backup og meta

အမျိုးသားတွေ ဂျိုင်းမွှေးဘာလို့ ရိတ်သင့်သလဲ

အမျိုးသားတွေ ဂျိုင်းမွှေးဘာလို့ ရိတ်သင့်သလဲ

အမွှေးအမျှင်တွေ ရိတ်ဖို့ လိုမလိုကို ဆရာဝန်နဲ့ တိုင်ပင်စရာ မလိုပါဖူး။ ဒါဟာ သင်ကိုယ်တိုင်ဆုံးဖြတ်ရမဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလော လေ့လာချက်တွေအရ အမျိုးသားတွေ အနေနဲ့ အနည်းဆုံး ဂျိုင်းမွှေးကိုတော့ ရိတ်သင့်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

•ကြည့်လို့ပိုကောင်းအောင် ဒါမှမဟုတ် အနံ့အသက်ပိုကောင်းအောင်

ဂျိုင်းမွှေးရှိတာဟာ ယောက်ျားပိုပီသစေတယ်လို့ အမျိုးသားအများအပြားက ယူဆထားကြပါတယ်။ ဒါကမှားတယ်လို့တော့လည်း မပြောသာပါဖူး။ ဒါပေမယ့် သင့်ဂျိုင်းကြားကို နောက်တခေါက်ထပ်ကြည့် ကြည့်ပါ။ တကယ်လို့ သင့်ဂျိုင်းကြားမှာ တောထနေပြီဆိုရင်တော့ သင့်အနေနဲ့ ပြန်စဉ်းစားဖို့လိုနေပါပြီ။ စစ်တမ်းတခုမှာ ဖော်ပြထားတာက အမျိုးသမီးအများအပြားဟာ ဂျိုင်းမွှေးတွေကို မကြိုက်ကြဖူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဘယ်လိုအမွှေးအမျှင်ပဲဖြစ်ဖြစ် ချွေးတွေအောင်းနိုင်လို့ အနံ့အသက်ကိုလည်း ဆိုးစေနိုင်ပါတယ်။

•မလိုလားအပ်တာတွေကို ဖယ်ရှားပစ်ပါ။

ချွေးတွေကိုထုတ်ပေးတဲ့ apocrine ဂလင်းတွေဟာ ဂျိုင်းကြားမှာ အများအပြားရှိနေပါတယ်။ အမျိုးသားတွေရဲ့ချွေးမှာ စတီးရွိုက်ဓါတ်တွေ၊အဆီဓါတ်တွေ၊ပရိုတင်းဓါတ်တွေ နဲ့ တခြားဓါတ်ပစ္စည်းတွေ ပါဝင်ပြီး ဒီပစ္စည်းတွေ အားလုံးပေါင်းစပ်ထားတဲ့ ချွေးဟာ သတင်းအချက်အလက်တချို့ကို ပေးနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါ့အပြင် သိပ္ပံပညာရှင်တွေရဲ့ အလိုအရ ဂျိုင်းမွှေးက ကိုယ့်ရဲ့အဖော်ကို ဆွဲဆောင်နိုင်တယ်ဆိုတာ ကျောက်ခေတ်မှာ ကျန်ခဲ့ပြီဖြစ်ပြီး ဒီခေတ်မှာတော့ ဘာမှမဆိုင်တော့ပါဖူးတဲ့။ ဆိုတော့ကား ဂျိုင်းမွှေးတွေကို ဘာလို့များ ဆက်ထားနေရဦးမှာလဲ။

•ဘယ်အချိန်မှာ ဂျိုင်းမွှေးရိတ်သင့်သလဲ။

ဂျိုင်းမွှေးရှိတာ သင့်အပြစ်မဟုတ်ပါဖူး။ ဒါပေမယ့် အကျီၤမပါတဲ့ အချိန်မှာ သင့်ဂျိုင်းမွှေးတွေကို တို့လို့တန်းလန်းမြင်နေရရင်တော့ သင့်အပြစ်ဖြစ်သွားပါပြီ။ သင်ဟာ ဆံပင်ရှည်ထားသူဆိုရင် လက်မြှောက်လိုက်ရင် ဆံပင်နဲ့ ဂျိုင်းမွှေးရောပြီး ခြုံပုတ်ကြီးဖြစ်နေရင် အတော်အကြည့်ရဆိုးပါလိမ့်မယ်။ ဂျိုင်းမွှေးကို ငုတ်စိလေးတွေထက် ပိုပြီးရှည်အောင် မထားသင့်ပါဖူး။ အရေးကြီးဆုံးက သင့်ဂျိုင်းကြားဟာ ချွေးနံ့နံ မနေသင့်ပါဖူး။ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေတခုခုနဲ့ ငြိနေပြီဆိုရင်တော့ သင့်အနေနဲ့ ဂျိုင်းမွှေးရိတ်သင့်ပါပြီ။

•ကောင်းပြီ။ ဂျိုင်းမွှေးရိတ်မယ်ဆိုရင်ရော ဘယ်လိုရိတ်ရမလဲ။

•ညှပ်ပါ။

ရိတ်ရမှာ ကြောက်နေတယ်ဆိုရင် အရင်ညှပ်ကြည့်ပါ။ ကပ်ကြေးသေးသေးလေးတွေကို သုံးပြီး ညှပ်နိုင်ပါတယ်။ ဆန္ဒရှိရင် ခပ်တိုတိုလေးတွေ ချန်ထားနိုင်ပါတယ်။ ဂျိုင်းမွှေးတိုသွားလေလေ ချွေးထွက်တာ၊အနံ့အသက်မကောင်းတာ နည်းလေပါပဲ။

•ရိတ်ပါ။

တကယ်လို့ ညှပ်ရုံလောက်နဲ့ အဆင်မပြေဖူးလို့ ထင်ရင် ဂျိုင်းမွှေးရိတ်ကြည့်နိုင်ပါတယ်။ ဂျိုင်းမွှေးက နည်းနည်းရှည်တယ်ဆိုရင် တိုသွားအောင် အရင်ညှပ်ပါ။ ပြီးရင် သင်မုတ်ဆိတ်ရိတ်တဲ့အခါ သုံးတဲ့ shaving cream နဲ့ ဓါးကို သုံးပြီး ဂျိုင်းမွှေးရိတ်နိုင်ပါတယ်။ သိရမှာက ဒီလိုရိတ်တဲ့အခါ အပေါ်အောက်ပဲ ရိတ်ပါ။ ဘေးတိုက်ရိတ်ရင် အနာတရဖြစ်နိုင်သလို ingrown hair လို့ခေါ်တဲ့ ဂျိုင်းမွှေးထပ်ပေါက်လာတဲ့ အခါ အရေပြားအပြင်ကို ထွက်မလာဘဲ အထဲကို ပြောင်းပြန်ပေါက်တာမျိုးတွေ ဖြစ်နိုင်လို့ပါ။ တနေရာတည်းကို ကြိမ်ဖန်များစွာ ရိတ်နေတာမျိုးလည်း မလုပ်သင့်ပါဖူး။ ဒီလိုလုပ်ရင်လည်း ingrown hair တွေ ဖြစ်လာနိုင်လို့ပါ။ ရေချိုးပြီးခါစမှာ ဂျိုင်းမွှေးတွေဟာ ပုံမှန်ထက်နူးညံ့နေလေ့ရှိတာမို့ ဒီအချိန်မှာ ရိတ်မယ်ဆိုရင် ပိုပြီး အဆင်ပြေနိုင်ပါကြောင်း။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

One Weird Question: Should Men Shave Their Armpits? http://nextluxury.com/mens-style-and-fashion/should-men-shave-their-armpits/. Accessed May 5, 2017.
Why Men Should Shave Their Armpits. http://www.menshealth.com/style/why-men-should-shave-armpits. Accessed May 5, 2017.

ယခုပုံစံ

28/01/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရင်သားဖွံ့ထွားနေတဲ့ အမျိုးသားများ ဖတ်ရန်

အမျိုးသားတွေမှာ အီစထရိုဂျင် ဟော်မုန်း ပမာဏ ဘယ်လို လျှော့ချရပါ့



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement