backup og meta

Broken Hand (လက်ကျိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Broken Hand (လက်ကျိုးခြင်း) ကဘာလဲ။

သင့်၏လက်ကောက်ဝတ်(သို့)လက်ရှိအရိုးများတခု(သို့)တခုထက်ပို၍ကျိုးသွားခြင်း(သို့)အက်သွားခြင်းကို လက်ကျိုးခြင်းဟုခေါ်သည်

။ ချော်လဲကျသောအခါ မိမိကိုယ်ကိုထိန်း၍ ဆန့်ထားသောလက်ဖြင့်မြေပြင်ကို ထောက်မိသောအခါ ထိုကဲ့သို့သောထိခိုက်မှုအများစုသည် လက်ကောက်ဝတ်တွင်ဖြစ်

ပွားလေ့ရှိသည်။ ထိုကဲ့သို့သောလက်ကောက်ဝတ်(သို့)လက်ကျိုး

ခြင်းကို တတ်နိုင်သမျှမြန်မြန်ကုသရန်အရေးကြီးသည်။ မကုသပါက

အရိုးမျှသည် ပုံပန်းမကျ ဆက်သွားပြီး သင့်၏နေ့စဉ်လုပ်ငန်းများ ဥပမာစာရေးခြင်း (သို့)ကြယ်သီးတပ်ခြင်း စသည်တို့ကိုထိခိုက်

သွားစေနိုင်ပါသည်။ စောစီးစွာကုသခြင်းသည် နာကျင်မှုနှင့် တောင့်ခဲနေမှုတို့ကို သက်သာစေသည်။

Broken Hand (လက်ကျိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Broken Hand (လက်ကျိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

လက်အားထိခိုက်အနာတရဖြစ်ခြင်းသည် သိသာလှပါသည်။

လက်ကျိုးခြင်း ရဲ့ ရောဂါလက္ခဏာတွေကတော့

  • ရောင်ရမ်းခြင်း
  • ညိုမည်းစွဲခြင်း
  • နာကျင်ခြင်း
  • လက်ချောင်းများပုံပန်းမကျဖြစ်ခြင်း
  • အားနည်းခြင်း
  • လက်မှ ကောင်းစွာမဆုပ်ကိုင်နိုင်ခြင်း
  • လက်ချောင်းများ၏လှုပ်ရှားမှုပမာဏလျော့နည်းသွားခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်လက်များသည် ပုံမှန်အတိုင်းလုပ်ဆောင်နိုင်စွမ်းရှိနေစေရန် အလွန်အရေးကြီးပြီး မည်သည့်ပြုပြင်မရတော့သည့်ထိခိုက်မှုမျှမရှိ

စေရန်သေချာအောင်စစ်ဆေးထားသင့်ပါသည်။ အဘယ်ကြောင့်ဆို

သော်သင့်လက်များသည် အလွန်အရေးကြီးသောကြောင့် ဆရာဝန်တစ်ဦးသည် အလွန်အရေးမကြီးလှသောထိခိုက်မှုမှလွဲ၍

ကျန်သည့်လက်၏ထိခိုက်မှုများကို ကြည့်ရှူစစ်ဆေးကာ အရေးပေါ်

အခန်းသို့ရောဂါရှာရန်နှင့်ကုသမှုအတွက်ပို့ဆောင်ပေးနိုင်ရန်ဖြစ်သည်။

အကြောင်းရင်းများ

Broken Hand (လက်ကျိုးခြင်း) ကိုဘာတွေကဖြစ်စေသလဲ

အဖြစ်အများဆုံးသောလက်ကျိုးစေသည့် အကြောင်းအရင်းများမှာ

အလုပ်ခွင်မတော်တဆမှုများ၊ကိရိယာများကို ကောင်းစွာမကိုင်တွယ်ခြင်း၊ကြေမွသွားစေသောထိခိုက်မှုများနှင့် အားကစားလုပ်ရာမှရသော ထိခိုက်ဒဏ်ရာများဖြစ်ကြသည်။ ထိခိုက်

မှုအများစုမှာ ကာကွယ်ထားနိုင်ပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Broken Hand (လက်ကျိုးခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

ဘယ်အရာတွေက လက်ကျိုးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

လက်ကျိုးခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေက စကိတ်စီးခြင်း(သို့)နှင်းလွှာလျှောစီးခြင်းကဲ့သို့သောအားကစားအ

ချို့မှ စ၍ အရိုးများပါးလွှာကြွတ်ဆပ်လာသော အရိုးပွရောဂါအထိ

ရှိပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Broken Hand (လက်ကျိုးခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

လက်၏ထိခိုက်မှုအများစုသည်ဓါတ်မှန်ရိုက်ရန်လိုအပ်သည်။ လက်

အားမည်ကဲ့သို့ထိခိုက်ဒဏ်ရာရသွားသည်ကို သိရှိခြင်းအားဖြင့်

ဆရာဝန်အားမည်သည့်အရိုးကျိုးသွားသည်ကို ဆုံးဖြတ်သိရှိနိုင်ရန်

အထောက်အကူပြုပါသည်။ဥပမာ- လက်သီးဖြင့်ထိုးလိုက်၍ထိခိုက်

ဒဏ်ရာရသွားပါက အဖြစ်နိုင်ဆုံးကျိုးသည့်အရိုးမှာ လက်သန်းအရိုး

ဖြစ်သည်။ ဆရာဝန်သည်သင့်၏လက်ချောင်းများနှင့်လက်၊လက်ကောက်ဝတ်တို့ကို ထိတွေ့ပြီး မည်သည့်နေရာမှ အနာကျင်ဆုံးနှင့်

လက်ရှိသွေးကြော(သို့)အရွတ်ပြား(သို့)အာရုံကြောတို့ကိုထိခိုက်

သွားခြင်းရှိမရှိကိုစစ်ဆေးတတ်သည်။

Broken Hand (လက်ကျိုးခြင်း) ကို ဘယ်လိုကုသပါသလဲ

လက်၏ရှူပ်ထွေးမှုကြောင့်လက်၏ထိခိုက်မှုဒဏ်ရာများကို ကုသမှု

သည်လည်းကုသမှုတွင်ပါဝင်လာတတ်သည်။ ကုသမှုအစီအစဉ်မှာ

အောက်ပါအတိုင်းဖြစ်သည်။

  • အများအားဖြင့်ဆရာဝန်သည် ဓါတ်မှန်ရိုက်တတ်သည်။
  • ထုံဆေးအားလက်ကောက်ဝတ်နှင့်လက်ချောင်း၏အောက်ခြေရှိ အာရုံကြောများသို့ထိုးသွင်းကာ

သင့်လက်အားအနည်းငယ်ထုံစေပြီး အနာများကို သေချာဆေးကြောထိုးဆွကြည့်ရှူစစ်ဆေးတတ်သည်။

  • မည်သည့်ပြတ်ရာများမဆိုသေချာစွာချုပ်ခြင်းဖြင့်ဖြစ်စေ အခြားနည်းများဖြင့်ဖြစ်စေ ပြန်ပိတ်ပေးရသည်။
  • အနာအားပိုးမဝင်စေရန်ပိုးသတ်ဆေးများလည်းပေးတတ်သည်။
  • ထိခိုက်ထားသောအစိတ်အပိုင်းကို ငြိမ်အောင်တခုခုနှင့်ကျပ်စည်း၍ သင့်တော်သောပုံစံတခု

တွင် ထားခြင်း

  • လက်အရိုးခွဲစိတ်(သို့)ပလက်စတစ်ခွဲစိတ်အထူးကုထံ

သို့သင့်အား လွှဲပေးနိုင်သည်။

ထိခိုက်မှုအပြီးရက်အတော်အတန်အကြာတွင် အနာသက်သာဆေးများသင့်အားပေးနိုင်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက လက်ကျိုးခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အများအားဖြင့် မည်သည့်လက်ရှိထိခိုက်ဒဏ်ရာမျိုးမဆို (အလွန်သေးငယ်၍အရေးမကြီးသောအပေါ်ယံအနာမျိုးမှလွဲ၍)

ဆရာဝန်တစ်ဦးမှ ကြည့်ရှူစစ်ဆေးသင့်ပါသည်။ ရှေးဦးသူနာပြုမှု

သည်လည်း နောက်ထပ်ဒဏ်ရာအနာတရမဖြစ်ရန်ကာကွယ်ပေးနိုင်

ပါသည်။

  • သန့်ရှင်းသောအဝတ်(သို့)ဂွမ်းလိပ်တခုဖြင့် အနာပေါ်သို့အုပ်ကာသွေးတိတ်အောင်လုပ်ပါ။
  • ထိခိုက်မှုဖြစ်ဖြစ်ချင်း ဒဏ်ရာရနေရာအား ရေခဲကပ်၍အနာသက်သာအောင်လုပ်ပြီးရောင်ရမ်းမှုကိုကျအောင်လုပ်ပါ။
  • မည်သည့်လက်ဝတ်ရတနာကိုမဆို ချက်ချင်းချွတ်ထားပါ။

လက်သည်အလွန်အမင်းရောင်ရမ်းလာနိုင်ပြီး ရောင်ရမ်းသွားသောအခါမှ လက်ဝတ်ရတနာများအား မချွတ်နိုင်တော့ပဲဖြစ်သွားတော့သောကြောင့်ဖြစ်သည်။

  • ရောဂါရှာဖွေစစ်ဆေးမှုနှင့်ကုသမှုအတွက်အရေးပေါ်ခန်းသို့ပို့ဆောင်ပေးမည့် သင့်ဆရာဝန်အားဆက်သွယ်၍ မေးမြန်းပါ။
  • အကယ်၍သင့်လက်သည်သိသိသာသာပုံပျက်သွားပါက ထိခိုက်ထားသောထိုလက်အား ခေါင်းအုံးအပေါ်တွင်တင်ကာခုထားခြင်းဖြင့် ဆေးရုံ(သို့)

ဆရာဝန်အခန်းသို့သယ်သွားပါ။

  • Acetaminophen (သို့)ibuprofen တို့ကို ဆေးညွှန်းအတိုင်းအနာသက်သာရန်သောက်သုံးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Broken hand. https://www.mayoclinic.org/diseases-conditions/broken-wrist-broken-hand/symptoms-causes/syc-20353169. Accessed October 25, 2017
Broken hand. https://www.webmd.com/a-to-z-guides/broken-hand#1-1. Accessed October 25, 2017

ယခုပုံစံ

06/01/2022

Dr.Nyan Linn မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement