သွားနှင့်ခြေသည်းလက်သည်းရောဂါအစု (TNS) ဆိုတာ ခန္ဓါကိုယ်အပေါ်လွှာကင်ဆာဖြစ်ချင်ခြင်းရောဂါအစုထဲက ရှားပါးတဲ့မျိုးရိုးဗီဇရောဂါတစ်မျိုးဖြစ်ပါတယ်။ ထိုအစုမှာ စင်ဒရုန်းပေါင်း ၁၀၀ကျော်ပါဝင်ပါတယ်။
ခန္ဓါကိုယ်အပေါ်ယံလွှာအကြိုကင်ဆာဖြစ်မယ်ဆိုရင် သွား၊ ခြေသည်းလက်သည်း၊ အမွှေးများနဲ့ အရေပြားတို့ကို ထိခိုက်မှာပါ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုမှာ ငယ်သွားနှင့်ကြီးသွားတို့မရှိခြင်း/ပုံသဏ္ဍန်မမှန်ခြင်းက ခြေသည်းလက်သည်းများ အထူးသဖြင့် ခြေသည်း ပုံမှန်ဖွံ့ဖြိုးမှုမရှိခြင်းနဲ့ တွဲနေပါတယ်။
သွားနှင့်ခြေသည်းလက်သည်းရောဂါအစုဟာ မိန်းမနဲ့ယောက်ျားအချိုးတူသက်ရောက်ပါတယ်။ 1965 (C.J. Witkop) မှာ စတင်ဖော်ပြခဲ့ပြီး မိသားစုတော်တော်များများမှာ တော်တော်များများဖြစ်ပွားနေခဲ့ကာ ၃၀ကျော်လောက်ရှိနေပါပြီ (kindreds)။ ဆေးပညာစာအုပ်တွေကတော့ လူတစ်သောင်းမှာ တစ်ယောက်/နှစ်ယောက်နှုန်းဖြင့် ဖြစ်ပွားတယ်လို့ ပြောပါတယ်။ ကနေဒါရှိ ဒတ်(ခ်ျ) မန်နိုနိုက်တို့ကြားမှာ ပြန့်ပွားလျက်ရှိတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သွားနှင့်ခြေသည်းလက်သည်းရောဂါအစုရှိတဲ့ကလေးသူငယ်အချို့ရဲ့ ငယ်သွားတွေဟာ ကတော့ပုံစံရှိနိုင်သလို၊ လုံးဝမပါတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် ကလေးကြီးအချို့မှာ ကြီးသွားတွေ မပါတာလည်းရှိသလို၊ ပုံသဏ္ဍန်မမှန်တာမျိုးလည်းရှိပါတယ်။ မပေါက်နိုင်မယ့် ကြီးသွားတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။
ကြီးသွားတွေရဲ့ အပေါ်ပိုင်းတွေဟာ ကတော့ပုံရှိပြီး တစ်ခါတစ်ရံ သွားကျဲနေတတ်ပါတယ်။ ကြီးသွား၊ ငယ်သွားအချို့မပါဝင်ခြင်းကြောင့် ရောဂါရှိသူ ကလေးအချို့ဟာ အောက်နှုတ်ခမ်းစူနေတတ်ပါတယ်။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုရှိတဲ့သူတွေရဲ့ ခြေသည်းလက်သည်းမှာ ထင်ရှားတဲ့ ပုံသဏ္ဍန်မမှန်ခြင်းတွေ ရှိနိုင်ပါတယ်။ မွေးလာတဲ့အချိန်မှာ ခြေသည်းလက်သည်းမပါဝင်တဲအပြင် အလွန်နှေးကွေးစွာ ဖွံ့ဖြိုးပါတယ်။ အဓိကအရွယ်ကတော့ မွေးကင်းစအရွယ်ကနေ အသက်၂နှစ်၃နှစ်အထိပါ။ ဖွံ့ဖြိုးမယ်ဆိုရင်လည်း ပုံသဏ္ဍန်မမှန်ဘဲ သေးငယ်ကာ ဖွံ့ဖြိုးမှုနည်းတဲ့ပုံပေါက်ပါတယ်။ အပေါက်ပါက်တွေဖြစ်တဲ့အတွက်ကြောင့် ခြေသည်းလက်သည်းတွေဟာ ဇွန်းပုံသဏ္ဍန်ရှိနေမှာပါ။ သွားနှင့်ခြေသည်းလက်သည်းရောဂါအစုရှိတဲ့သူအများစုမှာ ခြေသည်းတွေက လက်သည်းတွေထက်ပိုပြီး ထိခိုက်ခံကြရပါတယ်။ တစ်ချို့အခြေအနေတွေမှာ ရောဂါရှိသူ ကလေးနဲ့အရွယ်ရောက်ပြီးသူတို့ရဲ့ လက်သည်းခြေသည်းတွေက ပုံမှန်ပုံပေါက်နေတတ်ပါတယ်။ တချို့လူတွေကတော့ ခြေသည်းတွေ အလွန်သေးကာ ဇွန်းပုံသဏ္ဍန်ရှိနေတတ်ပါတယ်။ တချို့လူတွေရဲ့ ဦးရေပြားဟာ ပါးလွှာချောမွတ်ပြီး ကြွပ်ဆပ်နေတတ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
သင့်ဆီမှာ သို့မဟုတ် သင်ချစ်ရသူတစ်ဦးဦးမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
TNS ဖြစ်စေတဲ့ မျိုးရိုးဗီဇကို ၂၀၀၁တွင်တွေ့ရှိခဲ့ပြီး MSX1 လို့ခေါ်လိုက်ပါတယ်။ ထိုမျိုးရိုးဗီဇတွေဟာ သွား၊ ခြေသည်းလက်သည်းနဲ့ အရေပြားတို့၏ ဖွံ့ဖြိုးမှုနှင့်သက်ဆိုင်သော ပရိုတင်းထုတ်လုပ်မှုအတွက် တာဝန်ယူပါတယ်။ MSX1 မျိုးရိုးဗီဇပြောင်းလဲသွားတဲ့အခါ ထိုပရိုတင်းထုတ်လုပ်မှုလျော့နည်းသွားပြီး သွားနှင့်ခြေသည်းလက်သည်းရောဂါအစုဖြစ်ပေါ်လာပါတယ်။
သွားနှင့်ခြေသည်းလက်သည်းရောဂါအစုအတွက် မျိုးရိုးဗီဇဟာ လွှမ်းမိုးတဲ့အမျိုးအစားဖြစ်ပါတယ်။ ဆိုလိုတာက ရောဂါဖြစ်ဖို့အတွက် မိဘတစ်ပါးပါးထံမှ မျိုးရိုးဗီဇတစ်ခုတည်းပဲလိုတာပါ။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသောအချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။
တချို့အခြေအနေတွေမှာ ခြေသည်းလက်သည်းတစ်ခုထက်ပိုပြီး ပျောက်နေပါက ထိုရောဂါကို မွေးကတည်းက တွေ့နိုင်ပါတယ်။ အသက်၄နှစ်၅နှစ်လောက်မှာ ငယ်သွားမရှိခြင်း၊ ခြေသည်းလက်သည်းများ မဖွံ့ဖြိုးခြင်းတို့ကနေ ရောဂါတွေ့ရှိနိုင်ပါတယ်။ အသက်၇-၁၅နှစ်မတိုင်ခင် ရောဂါရှာမတွေ့နိုင်တာလည်းရှိပါတယ်။ ထိုအသက်ရောက်ရင်တော့ ကြီးသွားမပေါက်ခြင်း/ပုံသဏ္ဍန်မမှန်ခြင်း၊ ခြေသည်းလက်သည်းအကြိုကင်ဆာလက္ခဏာပြခြင်းများကြောင့် ရောဂါတွေ့ရှိနိုင်ပါတယ်။
သွားနှင့်ခြေသည်းလက်သည်းရောဂါအစုအား အဖြေရှာအတည်ပြုခြင်းကို ကုသမှုပိုင်းဆိုင်ရာ အကဲဖြတ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာလက္ခဏာများကိုရှာဖွေခြင်းများဖြင့် ပြုလုပ်ပါတယ်။
သွားနှင့်ခြေသည်းလက်သည်းရောဂါအစုအတွက် ကုသမှုဟာ တိကျတဲ့ ရောဂါလက္ခဏာတွေနဲ့ သိသာတဲ့ တွေ့ရှိချက်တွေအပေါ် အခြေခံတာပါ။
ကလေးဆရာဝန်။ သွားမညီခြင်းတို့ကို ရှာဖွေပြင်ဆင်ပေးသော သွားဆရာဝန်၊ သွားအထူးကု။ နဲ့ အခြားကျန်းမာရေးကျွမ်းကျင်သူတွေက အတူတကွပူးပေါင်းလုပ်ဆောင်ကာ ကုသမှုကို စနစ်တကျချည်းကပ်ပါတယ်။
ကုသမှုမှာ အဓိကပါဝင်တာက သွားကျန်းမာရေးပြန်လည်ကောင်းမွန်စေခြင်းပါ။ သွားတု သို့မဟုတ် အခြားသောပစ္စည်းတွေနဲ့ မရှိတဲ့သွားနေရာမှာ အစားဝင်စေပါတယ်။ ဒါ့အပြင် သွားနဲ့သွားဖုံးပုံသဏ္ဍန်မမှန်မှုများအတွက် သွားထိန်းကွင်းထပ်ခြင်း၊ သွားပိုင်းဆိုင်ရာခွဲစိတ်ခြင်းနဲ့ အခြားပြုပြင်မှုလုပ်ငန်းစဉ်များကို လုပ်ဆောင်သွားမှာပါ။
မျိုးရိုးဗီဇပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်အကြံပေးခြင်းက ရောဂါခံစားရသူနဲ့ သူရဲ့ဆွေမျိုးတွေအတွက် အကျိုးရှိပါတယ်။ အခြားကုသနည်းလမ်းကတော့ ရောဂါလက္ခဏာများသက်သာစေခြင်းနဲ့ ကူညီထောက်ပံ့မှုတို့ပဲဖြစ်ပါတယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Group ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။