၇။ သွားပေါက်ဖာခြင်း။
Image Credit : WebMD သွားပွန်းခြင်း၊ သွားပဲ့ခြင်းနဲ့ သွားကျိုးနေတဲ့ လူတွေမှာ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။ ပုံမှန် ငွေနဲ့ သွားပေါက်ဖာထားတဲ့ လူတွေဟာ သွားအရောင်ပြုလုပ်ထားတဲ့ ပစ္စည်းတွေနဲ့ သွားပေါက်ဖာနိုင်ပါတယ်။ ငွေနဲ့ ပြဒါးရောထားတဲ့ သွားပေါက်ဖာ ပစ္စည်းတွေဟာ မာကျူရီ (ပြဒါး) ထွက်ရှိနိုင်တဲ့အတွက် သွားအရောင်ဖြစ်အောင် ပြုလုပ်ထားတဲ့ သွားပေါက်ဖာ ပစ္စည်းတွေနဲ့ပြန်လည်ဖာထေားနိုင်ပါတယ်။ ဒီနည်းလမ်းက သွားပေါက် ကျင်းရင် ခိုင်ခန့်ပေမဲ့ သွားပေါက်ကျယ်ရင်တော့ သိပ်အကြာကြီး မခံတတ်ပါဘူး။
၈။ သွားဖုံးကို ပုံစံပြန်သွင်းခြင်း။
Image Credit : WebMD ဒီနည်းလမ်းဟာ ပြုံးလိုက်တဲ့အခါ သွားဖုံးများပေါ်နေတဲ့ လူတွေ အသုံးပြုနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒီနည်းလမ်းလုပ်မယ်ဆိုရင် သွားဖုံးတစ်ရှုးအနည်းငယ်နဲ့ ပိုနေတဲ့ အရိုးတစ်ရှုး အနည်းငယ်ကို ဖယ်ထုတ်ပစ်ရပြီးသွားများ ပိုပြီး ပေါ်လွင်စေရန် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ သွားတစ်ချောင်း အတွက်ပဲ ဖြစ်ဖြစ်၊ သွားအများအပြားအတွက်ပဲ ဖြစ်ဖြစ် သွားဖုံးအနည်းငယ်ကို ဖယ်ရှားပြီး ပိုပြီး ပေါ်လွင်စေရန် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
၉။ သွားစိုက်ခြင်း (Implants)။
Image Credit : WebMD လူအများစုဟာ သွားပျက်ဆီးခြင်း၊ သွားဖုံးရောဂါနဲ့ ထိခိုက်ဒဏ်ရာတွေကြောင့် သွားကျွတ်တတ်ကြပါတယ်။ ဒီလို လူနာတွေအအတွက် သွားရဲ့ အရင်းကို တိုက်တေနီယမ်နဲ့ စိုက်ပေးပြီး အပေါ်ကနေဖြုတ်နိုင်တပ်နိုင်တဲ့ သွားတုကို (crowns)စွပ်ပေးတဲ့ နည်းလမ်းကို Implants နည်းလမ်းလို့ခေါ်ပါတယ်။ crowns နည်းလမ်းနဲ့ မတူတာက ဒီနည်းလမ်းဟာ သွားအရင်းကို ပါ တပ်ဆင်ရမှာ ဖြစ်ပါတယ်။
၁၀။ အံကပ် (Dentures)။
Image Credit : WebMD အံကပ်ဆိုတာကတော့ မရှိတော့တဲ့ သွားတွေနဲ့ ဘေးနားက တစ်ရှုးတွေမှာ တပ်ဆင်နိုင်ပြီး ဖြုတ်နိုင်တပ်နိုင်တဲ့ ကုသမှု တစ်မျိုးပါ။ အံကပ်အနေနဲ့ ၂ မျိုး ၂ စားရှိပါတယ်။ အဲ့ဒါကတော့ အံကပ်အပြည့်အစုံနဲ့ ပျောက်ဆုံးနေတဲ့ သွားတွေ အတွက်ပဲ လုပ်ဆောင်ရတဲ့ အံကပ်ပါ။ အံကပ်အပြည်အစုံကိုတော့ သွားတစ်ချောင်းမှ မရှိတော့တဲ့ အချိန်မှာ အသုံးပြုရပြီးသဘာဝ သွားအနည်းငယ်ကျန်သေးတယ်ဆိုရင် တော့ အံကပ်အသေးစားကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
၁၁။ Dental bridges။
Image Credit : WebMD Dental bridges ဆိုတာက ကျွတ်သွားတဲ့ သွား တစ်ချောင်းနဲ့ အထက်ကြားကွာဟမှုကို တံတားပုံစံ ချိတ်ဆက်ပေးတဲ့ ကုသမှု တစ်ခုပါ။ ဒီကွာဟမှုရဲ့ တစ်ဖက်ခြမ်းစီက သွားတွေမှာ crowns လို့ခေါ်တဲ့ သွားတစ်ချောင်းလုံးကို ဖုံးပေးထားတဲ့ အစွပ်ကို တပ်ဆင်လိုက်ပြီး လွတ်နေတဲ့ နေရမှာ တပ်ဆင်ရတဲ့ သွားတုတွေကို ထိန်းပေးထားတဲ့ နည်းပညာ ဖြစ်ပါတယ်။
၁၂။ သွားဖုံး အစားထိုးခြင်း။
Image Credit : WebMD သွားဖုံး တစ်ရှုးတွေ ပျက်ဆီးသွားတဲ့အခါမှာ သွားအရင်းတွေ ပေါ်လာနိုင်ပြီး အစားအစာ အပူတွေအအေးတွေ စားသုံးတဲ့ အခါမှာ ကျင်လာနိုင်ပါတယ်။ ဒီလို သွားဖုံး တစ်ရှုးတွေ ပျက်ဆီးခြင်းကသွားအရင်းမှာ အခေါင်းပေါက်ဖြစ်စေနိုင်ပြီး သွားတွေကိုပါ ကျွတ်လာစေနိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ သွားဖုံးတစ်ရှုးတွေကို အစားထိုးခြင်းဟာ သွားဖုံး ပျက်ဆီးခြင်း၊ သွားကျွတ်ခြင်းတို့ကိုကာကွယ်နိုင်ပြီး အပြုံးတွေကို ပိုလှပလာစေနိုင်မှာ ဖြစ်ပါတယ်။
ပိုမိုလှပတဲ့ အပြုံးတွေကို ပိုင်ဆိုင်နိုင်ဖို့ အတွက် သွားဘက်ဆိုင်ရာ နည်းလမ်းပေါင်းစုံကို အသုံးပြုနိုင်ပါတယ်။ ယခုဒီဆောင်းပါးထဲမှာဖော်ပြပေးခဲ့တာကတော့ Veneer လို့ခေါ်တဲ့ သွားရဲ့ အရှေ့ဘက် မျက်နှာပြင်ကို အုပ်ပေးရတဲ့ အလွန်ပါးလွှာတဲ့ အလွှာပါး၊ Crowns လို့ခေါ်တဲ့ ပျက်ဆီးနေတဲ့ သွားအပေါ်ကို ဖုံးထားရတဲ့ သွားပုံစံ အစွပ်၊ သွားဖုံးကို ပြင်ဆင်ရတဲ့ နည်းလမ်းနဲ့သွားများပဲ့နေရင် အသုံးပြုနိုင်တဲ့ နည်းလမ်းတွေကိုဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလို သွားအလှအပဆိုင်ရာ ပြုပြင်ရေးနည်းလမ်းတွေဟာ သေချာအသေးစိတ်စီစဉ်ရပြီး ကုန်ကျစရိတ် များပေမဲ့ လူတစ်ယောက်ရဲ့ အလှနဲ့ ယုံကြည်ချက်ကိုပါ တိုးမြှင့်ပေးနိုင်တဲ့အပြင်ကျန်းမာရေးအတွက်ပါ ကောင်းမွန်တဲ့အတွက် ပိုမိုလှပတဲ့ အပြုံးကိုလိုချင်တဲ့လူတိုင်း လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။