brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ဟော်မုန်းဆေးတွေသုံးခဲ့ရတဲ့ လိင်ပြောင်းလဲသူတွေ နှလုံးရောဂါနဲ့ လေဖြတ်အန္တရာယ်ပိုများ

Circulation ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနအသစ်တစ်ခုအရ လိင်ပြောင်းလဲဖို့ဟော်မုန်းဆေးတွေသောက်ခဲ့တဲ့သူတွေမှာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါတွေဖြစ်နိုင်ခြေပိုများနိုင်တယ်လို့ သိရပါတယ်။ အရင်သုတေသနမှာတော့ဟော်မုန်းဆေးကုထုံးကို ခံယူခဲ့သူတွေမှာ နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေများစေတယ်လို့ဖော်ပြခဲ့ပါတယ်။
ဥပမာNational Institutes of Health (NIH) ရဲ့လေ့လာမှုအရ အက်စထရိုဂျင်နဲ့ ပရိုဂျက်စတင်ဟော်မုန်းကုထုံးကြောင့်သွေးဆုံးပြီးအမျိုးသမီးတွေမှာလေဖြတ်နိုင်ခြေ ၄၁ ရာခိုင်နှုန်း၊ နှလုံးရုတ်တရက်ရပ်နိုင်ခြေ ၂၉ ရာခိုင်နှုန်းနဲ့သွေးကြောပိတ်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အက်စထရိုဂျင်ဟော်မုန်းတစ်ခုတည်းနဲ့တင်လေဖြတ်နိုင်ခြေ ၃၉ ရာခိုင်နှုန်း၊သွေးကြောပိတ်နိုင်ခြေ ၄၇ ရာခိုင်နှုန်းရှိတယ်လို့NIH ကခန့်မှန်းပါတယ်။

ဒီသုတေသနအသစ်မှာတော့ နယ်သာလန်နိုင်ငံ Amsterdam Universityဆေးပညာစင်တာမှ သုတေသီအဖွဲ့က ၁၉၇၂ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အတွင်းဟော်မုန်းကုထုံးခံယူခဲ့တဲ့ ဒတ်ခ်ျလူမျိုး လိင်ပြောင်းလဲသူ ၃၈၇၅ ဦးရဲ့ဆေးမှတ်တမ်းတွေကို စစ်ဆေးလေ့လာခဲ့တာပါ။

ဟော်မုန်းဆေးတွေသုံးခဲ့ရတဲ့ လိင်ပြောင်းလဲသူတွေ နှလုံးရောဂါနဲ့ လေဖြတ်အန္တရာယ်ပိုများ

လိင်ပြောင်းလဲတဲ့ အမျိုးသမီးတွေ လေဖြတ်အန္တရာယ်ပိုများ

လိင်ပြောင်းအမျိုးသမီး(အမျိုးသမီးလိင်တူချစ်သူ) ၂၅၁၇ ဦးနဲ့ အမျိုးသားလိင်ပြောင်းလဲသူ(အမျိုးသားလိင်တူချစ်သူ) ၁၃၅၈ ဦးကိုလေ့လာခဲ့ပါတယ်။ အမျိုးသမီးတွေက ပျမ်းမျှအားဖြင့် အသက် ၃၀အရွယ်တွေဖြစ်ပြီး အက်စထရိုဂျင်တစ်မျိုးတည်း သို့မဟုတ် အန်ဒရိုဂျင်suppressorsပေါင်းစပ်တဲ့ကုထုံးကိုခံယူထားသူတွေဖြစ်ပါတယ်။ အမျိုးသားတွေကတော့ ၂၃ နှစ်ဝန်းကျင်တွေဖြစ်ပြီး လိင်ပြောင်းလဲဖို့အတွက် တက်စထရိုစတုန်းဟော်မုန်းကုထုံးကို ခံယူသူတွေဖြစ်ပါတယ်။

သူတို့ကို သုတေသနအဖွဲ့က ၈ နှစ်၊ ၉ နှစ်ကြာအောင်စောင့်ကြည့်လေ့လာခဲ့တဲ့အခါ သူတို့မှာ နှလုံးရုတ်တရက်ရပ်ဆိုင်းခြင်း၊လေဖြတ်ခြင်း၊သွေးကြောပိတ်ခြင်းတို့လို နှလုံးသွေးကြောဆိုင်ရာပြဿနာတွေတွေ့ရှိရပါတယ်။

လိင်ပြောင်းလဲအမျိုးသမီးတွေဟာ သာမန်အမျိုးသမီးတွေထက်လေဖြတ်နိုင်ခြေ နှစ်ဆပိုများပြီးသွေးခဲပိတ်ဆို့နိုင်တဲ့အန္တရာယ်က ၅ ဆပိုများပါတယ်။ ဒါ့အပြင် နှလုံးရုတ်တရက်ရပ်ဆိုင်းနိုင်ခြေမှာလည်း သာမန်အမျိုးသမီးတွေထက် ၂ ဆကျော်ပိုများပါတယ်။ လိင်ပြောင်းလဲအမျိုးသားတွေကတော့ ဒီအန္တရာယ် သုံးဆပိုများပါတယ်။

“သုတေသနတွေ့ရှိချက်တွေအရ လိင်ပြောင်းလဲမှုကုထုံးခံယူထားတဲ့သူတွေမှာ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ရောဂါအန္တရာယ် သာမန်ထက်ပိုသတိထားသင့်တယ်ဆိုတာ သိစေချင်ပါတယ်။ ဆေးလိပ်ဖြတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ညီတာစားတာ၊ ကိုယ်အလေးချိန်လျှော့တာလိုမျိုး ရောဂါကာကွယ်တဲ့နေထိုင်မှုပုံစံကို ဂရုစိုက်တာကောင်းပါမယ်။”လို့ သုတေသီတွေကအကြံပြုပါတယ်။

ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှု၊ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှားမှုတို့လို အန္တရာယ်အချက်တွေကိုထည့်စဉ်းစားရင်တောင်မှဟော်မုန်းကုထုံးနဲ့ဆက်နွှယ်တဲ့ရာခိုင်နှုန်းကလည်း များပါတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အက်စထရိုဂျင်နဲ့ တက်စထရိုစတုန်းက သွေးခဲခြင်းကိုအားပေးပြီး မကောင်းတဲ့ကိုလက်စထရောတွေပမာဏကို တိုးစေနိုင်တယ်လို့ သုတေသီတွေကရှင်းပြခဲ့ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Yun Sandi Nan Mon · 25/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။