သွားပြဿနာတွေထဲမှာ Dental Caries ( သွားပိုးစားခြင်း )က အဖြစ်များတဲ့ ပြဿနာပါ။ သွားပိုးစားတာကို သေချာ မကုသဘူးဆိုရင် နောက်ဆက်တွဲ သွားနဲ့ ခံတွင်းပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သွားပိုးစားခြင်းနဲ့ ပတ်သက်ပြီး သေချာသိထားဖို့ လိုပါတယ်။
သွားပြဿနာတွေထဲမှာ Dental Caries ( သွားပိုးစားခြင်း )က အဖြစ်များတဲ့ ပြဿနာပါ။ သွားပိုးစားတာကို သေချာ မကုသဘူးဆိုရင် နောက်ဆက်တွဲ သွားနဲ့ ခံတွင်းပြဿနာတွေ ဖြစ်လာနိုင်တာကြောင့် သွားပိုးစားခြင်းနဲ့ ပတ်သက်ပြီး သေချာသိထားဖို့ လိုပါတယ်။
သွားပိုးစားခြင်းဆိုတာ သွားမှာ အခေါင်းပေါက်များ ဖြစ်ပေါ်ခြင်းပါ။ ဘတ်တီးရီးယားပိုးများကြောင့် ဖြစ်တတ်ပြီး သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် ပိုးပေါက်များ ပိုကြီးလာပြီး သွားအတွင်းလွှာများအထိ ထိခိုက်သွားနိုင်ပါတယ်။ သွားကိုက်ခြင်း၊ ပိုးဝင်ခြင်းနဲ့ နောက်ဆုံး သွားနှုတ်ရခြင်းထိ ဖြစ်နိုင်ပါတယ် ။
အလွန်တရာကို အဖြစ်များပါတယ်။ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးငယ်များ၊ ဆယ်ကျော်သက်များနဲ့ အသက်ကြီးသူများမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။
သွားပိုးစားတာကို တွေ့တာနဲ့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ တကယ်လို့-
ပါးစပ်တွင်း ဘတ်တီးရီးယားပိုးဝင်ခြင်းနဲ့ သကြားဓာတ်ပါတဲ့ အစားအစာတွေ အလွန်အကျွံစားခြင်းက အဓိကအချက်နှစ်ချက် ဖြစ်ပါတယ်။
ပါးစပ်အတွင်းမှာ ဘတ်တီးရီးယားပိုးတွေရှိနေတာက ပုံမှန်ပဲဖြစ်ပါတယ်။ ဒါပေမယ့် ခံတွင်းသန့်ရှင်းရေး သေချာ မလုပ်ဘူးဆိုရင် ဒီဘတ်တီးရီးယားက အစားအသောက်အကြွင်းအကျန်၊ တံထွေးတို့နဲ့ ပေါင်းပြီး ခဲသွားပါတယ်။
အစားအသောက်မှာ သကြားဓာတ်များလေ ပိုမိုစေးကပ်လေဖြစ်ပြီး ဘတ်တီးရီးယားတွေက သကြားဓာတ်များကို အက်စစ်အဖြစ် ပြောင်းလိုက်တဲ့အခါ သွားပိုးစားခြင်းဖြစ်ရပါတယ်။ အက်စစ်ဓာတ်က သွားအပြင်လွှာရှိ ကြွေလွှာများကို တိုက်စားပစ်ပြီး သွားမှာ အပေါက်များဖြစ်စေပါတယ်။
သွားဆရာဝန်က သွားပိုးပေါက်များကိုစစ်ဆေးရန်-
ကုသနည်းတွေကတော့ သင့်သွားအခြေအနေပေါ်မှာ မူတည်ပါတယ်။
ရေးသားသူ- Dr Aye Myat Myat Noe
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Cavities. http://www.mayoclinic.org/diseases-conditions/cavities/basics/prevention/con-20030076. Accessed September 21, 2016.
Tooth decay. http://www.webmd.com/oral-health/tc/tooth-decay-topic-overview#2. Accessed September 21, 2016.
Cavities. http://healthyteeth.org/what-causes-cavity/. Accessed September 21, 2016.
ယခုပုံစံ
03/11/2023
Hello Sayarwon Panel မှ ရေးသားသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar