရိုးဆစ်ပျက်စီးရင်တော့ ကျောရိုးမ မထိခိုက်ခဲ့ရင် Spinal Injury မရနိုင်ပါဘူး။

Spinal Injury ဟာ ကြာမြင့်ပြီး သိသာစွာ နေ့စဉ်ဘဝကို ထိခိုက်နိုင်တဲ့ ကိုယ်ခန္ဓါ ထိခိုက်မှုတစ်ခုဖြစ်ပါတယ်။

Spinal Injury (ကျောရိုးထိခိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

Spinal Injury ဟာ တိုးတက်တဲ့နိုင်ငံတွေမှာ နှစ်စဉ် လူဦးရေ အယောက်တစ်သိန်းမှာ ၃ ယောက် ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ငါးဆ ပိုဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Spinal Injury (ကျောရိုးထိခိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

Spinal Injury ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • လှုပ်ရှားမှု မရှိခြင်း
  • အာရုံခံမှုပျောက်ဆုံးခြင်း (အပူ၊အအေး၊ အထိအတွေ့ တို့ကို မခံစားနိုင်ခြင်း)
  • ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း
  • Reflex activities သို့ spasms များခြင်း
  • လိင်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း၊ လိင်ပိုင်းဆိုင်ရာ အာရုံခံစားမှုများပြီး ကလေးရနိုင်ခြင်း
  • ကျောရိုးမအတွင်းပိုင်းက အာရုံကြောအမျှင်တွေကို ထိခိုက်မှုကြောင့် နာကျင်မှု၊ ပြင်းထန်စွာ ထုံကျင်မှု ဖြစ်ခြင်း
  • အသက်ရှူရခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ အဆုတ်မှ အရည် ထွက်ခြင်း

ဆရာဝန်ကို ချက်ချင်းပြသင့်တဲ့ အရေးပေါ်လက္ခဏာတွေကတော့

  • လည်ပင်း၊ ခေါင်း၊ ခါးမှာ အလွန်နာကျင်ခြင်း၊ ဖိအားများခြင်း
  • ကိုယ်ခန္ဓါ အစိတ်အပိုင်းတစ်ခုခု အားနည်းခြင်း၊ ထိန်းညှိဆောင်ရွက်နိုင်ခြင်းမရှိခြင်း၊ အကြောဆွဲခြင်း
  • ထုံကျင်ခြင်း၊ လက်၊ လက်ချောင်း၊ ခြေဖဝါး၊ ခြေချောင်းများ အာရုံစူးစိုက်မှု ပျောက်ဆုံးခြင်း
  • ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း
  • ထိခိုက်မှု ဖြစ်အပြီး အသက်ကောင်းကောင်း မရှူနိုင်ခြင်း
  • ခါး၊ လည်ပင်း လိမ်ခြင်း၊ ပုံမှန်မဟုတ်ခြင်း

ဒါ့ပြင် ကျောရိုးမထိခိုက်ခြင်းကြောင့် မလှုပ်ရှားနိုင်ခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်။

  • Tetraplegia – Quadriplegia လို့လည်းခေါ်ပြီး ဒါဟာ လက်မောင်း၊ လက်၊ ကိုယ်ခန္ဓါ၊ ခြေထောက်တွေနဲ့ တင်ပါးဆုံကိုယ်အင်္ဂါတွေအားလုံးဟာ ကျောရိုးမထိခိုက်မှုမှာ ပါဝင်ပါတယ်။
  • Paraplegia – သူကတော့ ကိုယ်ခန္ဓါ၊ ခြေထောက်၊ တင်ပါးဆုံအင်္ဂါတွေအားလုံး (သို့) တစ်ချို့တစ်ဝက် ပါဝင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

ခေါင်း၊ လည်ချောင်းကို သိသိသာသာ ထိခိုက်မိသူတွေဟာ ကျောရိုးမဒဏ်ရာရရှိခြင်း ကို သိရှိဖို့ စစ်ဆေးသင့်ပါတယ်။ ဒဏ်ရာရသူတွေကို အခြားအကြောင်းရင်း သိရှိမှု မရှိမချင်း ကျောရိုးမဒဏ်ရာရရှိခြင်းလို့ ယူဆထားတာ စိတ်အချရဆုံး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့

  • ပြင်းထန်စွာ ကျောရိုးမဒဏ်ရာရရှိခြင်းဟာ ချက်ချင်း မသိသာပါဘူး။ သူ့ကို သတိမထားမိရင် ပိုမို ပြင်းထန်တဲ့ ဒဏ်ရာရရှိမှုတွေဖြစ်နိုင်ပါတယ်။
  • ထုံကျင်ခြင်း၊ မလှုပ်နိုင်ခြင်းဟာ ချက်ချင်း (သို့) ကျောရိုးမ အတွင်းနဲ့ပတ်လည်မှာ သွေးထွက်မှု၊ ရောင်ရမ်းမှု ဖြစ်လာတာနဲ့ အမျှ တစ်ဖြည်းဖြည်း ဖြစ်လာနိုင်ပါတယ်။
  • ဒဏ်ရာရရှိမှုနဲ့ ကုသမှုကြားက အချိန်ဟာ နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ နလန်ထခြင်းကို ဆုံးဖြတ်ရာမှာ အရေးကြီးပါတယ်။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Spinal Injury (ကျောရိုးထိခိုက်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

ကျောရိုးမဒဏ်ရာရရှိခြင်းဟာ ခန့်မှန်းမရနိုင်တဲ့ မတော်တဆမှု၊ အကြမ်းဖက်မှုတွေမှာ ဖြစ်ပွားနိုင်ပါတယ်။ ကျောရိုးမဒဏ်ရာရရှိခြင်းဟာ အောက်ပါအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။

  • အကြမ်းဖက်ခြင်းတွေဖြစ်တဲ့ ဓါးထိုးခြင်း၊ သေနတ်ပစ်ခြင်း
  • ရေတိမ်ကို ဒိုင်ဗင်ထိုးမိပြီး ကြမ်းပြင်နဲ့ ရိုက်မိခြင်း (အထူးသဖြင့် မျက်နှာ၊ ခေါင်း၊ လည်ချောင်း၊ ရင်ဘတ်နေရာများကို ထိမိခြင်း)
  • မြင့်မားတဲ့နေရာများမှ ပြုတ်ကျခြင်း
  • အားကစားလုပ်နေစဉ် ခေါင်း သို့ ကျောရိုးမဒဏ်ရာရရှိခြင်း
  • လျှပ်စစ် မတော်တဆမှုများ

Torso အလယ်ပိုင်း ပြင်းထန်စွာ လိမ်ခြင်း

ဖြစ်နိုင်ခြေများ

Spinal Injury (ကျောရိုးထိခိုက်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

Spinal Injury ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • ကားအတွင်းမှာ ခါးပတ်မပတ်ခြင်း
  • အားကစား ပြုလုပ်နေစဉ် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေကို အသုံးမပြုခြင်း

ရေ တိမ် မတိမ်၊ ကျောက်ရှိမရှိ မစစ်ဆေးပဲ ဒိုင်ဗင် ထိုးချခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Spinal Injury (ကျောရိုးထိခိုက်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

အရေးပေါ်အခန်းထဲမှာ ဆရာဝန်က အာရုံခံစားမှုတွေကို စစ်ဆေးခြင်း၊ မေးခွန်းမေးခြင်း အားဖြင့် ကျောရိုးမဒဏ်ရာရရှိခြင်းကို သိရှိနိုင်ပါတယ်။

ဒါပေမယ့် ထိခိုက်မိသူဟာ လည်ပင်းနာကျင်ခြင်း ရှိပြီး ကောင်းကောင်း သတိမရရင် (သို့) အာရုံကြောပိုင်းဆိုင်ရာ ထိခိုက်မှုရှိရင် အရေးပေါ် စစ်ဆေးမှုတွေလိုလာ နိုင်ပါတယ်။

ဒီ စစ်ဆေးမှုတွေကတော့ –

– Computerized tomography (CT) scan

– X-rays

– Magnetic resonance imaging (MRI) တို့ပဲဖြစ်ပါတယ်။

Spinal Injury (ကျောရိုးထိခိုက်ခြင်း) ကို ဘယ်လိုကုသပါသလဲ

ကျောရိုးမဒဏ်ရာရရှိခြင်းကို ကုသနိုင်မယ့် နည်းလမ်း မရှိသေးပါဘူး။ ဒါပေမယ့် လေ့လာမှုတွေဟာ ကုသမှုအသစ်တွေ ဖြစ်တဲ့ အစားထိုးထည့်ခြင်း၊ အာရုံကြောဆဲလ် ပြန်ပွားနိုင်ပြီး လုပ်ငန်းဆောင်တာ ပြန်လုပ်ဆောင်နိုင်တဲ့ ဆေးပေးခြင်းတွေကို ဆက်တိုက် ကြိုးစားရှာဖွေနေကြပါတယ်။

တစ်ချိန်တည်းမှာပဲ ကျောရိုးမဒဏ်ရာရရှိခြင်းရဲ့ ကုသမှုဟာ နောက်ထပ်ဒဏ်ရာရရှိခြင်းကို ကာကွယ်ခြင်းနဲ့ ကျောရိုးမဒဏ်ရာရရှိခြင်းအပြီးမှာ ပုံမှန် လှုပ်လှုပ်ရှားရှားဘဝကို ပြန်ရောက်အောင် အားပေးခြင်းတွေကို အဓိကထားပါတယ်။

အရေးပေါ် အခြေအနေတွေမှာတော့ အောက်ပါ အချက်တွေကို လိုက်နာသင့်ပါတယ်။

  • အရေးပေါ်ခေါ်ခြင်း
  • လူနာကို မလှုပ်စေခြင်း
  • ငြိမ်ငြိမ်နေအောင် အားပေးခြင်း
  • CPR လုပ်ခြင်း

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Spinal Injury ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် Spinal Injury ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    • ကားစီးစဉ် ခါးပတ်ပတ်ခြင်း
    • အားကစားပြုလုပ်စဉ် ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတွေကို ဝတ်ဆင်ခြင်း
    • ရေနက်မနက်၊ ကျောက်တုံးရှိမရှိ မသေချာပဲ ဒိုင်ဗင်ထိုးခြင်းကို ရှောင်ကျဉ်ခြင်း

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Spinal injury. http://www.webmd.com/pain-management/pain-management-spinal-cord-injury-medref. Accessed 26 Feb 2017.
Spinal injury. http://www.mayoclinic.org/diseases-conditions/spinal-cord-injury/basics/symptoms/con-20023837. Accessed 26 Feb 2017.
Spinal injury. http://www.healthline.com/health/spinal-injury#Overview1. Accessed 26 Feb 2017.

ယခုပုံစံ

12/05/2020

Dr . Phyu Mon Latt မှ ရေးသားသည်။

Ye Kyaw Hlaing မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ



Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement