backup og meta

Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) ကဘာလဲ။

ပခုံးအရိုးပြား (သို့)လက်ပြင်ရိုးပြား ဆိုသည်မှာ ကျောအထက်ပိုင်းတွင် ရှိသည့် လက်မောင်းနှင့် ရင်ဘတ်ကို ဆက်သွယ်ပေးထားသော အရိုးဖြစ်သည်။ ပခုံးဆစ်၏ လက်မောင်းနှင့် ခွက်နေသောလက်မောင်းအိမ်အခေါင်းကိုဆက်သွယ်ပေးထားသည့်ခွက်နေသောလက်မောင်းအိမ်အခေါင်းအဖြစ်လည်း ရှိပေးသည်။Acromion နှင့် Coracoid processesများဆိုသည်မှာ လက်ပြင်ရိုးပြား အပေါ်ပိုင်းရှိ အရိုးဖုများဖြစ်ပြီး လက်ပြင်ရိုးပြားနှင့် ညှပ်ရိုးတို့ကိုဆက်သွယ်ပေးသည်။ လက်ပြင်ရိုးပြားကို ပခုံးဆစ်၏ ပျော့ပျောင်းသောလှုပ်ရှားမှုပြုလုပ်ပေးသည့် ကြွက်သားအထူလွှာများဖြင့် ကာရံထားသည်။ လက်ပြင်ရိုးအားကျိုးစေရန်အလွန်ပြင်းထန်သောအားတခုကို

လိုအပ်တတ်သောကြောင့် ဆရာဝန်သည် လက်ပြင်ရိုးပြား ကျိုးလာသူတွင် အခြားသောထိခိုက်ဒဏ်ရာများရှိမရှိကို လေ့လာရတတ်သည်။ ပခုံးလက်ပြင်ရိုးပြားအပါအဝင်အရိုးနေရာများစွာ ကျိုးနေကြောင်းကို တွေ့ရှိရသည်။

Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ပခုံးလက်ပြင်ရိုးပြားသည် ကျိုးရန်ခဲယဉ်းပြီး ကျိုးသောအရိုးများအားလုံးတွင် လက်ပြင်ရိုးကျိုးခြင်းသည် 1ရာခိုင်နှုန်းအောက်တွင် သာရှိကြောင်းသိရသည်။ အသက်25 မှ 45အတွင်း လူများတွင် ပို၍ဖြစ်ပွားလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအသက်အရွယ်အတွင်းရှိလူများ၏ကြုံတွေ့ပြုလုပ်သော လှုပ်ရှားမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများကြောင့်ဖြစ်သည်။ အားကစားလှုပ်ရှားမှုများ၊မော်တော်ယဉ်မတော်တဆမှုများနှင့် အခြားသော ထိခိုက်ဒဏ်ရာရမှုများကြောင့် ဖြစ်တတ်သည်။

အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပခုံး လက်ပြင်ရိုးပြား ကျိုးခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

  • သင်၏လက်မောင်းကို လှုပ်ရန်ကြိုးစားသောအခါ ပြင်းထန်သောနာကျင်မှုကိုခံစားရခြင်း
  • လက်မောင်းကို ခေါင်းကျော်အောင်မမြှောက်နိုင်ခြင်း
  • သင့်ကျောလက်ပြင်ရိုးနောက်တွင် ရောင်ရမ်းခြင်း၊ညိုမည်းစွဲခြင်းနှင့် အရေပြားများပွန်းပဲ့ခြင်း စသည်ဖြင့် ဖြစ်သည်။

အခြားသော ထိခိုက်ဒဏ်ရာများသည်လည်း ပခုံးလက်ပြင်ရိုးကျိုးခြင်းကဲ့သို့ပင် လက္ခဏာများပြနိုင်သည်။ အရိုးကျိုးခြင်းအားလုံးမှာ ပြင်းထန်သောကြောင့် အထက်ပါလက္ခဏာများထဲမှ မည်သည့်လက္ခဏာမဆိုဖြစ်ပွားနေပါက သင့်ဆရာဝန်နှင့် တွေ့ဆုံပြသရန် အရေးကြီးလှပါသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

ပခုံးလက်ပြင်ရိုးကျိုးခြင်းသည် အားအလွန်ပြင်းသော တိုက်ရိုက်ထိခိုက်ဒဏ်ရာကြောင့်ဖြစ်ပွားပြီး ရင်ဘတ်၊အဆုတ်နှင့် ပခုံးရှိ တွဲဖက်ဖြစ်ပွားသောဒဏ်ရာများကိုလည်း ပခုံးလက်ပြင်ရိုးကျိုးသည့် သူ80ရာခိုင်နှုန်းလောက်တွင် တွေ့ရတတ်သည်။ ပခုံးလက်ပြင်ရိုးကျိုးစေသည့် အဖြစ်များသောအကြောင်းအရင်းများမှာ

  • မော်တော်ယဉ်မတော်တဆမှုများ
  • ပခုံးအားတိုက်ရိုက်ထိခိုက်ဒဏ်ရာရစေသည့် ပစ်လဲမှု၊ချော်လဲမှု၊(သို့)ပြုတ်ကျခြင်း
  • လက်မောင်းဆန့်ထားရက်ပြုတ်ကျခြင်း
  • တူ(သို့) ဘေ့စ်ဘော ရိုက်တံကဲ့သို့သော ပစ္စည်းများကြောင့်ဖြစ်သော တိုက်ရိုက်ထိခိုက်ဒဏ်ရာရမှုများ စသည်ဖြင့်ဖြစ်သည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ထပ်မံသိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်တစ်ဦးသည် ကျိုးနေသည့် လက်ပြင်ရိုးပြားတခုအား ထိတွေ့ကိုင်တွယ်စမ်းသပ်ခြင်းနှင့် ဓါတ်မှန်ရိုက်အပြီးတွင် သိရှိအတည်ပြုပေးနိုင်ပါသည်။ ပခုံးနှင့် ရင်ဘတ်ဓါတ်မှန်များကိုရိုက်ရတတ်သည်။ အခြားသောထိခိုက်ဒဏ်ရာများကို သိရှိစစ်ဆေးရန် ဗိုက်နှင့်ရင်ဘတ်အား ကွန်ပြူတာဓါတ်မှန်ရိုက်ရန်လည်း ညွှန်ကြားခြင်းခံရတတ်သည်။

ပခုံး၏ သံလိုက်ဓါတ်မှန်(သို့)ကွန်ပြူတာဓါတ်မှန်များအား

ပခုံးအဆစ်ရိုး၏အခေါင်းအိမ်ကျိုးသွားခြင်းရှိမရှိကို စစ်ဆေးရန်လည်း ရိုက်ရတတ်သည်။ တခါတရံတွင် မော်တော်ယာဉ်မတော်တဆမှုများ၊ပြုတ်ကျမှုများ၊(သို့)တိုက်ရိုက်ထိခိုက်မှုများအပြီးတွင်ပခုံးလက်ပြင်ရိုးကျိုးခြင်းကို အထူးစစ်ဆေးမှုများမှ သာမြင်တွေ့ရတတ်သည်။

Broken Shoulder Blade (ပခုံး လက်ပြင်ရိုး ကျိုးခြင်း ) ကို ဘယ်လိုကုသပါသလဲ

ခွဲစိတ်မှုမဟုတ်သော ကုသမှု

ကျိုးသွားသောပခုံးလက်ပြင်ရိုးအများစုကို ခွဲစိတ်ရန်မလိုပဲကုသနိုင်ပါသည်။ သင်၏အရိုးများပြန်ဆက်နေချိန်တွင် သင့်ပခုံးအားထောက်ကန်ပေးမည့် slingဟုခေါ်သည့် ကြိုးအသိုင်းတခုအား ဆရာဝန်မှ သင့်အတွက်ပြုလုပ်ထားပေးတတ်သည်။ ထို့ပြင်တောင့်တင်းနေ

မှု၊နာကျင်မှုများအားသက်သာစေရန်သင့်ပခုံးဆစ်၏

လှုပ်ရှားမှုကိုများစေသော ကာယလေ့ကျင့်ကုသမှုများကိုလည်း ညွှန်ကြားတတ်ပါသည်။ ကာယလေ့ကျင့်ကုသမှုအတွက် အသင့်မဖြစ်သေးခင်အထိသ့င်၏ပခုံးကိုအနားပေးထားရန်ညွှန်ကြားခံရနိုင်ပါသည်။ ကာယလေ့ကျင့်ကုသမှုကို မကြာခဏအသုံးပြုရတတ်ပြီး သင်၏ပခုံးလှုပ်ရှားမှုအပြည့်အဝပြန်လည်ရရှိသည်အထိ ဆက်လက်ပြုလုပ်ပေးရသည်။ သင်၏ဆရာဝန်မှသင့်တော်သည့်

အချိန်တွင် ကြိုးအသိုင်းအားဖြုတ်ရန်ညွှန်ကြားမှာဖြစ်ပြီး အများအားဖြင့် သင့်နာကျင်မှုများပျောက်သွားချိန်တွင် ထိုကဲ့သို့ညွှန်ကြားတတ်ပါသည်။

ခွဲစိတ်မှု

အချို့သောကျိုးနေသည့် ပခုံးပြင်ရိုးများသည် ခွဲစိတ်ကုသရန်လိုအပ်တတ်သည်။ အောက်ပါအတိုင်းဖြစ်သည်။

  • ပခုံးလက်ပြင်ရိုးကျိုးသောအခါ ပခုံးအဆစ်ရိုးအခေါင်းအိမ်ပါ လွဲချော်သွားခြင်း
  • ပခုံးလက်ပြင်ရိုး၏လည်ပင်းပိုင်း ပြင်းထန်ဆိုးဝါးစွာကျိုးထားခြင်း
  • လက်မောင်းရိုးကိုပွတ်ဆွဲသွားစေသည့် Acromion အရိုးကျိုးသွားခြင်း

ခွဲစိတ်စဉ်တွင် မေ့ဆေးပေးထားရပြီး ခွဲစိတ်ဆရာဝန်သည် သင့်အရိုးများကို နဂိုအတိုင်းညီညာအောင် ပြန်ပြုပြင်ပေးရပြီး ထိုအရိုးများကိုသတ္တုပြားများ၊ဝက်အူလှည့်များ(သို့)ဝိုင်ယာကြိုး

များဖြင့် ကပ်ကာထိန်းပေးပါသည်။ ခွဲစိတ်မှုမလိုသောကုသမှုကဲ့သို့

ပင် သင်၏ခွဲစိတ်မှုအပြီး အနားယူရန်လိုပြီး သင်၏ပခုံးလှုပ်ရှားမှုအပြည့်အဝရသည်အထိ ကာယလေ့ကျင့်ကုသ

မှုများကို လုပ်ဆောင်ရပါမည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ပခုံး လက်ပြင်ရိုးပြားကျိုးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

ပခုံးလက်ပြင်ရိုးကျိုးခြင်းသည် ပြင်းထန်သော အသက်ဘေးအထိခြိမ်းခြောက်နိုင်သည့် ဒဏ်ရာများကို မကြာခဏ ဖြစ်ပွားသွားစေနိုင်သောကြောင့် ထိုကဲ့သို့ဖြစ်ပွားလာပါက ဆေးရုံရှိအရေးပေါ်ဋ္ဌာနတွင် စစ်ဆေးစမ်းသပ်သင့်ပါသည်။

  • လက်မောင်းကို ငြိမ်အောင်ချက်ချင်းထိန်းထားပါ။ လုံးဝမလှုပ်ပါနှင့်။ ကွေးထားသောတံထောင်ဆစ်နှင့် လည်ပင်းတို့အပေါ်သိုင်းထားသောကြိုးအသိုင်းအားအသုံးပြုကာ ထိခိုက်ထားသောလက်မောင်းနှင့် ကိုယ်ကိုကပ်ထားပြီး ငြိမ်အောင်ထိန်းထားနိုင်ပါသည်။
  • ရေခဲကပ်ကာ ရောင်ရမ်းမှုနှင့် နာကျင်မှုတို့ကိုသက်သာအောင်လုပ်ပါ။
  • တစ်ကြိမ်လျှင် ရေခဲကို မိနစ်20ခန့်ကပ်ပါ။ အရေပြားနှင့် ရေခဲတိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ပါ။(အဝတ်ပါးပါးတခုကို ကြားခံအဖြစ်သုံးပါ)

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Broken Shoulder Blade. https://www.webmd.com/a-to-z-guides/broken-shoulder-blade. Accessed October 26, 2017.
Broken Shoulder Blade. https://www.emedicinehealth.com/broken_shoulder_blade/. Accessed October 26, 2017.
Shoulder Blade Fractures. https://www.healthline.com/health/pain-relief/shoulder-blade-fractures. Accessed October 26, 2017.

ယခုပုံစံ

08/07/2022

Dr.Nyan Linn မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ



Dr.Nyan Linn မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement