အဓိပ္ပါယ်ဖွင့်ဆိုချက်
Broken Hand (လက်ကျိုးခြင်း) ကဘာလဲ။
သင့်၏လက်ကောက်ဝတ်(သို့)လက်ရှိအရိုးများတခု(သို့)တခုထက်ပို၍ကျိုးသွားခြင်း(သို့)အက်သွားခြင်းကို လက်ကျိုးခြင်းဟုခေါ်သည်
။ ချော်လဲကျသောအခါ မိမိကိုယ်ကိုထိန်း၍ ဆန့်ထားသောလက်ဖြင့်မြေပြင်ကို ထောက်မိသောအခါ ထိုကဲ့သို့သောထိခိုက်မှုအများစုသည် လက်ကောက်ဝတ်တွင်ဖြစ်
ပွားလေ့ရှိသည်။ ထိုကဲ့သို့သောလက်ကောက်ဝတ်(သို့)လက်ကျိုး
ခြင်းကို တတ်နိုင်သမျှမြန်မြန်ကုသရန်အရေးကြီးသည်။ မကုသပါက
အရိုးမျှသည် ပုံပန်းမကျ ဆက်သွားပြီး သင့်၏နေ့စဉ်လုပ်ငန်းများ ဥပမာစာရေးခြင်း (သို့)ကြယ်သီးတပ်ခြင်း စသည်တို့ကိုထိခိုက်
သွားစေနိုင်ပါသည်။ စောစီးစွာကုသခြင်းသည် နာကျင်မှုနှင့် တောင့်ခဲနေမှုတို့ကို သက်သာစေသည်။
Broken Hand (လက်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
လက္ခဏာများ
Broken Hand (လက်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ
လက်အားထိခိုက်အနာတရဖြစ်ခြင်းသည် သိသာလှပါသည်။
လက်ကျိုးခြင်း ရဲ့ ရောဂါလက္ခဏာတွေကတော့
- ရောင်ရမ်းခြင်း
- ညိုမည်းစွဲခြင်း
- နာကျင်ခြင်း
- လက်ချောင်းများပုံပန်းမကျဖြစ်ခြင်း
- အားနည်းခြင်း
- လက်မှ ကောင်းစွာမဆုပ်ကိုင်နိုင်ခြင်း
- လက်ချောင်းများ၏လှုပ်ရှားမှုပမာဏလျော့နည်းသွားခြင်း
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
သင့်လက်များသည် ပုံမှန်အတိုင်းလုပ်ဆောင်နိုင်စွမ်းရှိနေစေရန် အလွန်အရေးကြီးပြီး မည်သည့်ပြုပြင်မရတော့သည့်ထိခိုက်မှုမျှမရှိ
စေရန်သေချာအောင်စစ်ဆေးထားသင့်ပါသည်။ အဘယ်ကြောင့်ဆို
သော်သင့်လက်များသည် အလွန်အရေးကြီးသောကြောင့် ဆရာဝန်တစ်ဦးသည် အလွန်အရေးမကြီးလှသောထိခိုက်မှုမှလွဲ၍
ကျန်သည့်လက်၏ထိခိုက်မှုများကို ကြည့်ရှူစစ်ဆေးကာ အရေးပေါ်
အခန်းသို့ရောဂါရှာရန်နှင့်ကုသမှုအတွက်ပို့ဆောင်ပေးနိုင်ရန်ဖြစ်သည်။
အကြောင်းရင်းများ
Broken Hand (လက်ကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ
အဖြစ်အများဆုံးသောလက်ကျိုးစေသည့် အကြောင်းအရင်းများမှာ
အလုပ်ခွင်မတော်တဆမှုများ၊ကိရိယာများကို ကောင်းစွာမကိုင်တွယ်ခြင်း၊ကြေမွသွားစေသောထိခိုက်မှုများနှင့် အားကစားလုပ်ရာမှရသော ထိခိုက်ဒဏ်ရာများဖြစ်ကြသည်။ ထိခိုက်
မှုအများစုမှာ ကာကွယ်ထားနိုင်ပါသည်။
ဖြစ်နိုင်ခြေများ
ငါ့ဆီမှာ Broken Hand (လက်ကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ
ဘယ်အရာတွေက လက်ကျိုးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။
လက်ကျိုးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေက စကိတ်စီးခြင်း(သို့)နှင်းလွှာလျှောစီးခြင်းကဲ့သို့သောအားကစားအ
ချို့မှ စ၍ အရိုးများပါးလွှာကြွတ်ဆပ်လာသော အရိုးပွရောဂါအထိ
ရှိပါသည်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Broken Hand (လက်ကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ
လက်၏ထိခိုက်မှုအများစုသည်ဓါတ်မှန်ရိုက်ရန်လိုအပ်သည်။ လက်
အားမည်ကဲ့သို့ထိခိုက်ဒဏ်ရာရသွားသည်ကို သိရှိခြင်းအားဖြင့်
ဆရာဝန်အားမည်သည့်အရိုးကျိုးသွားသည်ကို ဆုံးဖြတ်သိရှိနိုင်ရန်
အထောက်အကူပြုပါသည်။ဥပမာ- လက်သီးဖြင့်ထိုးလိုက်၍ထိခိုက်
ဒဏ်ရာရသွားပါက အဖြစ်နိုင်ဆုံးကျိုးသည့်အရိုးမှာ လက်သန်းအရိုး
ဖြစ်သည်။ ဆရာဝန်သည်သင့်၏လက်ချောင်းများနှင့်လက်၊လက်ကောက်ဝတ်တို့ကို ထိတွေ့ပြီး မည်သည့်နေရာမှ အနာကျင်ဆုံးနှင့်
လက်ရှိသွေးကြော(သို့)အရွတ်ပြား(သို့)အာရုံကြောတို့ကိုထိခိုက်
သွားခြင်းရှိမရှိကိုစစ်ဆေးတတ်သည်။
Broken Hand (လက်ကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ
လက်၏ရှူပ်ထွေးမှုကြောင့်လက်၏ထိခိုက်မှုဒဏ်ရာများကို ကုသမှု
သည်လည်းကုသမှုတွင်ပါဝင်လာတတ်သည်။ ကုသမှုအစီအစဉ်မှာ
အောက်ပါအတိုင်းဖြစ်သည်။
- အများအားဖြင့်ဆရာဝန်သည် ဓါတ်မှန်ရိုက်တတ်သည်။
- ထုံဆေးအားလက်ကောက်ဝတ်နှင့်လက်ချောင်း၏အောက်ခြေရှိ အာရုံကြောများသို့ထိုးသွင်းကာ
သင့်လက်အားအနည်းငယ်ထုံစေပြီး အနာများကို သေချာဆေးကြောထိုးဆွကြည့်ရှူစစ်ဆေးတတ်သည်။
- မည်သည့်ပြတ်ရာများမဆိုသေချာစွာချုပ်ခြင်းဖြင့်ဖြစ်စေ အခြားနည်းများဖြင့်ဖြစ်စေ ပြန်ပိတ်ပေးရသည်။
- အနာအားပိုးမဝင်စေရန်ပိုးသတ်ဆေးများလည်းပေးတတ်သည်။
- ထိခိုက်ထားသောအစိတ်အပိုင်းကို ငြိမ်အောင်တခုခုနှင့်ကျပ်စည်း၍ သင့်တော်သောပုံစံတခု
တွင် ထားခြင်း
- လက်အရိုးခွဲစိတ်(သို့)ပလက်စတစ်ခွဲစိတ်အထူးကုထံ
သို့သင့်အား လွှဲပေးနိုင်သည်။
ထိခိုက်မှုအပြီးရက်အတော်အတန်အကြာတွင် အနာသက်သာဆေးများသင့်အားပေးနိုင်သည်။
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လက်ကျိုးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အများအားဖြင့် မည်သည့်လက်ရှိထိခိုက်ဒဏ်ရာမျိုးမဆို (အလွန်သေးငယ်၍အရေးမကြီးသောအပေါ်ယံအနာမျိုးမှလွဲ၍)
ဆရာဝန်တစ်ဦးမှ ကြည့်ရှူစစ်ဆေးသင့်ပါသည်။ ရှေးဦးသူနာပြုမှု
သည်လည်း နောက်ထပ်ဒဏ်ရာအနာတရမဖြစ်ရန်ကာကွယ်ပေးနိုင်
ပါသည်။
- သန့်ရှင်းသောအဝတ်(သို့)ဂွမ်းလိပ်တခုဖြင့် အနာပေါ်သို့အုပ်ကာသွေးတိတ်အောင်လုပ်ပါ။
- ထိခိုက်မှုဖြစ်ဖြစ်ချင်း ဒဏ်ရာရနေရာအား ရေခဲကပ်၍အနာသက်သာအောင်လုပ်ပြီးရောင်ရမ်းမှုကိုကျအောင်လုပ်ပါ။
- မည်သည့်လက်ဝတ်ရတနာကိုမဆို ချက်ချင်းချွတ်ထားပါ။
လက်သည်အလွန်အမင်းရောင်ရမ်းလာနိုင်ပြီး ရောင်ရမ်းသွားသောအခါမှ လက်ဝတ်ရတနာများအား မချွတ်နိုင်တော့ပဲဖြစ်သွားတော့သောကြောင့်ဖြစ်သည်။
- ရောဂါရှာဖွေစစ်ဆေးမှုနှင့်ကုသမှုအတွက်အရေးပေါ်ခန်းသို့ပို့ဆောင်ပေးမည့် သင့်ဆရာဝန်အားဆက်သွယ်၍ မေးမြန်းပါ။
- အကယ်၍သင့်လက်သည်သိသိသာသာပုံပျက်သွားပါက ထိခိုက်ထားသောထိုလက်အား ခေါင်းအုံးအပေါ်တွင်တင်ကာခုထားခြင်းဖြင့် ဆေးရုံ(သို့)
ဆရာဝန်အခန်းသို့သယ်သွားပါ။
- Acetaminophen (သို့)ibuprofen တို့ကို ဆေးညွှန်းအတိုင်းအနာသက်သာရန်သောက်သုံးပါ။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-bmi]