အချိုပသောကျန်းမာရေးအခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ချေများနိုင်ပါတယ်။
သွေးအားနည်းရောဂါ
သွေးကင်ဆာ
ဆီးချို
ဒေါင်းရောဂါ
အိတ်ခ်ျအိုင်ဗီကဲ့သို့ ခုခံအားပြဿနာများ
ကျောက်ကပ်၊ အသည်း၊ အဆုတ် ၊ သရက်ရွက်ကင်ဆာ
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
angular cheilitis (ကျီးကန်းပါးစပ်) ကို ဘယ်လိုအတည်ပြုပါသလဲ
အတည်ပြုဖို့အတွက် ဆရာဝန်က သင့်နှုတ်ခမ်းမှာ အက်ရာ၊ နီမြန်းခြင်း။ ရောင်ရမ်းခြင်း၊ ပေါက်ပြဲခြင်းရှီမရှိ နီးနီးကပ်ကပ်ကြည့်ပါလိမ့်မယ်။
ရေယုန်အရေပြားယားယံခြင်းကဲ့သို့သော အခြားအခြေအနေတွေကြောင့်လည်း ကျီးကန်းပါးစပ်နဲ့အလားတူတဲ့လက္ခဏာတွေ ပြနိုင်ပါတယ်။ အကြောင်းရင်းကိုသေချာဖို့ဆိုရင် ဆရာဝန်က နှုတ်ခမ်းထောင်ံနဲ့နှာခေါင်းကို ဂွမ်းစနဲ့တို့ယုူပြီး ဘတ်တီးရီးယားမှိုအမျိုးအစားကို သိဖို့ဓါတ်ခွဲခန်းပို့ပါလိမ့်မယ်။
angular cheilitis (ကျီးကန်းပါးစပ်) ကို ဘယ်လိုကုသပါသလဲ
ကူးစက်ပိုးကိုဖယ်ရှားဖို့နဲ့ နောက်တစ်ကြိမ်ထပ်မကူးအောအင် အရေပြားကိုခြောက်သွေ့အောင်ထားဖးု့ဖြစ်ပါတယ်။ ဆရာဝန်က မှိုပိုးကူးစက်ပိုးများအတွက် မှိုပိုးကိုတိုက်ထုတ်ပေးတဲ့လိမ်းဆေးတွေပေးပါလိမ့်မယ်။
- မိုင်ကိုစတာတင်
- အိက်စ်တီနာ
- လိုထရီမင်
- လိုထရီမင် အက်ဖ်၊ မီကာတင်၊ မိုနီစတတ် ဒမ်း
ဘတ်တီးရီးယာေးကြာင့်ဆိုရင် ဆရာဝန်က ဘတ်တီးရီးယားကိုတိုက်ထုတ်ပေးတဲ့ဆေးတွေပေးပါလိမ့်မယ်။
- ဘတ်ထရိုဘန်
- ဖျူဆီဒင်၊ ဖျူဆီသယ်လ်မစ်က်
မှိုပိုးဘတ်တီးရီးယားနှစ်ခုလုံးကြောင့် မဟုတ်ဘူးဆိုရင် ဆရာဝန်က ရောင်ရမ်းနေတဲ့နေရာတွေကိုလိမ်းဖို့ ပတ်ထရိုလီယမ်ဂျယ်လီကိုညွှန်းပါလိမ့်မယ။်ဒါက သင့်အနာတွေါကိုကျက်အောင် နှုတ်ခမ်းကိုစိုစွတ်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။
အခြားကုသမှုတွေကတော့-
ပြဲနေတဲ့အနာတွေကို သန့်ရှင်းမှုရှိအောင် ပိုးမဝင်ောအင်တိုက်ထုတ်ပေးတဲ့လိမ်းဆေးများ
စတီးရွိုက်လိမ်ေးဆးများ
ပါးစပ်ထောင့်မှအတွန့်များကို သက်သာစေရန် ဖြည့်စာထိုးပေးခြင်း
လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။
လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ကျီးကန်းပါးစပ် ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် ကျီးကန်းပါးစပ် ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
နှုတ်ခမ်းကွဲခြင်းကိုကာကွယ်ဖို့ ပုံမှန်နှုတ်ခမ်းအဆီဆိုးခြင်း
နှုတ်ခမ်းထောင့်များကို ပတ်ထရိုလီယမ်ဂျယ်လိများ လိမ်းပေးခြင်း
နှုတ်ခမ်းထောင့်ကို ခြောက်သွေ့အေင် အုန်းဆီလိမ်းပေးခြင်း
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။