Osteoarthritis အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာအဆစ်ရောင်ခြင်းရဲ့ တွေ့ရအများဆုံးပုံစံတခုဖြစ်ပြီးလူသားသန်းပေါင်းများစွာ ကြုံတွေ့နေရပါတယ်။ အရိုးရဲ့အနားသတ်မှာဖုံးအုပ် ပေးထားတဲ့ အရိုးနုလေးတွေဟာအချိန်ကြာလာတာနဲ့ အမျှ ပျက်စီးလာရင် ဖြစ်ပွားတတ်ပါတယ်။
အရိုးအဆစ်ရောင်ရမ်းခြင်းဟာသင့်ခန္ဓါကိုယ်ရဲ့ ဘယ်အရိုးအဆစ်မှာမဆို ဖြစ်ပွားနိုင်ပေမယ့် လက်၊ ဒူး၊ ပေါင်ရင်း၊ ကျောရိုးစတဲ့အရိုးဆစ်တွေမှာအများဆုံး ဖြစ်ပွားတတ်ပါတယ်။ အရိုးအဆစ်ရောင်ရမ်းခြင်းဟာဆိုးရွားလာတတ်ပြီးနောက်ဆုံးကုသဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် တက်ကြွက်စွာ လှုပ်ရှားနေထိုင်ပြီးကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကိုထိန်းကာတခြားကုသခြင်းတွေကိုပါ ခံယူရင် ရောဂါဆိုးရွားလာမှုကိုထိန်းထားနိုင်ပါတယ်။ နာကင်ျမှုကိုသက်သာစေနိုင်ပြီးအဆစ်ကိုလည်းကောင်းစွာလှုပ်ရှား နိုင်စေပါတယ်။
ဒီရောဂါဟာအဆစ်တွေရဲ့ အရိုးအဆုံးသတ်မှာအခုအခံသဖွယ် ကာကွယ်ပေးတဲ့ အရိုးနုလေးတွေပျက်စီးလာရင် ဖြစ်တတ်ပါတယ်။ အရိုးနုဆိုတာခိုင်မာပြီးချောမွတ်တဲ့ တစ်သျှူးအမျိုးအစားဖြစ်ပြီးအဆစ်တွေရဲ့ လှုပ်ရှားမှုကိုချောမွေ့စေပါတယ်။ အရိုးအဆစ်ရောင်ရမ်းလာရင် အဲ့ဒီအရိုးနုမျက်နှာပြင်များဟာ ကြမ်းတမ်းလာပါတယ်။ အရိုးနုများ လုံးဝပျက်စီးသွားတဲ့ အခါမှာတော့ အဆစ်တွေမှာအရိုးအချင်းချင်းပဲပွတ်တိုက် နေပါတော့တယ်။
ဒီရောဂါလက္ခဏာတွေဟာအချိန်နဲ့ အမျှ တဖြည်းဖြည်းဆိုးရွားလာတတ်ပါတယ်။
အရိုးဆစ်နာခြင်း၊ တောင့်တင်းခြင်းတွေ ရက်သတ္တပတ် အနည်းငယ်ထိရှိနေမယ်ဆိုရင် ဆရာဝန်ပြသင့်ပါတယ်။
အရိုးအဆစ်ရောင်ရမ်းခြင်းဆိုတာအချိန်ကြာလာတာနဲ့အတူပိုပြီးဆိုးရွားလာတတ်ပါတယ်။ အဆစ်အမြစ်နာခြင်း၊ တောင့်တင်းခြင်းတွေ ဆိုးရွားတာမို့ နေ့စဉ်လှုပ်ရှားမှုတွေကိုဒုက္ခပေးပါတယ်။ တချို့လူများဟာအလုပ်မလုပ်နိုင်တော့ပါဘူး။ အရိုးအဆစ်နာကျင်ခြင်းအရမ်းဆိုးရွားရင်တော့ အဆစ်အစားထိုးကုဖို့ ဆရာဝန်က အကြံပြုပါလိမ့်မယ်။
ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချိန်မှာ ဆရာဝန်ဟာ ဖြစ်နေတဲ့ အရိုးအဆစ်ကိုသေချာစမ်းသပ်ပါလိမ့်မယ်။ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်းတွေ ရှိမရှိနဲ့ ဘယ်လောက်ထိ လှုပ်ရှားနိုင်လဲဆိုတာစမ်းသပ်ပါလိမ့်မယ်။ သင့်ဆရာဝန်ဟာ ပုံရိပ်ဖော်စစ်ဆေးဖို့၊ ဓါတ်ခွဲစစ်ဆေးမှုတွေလုပ်ဖို့ အကြံပြုပါလိမ့်မယ်။
ရောဂါရှိနေတဲ့ အရိုးဆစ်ကို
အရိုးအဆစ်ရောင်ရမ်းခြင်းကို လုံးဝပျောက်ကင်းအောင် ကုသဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် နာကျင်မှုကိုသက်သာစေပြီး လှုပ်ရှားမှုကောင်းအောင် ကုသနိုင်ပါတယ်။
အရိုးအဆစ်ရောင်ရမ်းခြင်းလက္ခဏာတွေကိုတချို့ဆေးဝါးတွေနဲ့ သက်သာစေနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ထိန်းခြင်းဟာအကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဆရာဝန်ဟာ အောက်ပါကုထုံးတွေ ညွှန်နိုင်ပါတယ်။
ပုံမှန်ကုသခြင်းများနဲ့ မပျောက်ရင် အောက်ပါနည်းတွေ သုံးနိုင်ပါတယ်။
အောက်ပါနည်းတွေ ဆောင်ရွက်နိုင်ပါတယ်။
လေ့ကျင့်ခန်း။လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်အရိုးဆစ်အနီးတဝိုက်က ကြွက်သားတွေကိုပိုသန်မာပြီးခံနိုင်ရည် ရှိစေပါတယ်။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းစတာတွေ လုပ်ပေးနိုင်ပါတယ်။
ကိုယ်အလေးချိန်လျှော့ချခြင်း။ အဝလွန်ခြင်းဟာဒူးဆစ်၊ ပေါင်ဆစ် စတဲ့ အဆစ်အမြစ်တွေအပေါ် ပိုပြီးဖိအားသက်ရောက်စေပါတယ်။
အပူအအေးပေးခြင်း။၂မျိုးလုံးဟာနာကျင်မှုကိုသက်သာစေပါတယ်။ အပူဓါတ်ဟာတောင့်တင်းမှုကိုသက်သာစေပြီး၊ အအေးဓါတ်ဟာ ကြွက်သားအကြောဆွဲခြင်း၊ နာကျင်ခြင်းတွေကိုသက်သာစေပါတယ်။
ဆေးလိမ်းခြင်း။ဆေးဆိုင်တွေကနေအကိုက်အခဲပျောက်ဆေးခရင်မ်နဲ့ အဆီတွေ လိမ်းခြင်းဟာအရိုးအဆစ်နာခြင်းကိုသက်သာစေပါတယ်။
အကူပစ္စည်းသုံးခြင်း။ အကူပစ္စည်းကိရိယာများသုံးခြင်းဟာသင့်တနေ့တာလုပ်ဆောင်မှုတွေကိုအဆင်ပြေချောမွေ့စေပြီးနာကျင်မှုကိုသက်သာစေပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။