backup og meta

သွားကို ဖြူစင်စေမယ့် အလွယ်ဆုံးနည်းလမ်းတွေ သင်သိထားပြီးပြီလား

အိပ်ရာမဝင်ခင် သွားတိုက်ဖို့ကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ သွားကိုဖြူဖွေးစေချင်ရင် ဒါကိုဝယ်သုံးပါ ဘာညာနဲ့ ကြော်ငြာတွေကလည်း စုံလို့ပါပဲ။  ဒါပေမယ့် နေ့စဉ်ဘဝမှာ မြင်တွေ့နေရကျအရာတွေလည်းဖြစ် နည်းလမ်းကလည်း လွယ်လွယ်လေးပေမယ့် သွားကိုဖြူစင်စေနိုင်တဲ့ ကိုယ်မသိသေးတဲ့ အရာတွေ ဘာတွေရှိနိုင်မလဲ ကြည့်လိုက်ရအောင် –

သွားကို ဖြူစင်စေမယ့် အလွယ်ဆုံးနည်းလမ်းတွေ သင်သိထားပြီးပြီလား

စတော်ဘယ်ရီ

စတော်ဘယ်ရီမှာ သွားချေးတွေမကပ်အောင်ကာကွယ်ပေး၊ ဖယ်ရှားပေးနိုင်တဲ့ malic acid ပါဝင်မှုကြောင့် သွားကိုဖြူဖွေးတောက်ပြောင်စေနိုင်တယ်လို့ သိရပါတယ်။ စတော်ဘယ်ရီသီးကိုဖိချေပြီး မုန့်ဖုတ်ဆိုဒါ(စားဆော်ဒါ) နဲ့ရော၊ အနှစ်ဖြစ်လာရင် သွားတိုက်ဆေးလိုသုံးနိုင်တယ်လို့ သိရပါတယ်။

နေကြာဆီ

အိန္ဒိယကလာတဲ့ ရှေးဟောင်းဆေးနည်းတစ်ခုအရ နေကြာ သို့မဟုတ် နှမ်းဆီကို ပါးစပ်ထဲ နည်းနည်းဖျန်းပေးပြီး မိနစ် ၂၀လောက်ထားရင် သွားမှာကပ်ငြိနေတဲ့အညစ်အကြေးတွေကင်းစင်ပြီး ဖြူဖွေးလှပလာနိုင်တယ်လို့ ဆိုပါတယ်။ နေကြာဆီက ခံတွင်းထဲက ဘက်တီးရီးယားတွေကို ဆွဲဆောင်ပြီးဖယ်ရှားပေးနိုင်တဲ့အပြင် သွားချေးတွေ၊ ချိုးတွေကို ပျော်ဝင်စေပါတယ်။

ပီကေ

အချိုမပါတဲ့ ပီကေကိုစားခြင်းဖြင့် သွားနဲ့ခံတွင်းမှာ ကြွင်းကျန်နေတဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ သဘာဝနည်းလမ်းဖြစ်တဲ့ တံထွေးထွက်ရှိမှုကို လှုံ့ဆော်ပေးပါတယ်။ ပီကေအများစုမှာ အက်စစ်ဓာတ်ကိုပြယ် စေပြီး သွားမျက်နှာပြင်ပေါ်က ဘက်တီးရီးယားတွေကို တားဆီးပေးတဲ့ သဘာဝအချို xylitol လည်း ပါဝင်ပါတယ်။

ပင်စိမ်း

ပင်စိမ်းဟာ သွားရောဂါတွေကုသရာမှာ အံ့သြလောက်စရာကို အစွမ်းထက်ပါတယ်။ သွားဖုံးသွေးယိုတာအတွက် နည်းလမ်းကောင်းတစ်ခုဖြစ်သလို  ခံတွင်းမှာ မကောင်းတဲ့ဘက်တီးရီးယားတွေကြောင့် ထိခိုက်ခံရဖို့နည်းစေတယ် လို့ သိရပါတယ်။ သွားကိုက်ရင်၊ သွားဖုံးတွေရောင်ရင်လည်းအသုံးဝင်ပါတယ်တဲ့။ ပင်စိမ်းရွက်ကို နေရောင်နဲ့အခြောက်လှန်း၊ အမှုန့်ကြိတ်၊ နေကြာဆီနဲ့ရောမွှေပြီးသုံးနိုင်ပါတယ်။

လက်ဖက်စိမ်း

လက်ဖက်စိမ်းစားသုံးမှုများတဲ့ ဂျပန်လူမျိုးတွေဟာ သွားဖုံးနဲ့သွား ပိုကျန်းမာတယ်လို့ သုတေသနအရ သိရပါတယ်။ အဓိကအချက်ကတော့ catechin ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြောင့်ဖြစ်ပါတယ်။ catechin ဟာ ရောင်ရမ်းမှုကိုလျော့ကျစေတာကြောင့် သွားဖုံးနဲ့ အရိုးတွေကိုထိခိုက်စေတဲ့ periodontal disease သွားဖုံးရောဂါကို ကာကွယ်ပေးပါတယ်။

အသည်း

အသည်းဟာ သွားပိုးစားခြင်းနဲ့ ခံတွင်းကျန်းမာရေးကို ကာကွယ်ပေးရာမှာ အဓိကအရေးပါတဲ့ ဗီတာမင်အေနဲ့ ဒီ တို့ကြွယ်ဝစွာပါဝင်တဲ့ အရာဖြစ်ပါတယ်။ ဗီတာမင်ဒီက သွားနဲ့အရိုးကို ခန္ဓာကိုယ်ရဲ့ ကယ်လ်စီယမ်နဲ့သတ္ထုဓာတ်ဖြည့်နိုင်စွမ်းကို အကျိုးပြုထောက်ပံ့ပေးတာဖြစ်ပြီး ဗီတာမင်အေက သွားဖုံးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ကြက်အသည်းဖြစ်ဖြစ် ၊ ဝက်အသည်းဖြစ်ဖြစ် အဆီဖုံးနေတဲ့၊ မလတ်ဆတ်တဲ့အသည်းတွေကိုတော့ မစားသင့်ပါဘူး။

နာနတ်သီး

နာနတ်သီးမှာပါတဲ့ bromelain အင်ဇိုင်းက သွားမှာကပ်ငြိနေတဲ့ သွားချေး၊ ချိုး မှန်သမျှကို ထိထိရောက်ရောက် ဖယ်ရှားသန့်စင်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကို ရေနည်းနည်းနဲ့ အနှစ်ဖျော်ထားပြီး သွားတိုက်မယ်ဆိုရင် ခံတွင်းက ဘက်တီးရီးယားတွေကို လျော့နည်းစေပြီး သွားမှာကပ်ငြိသမျှကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.healthline.com/nutrition/whiten-teeth-naturally

Accessed Oct 24, 2019.

http://www.telegraph.co.uk/health-fitness/body/seven-teeth-cleaning-hacks-get-pearly-whites-shining/

Accessed Oct 24, 2019.

ယခုပုံစံ

28/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်သွားလေးတွေဝါလာတာ ဒီအချက်တွေကြောင့်ဆိုတာ သတိထားမိလား

သွားချေးကျောက်တွေကို သန့်ရှင်းရေးလုပ်ဖို့ လိုအပ်နေပြီလား


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/06/2022 ဖြစ်ပါသည်။

ad iconကြော်ငြာ

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconကြော်ငြာ
ad iconကြော်ငြာ