backup og meta

သွားကိုက်ဝေဒနာ ကင်းဝေးနိုင်ဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားကိုက်ဝေဒနာ ကင်းဝေးနိုင်ဖို့

    သွားကိုက်လွန်းလို့ တစ်ညလုံးမအိပ်ရသေးဘူး။ ဘာမှလည်းမစားနိုင်ဘူး၊ ဆန်ပြုတ်တောင်မနည်းသောက်ရတယ် ဆိုတာမျိုး မကြာခဏကြားရတဲ့အထိ အဖြစ်များတဲ့ဝေဒနာပါ။ တော်တော်များများက သွားကိုက်တဲ့အချိန်ဆေးသောက်တယ်၊ညှော်ရှောင်တယ်၊ တခြားဘာမှမလုပ်တော့ဘူး။ အဲဒီတော့ပျောက်ပြီးသွားတဲ့နောက်ပိုင်း ခဏခဏသွားကိုက်တာ ကြုံနေရပါတယ်။ ဘာလို့လဲဆိုတာတွေးမိကြရဲ့လား။

    အဓိက ဘာကြောင့်သွားကိုက်ရတာလဲဆိုတာ သိထားသင့်ပါတယ်။ အများအားဖြင့် –

    ဒါ့ကြောင့် သွားကိုက်တယ်ဆိုတာပြီးတော့လည်းပြီးသွားတာပဲလို့မတွေးစေချင်ပါ။ သွားနဲ့ခံတွင်းမှာပြဿနာအခံတစ်ခုခုရှိနေလို့သာ အခုလိုဝေဒနာခံစားရတာဖြစ်လို့ တစ်ပွဲတိုးအနေနဲ့ဆေးသောက်ဖို့ပဲတွေးမနေပါနဲ့။ဖြစ်ပါများလွန်းရင် သွားတွေအကောင်းအတိုင်းကျန်နိုင်ပါ့မလားမသိနိုင်ပါဘူး။ သွားပိုးမစားအောင်၊ သွားမပျက်စီးအောင်၊ သွားဖုံးရောဂါမဖြစ်အောင်၊ ပိုးမဝင်အောင် သန့်ရှင်းရေးကိုအထူးဂရုစိုက်မယ်ဆိုရင် သွားကိုက်ဝေဒနာဆိုတာ မကြားဖူးတဲ့စကားလုံးလိုဖြစ်သွားပါလိမ့်မယ်။

    သွားကိုက်ပြီဆိုရင်

    • သွားထဲက အရမ်းနာမယ်၊ တဒိတ်ဒိတ်နဲ့ သွားကိုက်မယ်၊ အဆက်မပြတ်ပါပဲ။ တချို့ကတော့ ဖိဝါးမိမှ နာကြတယ်။
    • သွားတစ်ဝိုက်မှာရောင်ရမ်းလာတယ်
    • ကိုယ်ပူလာတယ်
    • ခေါင်းကိုက်လာတယ်
    • နာနေတဲ့သွားကနေ အနံ့မကောင်းတဲ့ပြည်တွေထွက်လာတယ်။

    တကယ်လို့ သွားကိုက်တာ

  • ၂ ရက်ကျော်လာရင်
  • အကိုက်အခဲပျောက်ဆေးနဲ့မသက်သာရင်
  • အဖျားတက်လာတာ၊ အစာကိုကိုက်လိုက်တိုင်းနာကျင်ရတာ၊ သွားဖုံးတွေနီမြန်းလာတာ၊ ပါးစပ်ထဲမှာအရသာ တစ်မျိုးကြီးခံစားမိလာတာတွေဖြစ်လာရင်
  •  ပါး သို့မဟုတ်မေးရိုးနားတစ်ဝိုက်ရောင်ရမ်းလာရင် ဆရာဝန်ပြပါ။
  • သွားမကိုက်အောင် ဘယ်လိုကာကွယ်မလဲ

    သွားနဲ့သွားဖုံးကျန်းမာအောင် အတတ်နိုင်ဆုံးဂရုစိုက်တာကပဲ သွားကိုက်ခြင်းကိုကာကွယ်တဲ့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဘယ်လိုဂရုစိုက်သင့်လဲဆိုတာအောက်မှာဆက်ကြည့်ပါ။

    သွားမှန်မှန်တိုက်ပါ –မနက်တစ်ကြိမ်၊ ညတစ်ကြိမ်သွားတိုက်ဖို့ကို ပျင်းမနေသင့်ပါဘူး။ ပါးစပ်မနံဖို့ ပီကေလေးဝါးပြီး သွားမတိုက်တာကိုဖုံးကွယ်မနေပါနဲ့။ သွားကျန်းမာရေးအတွက်က ကိုယ်သုံးတဲ့ သွားပွတ်တံကောင်းဖို့လည်းလိုပါတယ်။

    မှန်ကန်တဲ့နည်းနဲ့ ပုံမှန်သွားတိုက်ပါ –သွားတိုက်ပေမယ့်လည်း အပေါ်အောက်ကို စက်ဝိုင်းပုံသဏ္ဍာန်တိုက်တာမဟုတ်ဘဲဘေးတိုက် သို့မဟုတ်ဖြစ်သလိုတိုက်တာမျိုးဆို သွားသန့်စင်ဖို့ မထိရောက်နိုင်ပါဘူး။ မသန့်တာကြာရင် သွားချေးနဲ့ဘက်တီးရီးယားတွေကြောင့် ပိုးဝင်မှာပါပဲ။

    သွားပွတ်ကြိုးသုံးတဲ့အကျင့်လုပ်ပါ –သွားကြားတွေမှာ ကပ်ကျန်နေတတ်ပြီး သွားပွတ်တံနဲ့တိုက်လို့ ပါမသွားနိုင်တဲ့ အကြွင်းအကျန်လေးတွေကို သွားပွတ်ကြိုးကဖယ်ရှားပေးနိုင်ပါတယ်။ သွားပွတ်ကြိုးပုံမှန်သုံးပေးရင် သွားဖုံးရောဂါတွေမဖြစ်အောင်ကာကွယ်ရာရောက်ပါတယ်။

    သွားပိုးစားခြင်းကို ကာကွယ်ပါ – အချိုတွေသိပ်မစားပါနဲ့လို့ပြောကြပေမယ့် စားတာထက် ပြန်သန့်ရှင်းတဲ့အပိုင်းက ပိုအဓိကကျပါတယ်။ ဥပမာ အိပ်ခါနီး အချိုတွေစား၊ အချိုရည်တွေသာက်ပြီး သွားမတိုက်ရင် သွားပိုးစားဖို့သေချာသလောက်ဖြစ်နေပါတယ်။

    သွားကိုထိခိုက်စေမယ့် အပြုအမူတွေကိုရှောင်ပါ – သွားကိုထိခိုက်စေမယ့်အပြုအမူတွေ (ဥပမာ မုန့်ထုပ်တွေကိုက်ဖောက်တာ၊ ဘူး/ပုလင်းအဖုံးတွေကိုက်ဖွင့်တာလိုမျိုး)ရှောင်ပါ။ မတော်တဆထိခိုက်မှုကြောင့် သွားကျိုးပဲ့တာတွေဖြစ်ထားရင် ပိုးဝင်ဖို့ပိုလွယ်ပါတယ်။

    သွားကျန်းမာရေး ပုံမှန်စစ်ဆေးပါ – သွားနဲ့ခံတွင်းကျန်းမာရေးကို ခြောက်လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် ဆရာဝန်နဲ့ပုံမှန်ပြပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။ သွားပိုးပေါက်ရှိနေလား၊ သွားဖုံးတွေကျန်းမာရဲ့လားစတာတွေ စစ်ဆေးပေးမှာဖြစ်ပြီး လိုအပ်လာရင်ကျောက်ခြစ်တာလိုမျိုး သွားသန့်ရှင်းရေးတွေလုပ်ပေးပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement