backup og meta

အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသားများ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

    ဆီးလမ်းကြောင်း ပိုးဝင်ခြင်းက ယောက်ျားမိန်းမ မရွေး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ ဒုက္ခအတော်ပေးတယ်ဆိုပြီး သိထားကြပြီးသားပါ။ ဒါပေမယ့် ခုဆောင်းပါးမှာ အမျိုးသားတွေ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကိုသာ ဖော်ပြသွားမှာပါ။ ဒါဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ ဘာလဲ၊ ဘာအန္တရာယ်တွေ ရှိလဲ၊ ဘယ်လို ကာကွယ်မလဲ၊ ကုသမှုတွေက ဘာတွေလဲ။ အောက်မှာဖော်ပြထားတဲ့ ဆောင်းပါးက အဲ့ဒီအကြောင်းအရာတွေရဲ့ အချက်အလက်များကို ပေးသွားမှာပါ။

    ဆီးလမ်းကြောင်းပိုးဝင်ခြင်း (Urinary Tract Infection) ဆိုတာ ဘာလဲ။

    ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာ သင့်ဆီးလမ်းကြောင်းထဲကို ဘက်တီးရီးယားပိုး ဝင်ရောက်ပြီးနောက်ဆက်တွဲ အကျိုးဆက်ပဲ ဖြစ်ပါတယ်။ သင်ဆီးသွားတဲ့အခါ သင့်ဆီးလမ်းကြောင်းထဲကို ဝင်ထားတဲ့ ဘက်တီးရီးယား အများစုက ထုတ်ပစ်ခြင်းခံလိုက်ရပါတယ်။ ဒါပေမယ့် ကျန်ခဲ့တယ့် တချို့ဘက်တီးရီးယားတွေကြောင့် Urinary Tract Infection (UTI) ဖြစ်တာပါ။

    UTI ရဲ့ အန္တရာယ်တွေက ဘာတွေလဲ။

    အကယ်၍ သင်က ပိုးသတ်ဆေးတွေကို မလိုအပ်ဘဲ ခဏခဏ သောက်နေမယ်ဆိုရင် သင့်ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ခံနိုင်ရည်ပိုရှိလာတတ်ပါတယ်။ ရလဒ်အနေနဲ့ သူတို့ကို လုံးဝရှင်းလင်းဖို့ အတော်ခက်ခဲတဲ့အထိ အဆင့်မြင့်လာနိုင်ပါတယ်။

    ဆိုလိုတာက သင့် UTI က ပြန်လည် ဖြစ်ပေါ်လာနိုင်ပါတယ်။ ထိရောက်တဲ့ကုသမှုမရှိရင် ဒီ infection က သင့်ကို အတော်လေးကို ထိခိုက်ဖျက်ဆီးနိုင်ပါတယ်။ ဘက်တီးရီးယားက သင့်ကျောက်ကပ်တွေအထိ ပြန့်နှံ့နိုင်ပြီး pyelonephritis ဖြစ်စေနိုင်ပါတယ်။ အဆိုးဆုံးအခြေအနေမှာ ဘက်တီးရီးယားက သွေးထဲကို ရောက်ပြီး သင့်အသက်အန္တရာယ်ကို ထိခိုက်စေနိုင်ပါတယ်။

    Urinary Tract Infection ကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုကုသမလဲ။

    ဘယ်လောက်ပြင်းထန်လဲပေါ်မူတည်ပြီး လူနာတစ်ယောက်ချင်းဆီရဲ့ ကုသမှုတွေက မတူညီကြပါဘူး။ ဒါပေမယ့် UTI အတွက် အသုံးအများဆုံး ကုသနည်းကတော့ ပိုးသတ်ဆေး (antibiotics) အသုံးပြုတာပါ။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ infection ကို တိုက်ဖျက်ဖို့ ရည်ရွယ်ပါတယ်။

    ပြင်းထန်မှုပမာဏကို လျှော့ချဖို့ သို့မဟုတ် ဆီးသွားတဲ့အခါ (သင်ခံစားရရင်) နာကျင်တာ၊ အဆင်မပြေဖြစ်တာကို သက်သာစေဖို့ အဆင့်အတော်များများကို လုပ်ဆောင်ရပါမယ်။

    – နေ့စဉ် ရေပမာဏ လုံလုံလောက်လောက် ဂရုတစိုက် သောက်သုံးပါ။ ( ရေကသာ သင့်ခန္ဓာကိုယ်အတွက် အကောင်းဆုံးဆိုတာ သိထားပါ။ အရက်နဲ့ gas ပါတဲ့၊ အမြှုပ်ထွက်တဲ့ သောက်စရာ စတာတွေကို ရှောင်ကြဉ်ပါ။ )

    တခြားကုသမှုတွေက သက်မှတ်ထားတဲ့ ဆေးတွေကို သင်ဆီးသွားတဲ့အခါ ခံစားရတဲ့ အဆင်မပြေဖြစ်တာ၊ ဆီးပူတာ၊ နာကျဉ်တာတွေကို သက်သာစေဖို့ အသုံးပြုပါတယ်။ ဒါ့အပြင် ဆေးဝါးပစ္စည်းတွေက သင့်ရဲ့မကြာခဏ ဆီးသွားလိုတဲ့စိတ်ကိုလဲ ကူညီ ပယ်ဖျက်ပေးပါလိမ့်မယ်။ တခြားတစ်ဖက်မှာကတော့ ဒီဆေးတွေသုံးစွဲခြင်းက သင့်ဆီးအရောင်ကို အနီရောင် သို့မဟုတ် လိမ္မော်ရောင် လိုမျိုး ပြောင်းလဲသွားနိုင်ပါတယ်။

    ဆီးအရမ်းသွားလိုတဲ့အချိန် အတင်းအကြပ်ထိန်းထားတာက သင့်ဆီးအိမ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမယ်ဆိုတာ နားလည်ပါ။ ဒီလိုအပြုအမူတွေက ရေရှည်မှာ ပြင်းထန်ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်သွားစေနိုင်ပါတယ်။ ဒါကြောင့် ဆီးသွားချင်တယ်လို့ ခံစားရတာနဲ့ သွားပါ။

    Urinary Tract Infection က အမျိုးသားတွေရဲ့ဘဝကို အဆိုးရွားဆုံးတွေ သက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် UTI ကနေ ဘေးကင်းချင်တယ်ဆိုရင် အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေ၊ ကာကွယ်မှုတွေကို အမှတ်ရပါ။ ဒါ့အပြင် သင့်မှာ UTI ရှိတယ်လို့ သံသယရှိပါက ဆရာဝန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူ ဆီ သွားပြီး ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်၊ ရောဂါရှာဖွေအမည်တပ်ဖို့၊ ကုသမှု တွေအတွက် တုံ့ဆိုင်းမနေပဲ သွားရောက်ပြသသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement