backup og meta

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ဆိုတာ ဘာလဲလို့ တွေးနေတာလား။ နားလည်လွယ်အောင် ပြောပြရရင် Andropause ဆိုတာက အမျိုးသားတွေ သွေးဆုံးတာပါ။ အမျိုးသမီးတွေမှာ သွေးဆုံးတယ်ဆိုတာက အီစထရိုဂျင် ဟော်မုန်း ပမာဏ ကျဆင်းလာတာပါ။ အမျိုးသားတွေမှာတော့ Andropause ကာလ ရောက်လာပြီဆိုရင် တက်စထရိုစတုန်းဟော်မုန်း ပမာဏ ကျဆင်းလာပါတယ်။

ဒီကာလမှာ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေလိုပဲ ကိုယ်တွင်းဟော်မုန်းတွေ ကမောက်ကမ ဖြစ်တာကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ ကြွက်သားဆုံးရှုံးတာတွေကို ရင်ဆိုင်လာရနိုင်ပါတယ်။ ဒီလိုမျိုး ဟော်မုန်းအပြောင်းအလဲ များတဲ့ Andropause ကာလ ကျန်းမာစေဖို့ အရေးပါတဲ့ အချက်တစ်ခုက အာဟာရ ပြည့်ဝမှုပါ။ ဒီတော့ Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ ဆိုတာ ပြောပြပေးမှာမို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

Andropause ဆိုတာ

အမျိုးသားတွေမှာ အသက် ၄၀ နောက်ပိုင်း ရောက်လာပြီဆိုရင် တက်စတိုစထရုန်း ဟော်မုန်း ထုတ်လုပ်မှုက ၁ နှစ်ကို ၁ ရာခိုင်နှုန်းလောက် ကျဆင်းလာပါတယ်။ ဒါပေမယ့် အသက်ကြီးတဲ့ အမျိုးသား အများစုမှာတော့ တက်စတိုစထရုန်း ပမာဏက ပုံမှန်အနေအထားမှာ ရှိတတ်ကြပါတယ်။ ဒါကြောင့် သွေးဆုံးတာကို အမျိုးသားတိုင်း မဖြစ်မနေ ကြုံတာမျိုးတော့ မရှိပါဘူး။

အမျိုးသားတွေမှာ တက်စတိုစတီရုန်းကို ဝှေးစေ့ကနေ ထုတ်ပေးတာပါ။ ဒီဟော်မုန်းက အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒအတွက်ပဲ မဟုတ်ပါဘူး။ လူပျိုဖော်ဝင်ချိန် အပြောင်းအလဲတွေ၊ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ ကြွက်သားဖွံ့ဖြိုးမှုတွေ စတာတွေ လုပ်ပေးပါတယ်။

ဘာတွေ ခံစားရနိုင်လဲ

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

Andropause ကာလ မှာ အမျိုးသားတွေ အနေနဲ့

  • လိင်တံ မထောင်မတ်နိုင်တာ
  • လိင်စိတ်နည်းလာတာ
  • စိတ်ခံစားမှု ပြောင်းလဲတာ [စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာ၊ စိတ်ခံစားမှု မကောင်းတာမျိုးတွေ ခံစားရနိုင်ပါတယ်]
  • ကြွက်သားတွေ သန်စွမ်းမှု ကျဆင်းတာ
  • ကြွက်သား ဆုံးရှုံးတာ
  • သတ္တုဓာတ် ကျဆင်းလာတာ [အရိုးသိပ်သည်းဆ ကျလာတာကြောင့် အရိုးပွတာ]
  • အဆီတက်လာတာ
  • ခန္ဓာကိုယ်မှာ ဆုတ်ယုတ်မှုလေးတွေ ရှိလာတာ
  • အိပ်စက်မှုဆိုင်ရာ ပြဿနာတွေ [ အိပ်မရတာ၊ အိပ်မပျော်တာလိုမျိုးတွေ ခံစားရနိုင်ပါတယ်]
  • ဆံပင်ပါးလာတာ
  • အသားအရေ ပြောင်းလဲလာတာတွေ ခံစားရနိုင်ပါတယ်။

Andropause ကာလ ကျန်းမာစေဖို့ ဘာတွေစားကြမလဲ

အမျိုးသားတွေ သွေးဆုံးချိန်ကာလလို့ ခေါ်တဲ့ Andropause ကာလ ကျန်းမာစေဖို့ဆိုရင် အာဟာရပြည့်ဝမျှတအောင် စားသုံးဖို့ လိုပါမယ်။ အာဟာရ ပြည့်ဝအောင် စားသုံးမှ ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်မှာ ဖြစ်သလို ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် Andropause ကာလ ကျန်းမာစေဖို့ဆိုရင်

  • ကယ်လ်ဆီယမ်

တက်စထရိုစတုန်း ဟော်မုန်းက အရိုးတွေ သန်မာစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ ဟော်မုန်း ကျဆင်းလာတာက အရိုးပွတာကို ဖြစ်စေနိုင်ပြီး အရိုးပါးတာ၊ အရိုးပွတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ နို့၊ ဒိန်ချဉ်၊ ချိစ်၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို နေ့စဉ် စားသုံးပေးလို့ ရပါတယ်။

  • ဇင့်

ဇင့်က မျိုးပွားစနစ်ကို ကျန်းမာစေပါတယ်။ တက်စထရိုစတုန်း အပါအဝင် ဟော်မုန်းတွေကို မျှတစေပါတယ်။ ဇင့်ဓာတ် နည်းတာက ကိုယ်ခံအား နည်းစေနိုင်သလို စိတ်ခံစားမှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဇင့် ကြွယ်ဝစေဖို့ အနီးရောင် အသား၊ ကမာ၊ ပင်လယ်စာ၊ ပဲအမျိုးမျိုး၊ ကြက်အသည်း၊ အာလူး၊ အခွံမာသီး၊ အနက်ရောင် ချောကလက်တွေ စားပေးပါ။

  • Omega 3

ဒီ fatty acidsက နှလုံး ကျန်းမာစေနိုင်သလို Andropause ကာလမှာ ဖြစ်တတ်တဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အိုမီဂါ သရီး ပြည့်ဝစေဖို့ ဆူးတောင်ပြာ ငါးသေတ္တာ၊ ဆယ်လ်မွန်၊ ဆာဒင်းငါး၊ တူနာ၊ အသည်း၊ ငါးကြီဆီ စတာတွေကို စားလို့ ရပါတယ်။ အခွံမာသီးတွေ အစေ့အဆန်တွေကို စားပေးလို့ ရပါတယ်။

  • ဗီတာမင် D

ဗီတာမင် D က တက်စထရိုစတုန်း ထုတ်လုပ်မှု တိုးစေနိုင်ပါတယ်။ ဗီတာမင် D က အမျိုးသားတွေကို ကျန်းမာစေနိုင်ပါတယ်။ ဗီတာမင် D ရရှိစေဖို့ အဆီများတဲ့ငါး၊ အသား၊ မှို၊ ငါးအသည်းအဆီ၊ နို့၊ ဥအမျိုးမျိုး နဲ့ ထောပတ်တွေကို စားပေးဖို့ လိုပါမယ်။

  • ဓာတ်တိုးဆန့်ကျင်ပစ္စည်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်းက ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ကော်တီစောကြောင့် ရောင်ရမ်းမှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစေဖို့ ဘယ်ရီသီး၊ စပျစ်သီး၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ လက်ဖက်စိမ်း၊ ချောကလက်စတာတွေ စားပေးလို့ ရပါတယ်။

  • ဗီတာမင် E

သံလွင်ဆီစစ်စစ်၊ ထောပတ်သီး၊ အခွံမာသီးတွေမှာပါတဲ့ ဗီတာမင် E က တက်စထရိုစတုန်း ဟော်မုန်း ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။ နေ့စဉ်ပုံမှန် စားသုံးပေးလို့ ရပါတယ်။

  • ဂေါ်ဖီမျိုးရင်းဝင် အသီးအနှံတွေ

ဟင်းသီးဟင်းရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုတ်၊ ကိုက်လန်စတာတွေက အမျှင်ဓာတ် ကြွယ်ဝသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း၊ ဇင့်ဓာတ်တွေက အီစထရိုဂျင် ထုတ်လုပ်မှုကို ထိန်းချုပ်ပေးပြီး တက်စထရိုစတုန်းဟော်မုန်း ထုတ်လုပ်မှုကို တိုးစေနိုင်ပါတယ်။

ဒါကြောင့် Andropause ကာလ ကျန်းမာစေဖို့ အာဟာရပြည့်ဝအောင်စားပါ။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။ ရေများများ သောက်ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Top 7 Foods that Boost Testosterone (Plus Testosterone-Killing Foods) https://draxe.com/nutrition/foods-that-boost-testosterone/ Accessed Date 18 August 2022

Male menopause: Myth or reality? https://www.mayoclinic.org/healthy-lifestyle/mens-health/in-depth/male-menopause/art-20048056 Accessed Date 18 August 2022

Male menopause: Myth or reality https://www.healthyfood.com/advice/male-menopause-myth-or-reality/ Accessed Date 18 August 2022

Nutrition in Andropause https://www.neolifesalud.com/en/blog/nutrition/nutrition-in-andropause/ Accessed Date 18 August 2022

ယခုပုံစံ

24/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Testosterone (တက်စတိုစတီရုန်း)

အမျိုးသားတွေရော ချင်ခြင်းတပ် ကြသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement