backup og meta

ဇီကာဗိုင်းရပ်စ်Zika Virus၏လိင်မှတစ်ဆင့်ကူးစက်ခြင်းကို သတိပြုရန်လိုအပ်လာခြင်း

ဇီကာဗိုင်းရပ်စ်Zika Virus၏လိင်မှတစ်ဆင့်ကူးစက်ခြင်းကို သတိပြုရန်လိုအပ်လာခြင်း

ရောဂါလက္ခဏာများ

ဇီကာဗိုင်းရပ်စ်၏ရောဂါပျိုးချိန်(ရောဂါပိုးစဝင်ချိန်မှရောဂါလက္ခဏာပြချိန်)အတိအကျကိုမသိရသေးပါ။ ရက်အနည်းငယ် ကြာမြင့်နိုင်ပါသည်။ မျိုးနွယ်တူ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုး ကဲ့သို့ပင် ရောဂါလက္ခဏာများမှာ ဖျားခြင်း၊ အနီကွက်များထွက်ခြင်း၊ မျက်စိနာခြင်း ၊ကြွက်သားနှင့် အဆစ်များနာခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်နိုင်သည်။ ရောဂါလက္ခဏာများမှာ ပြင်းထန်မှုမရှိဘဲ၂ရက်မှ၁ပတ်အထိ ကြာမြင့်တတ်သည်။

ဇီကာဗိုင်းရပ်စ်၏နောက်ဆက်တွဲပြဿနာများ

၂၀၁၆ခုနှစ်မေလ၃၀ရက်နေ့အထိလေ့လာချက်များအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ ထုတ်ပြန်သည်မှာ ကိုယ်ဝန်ဆောင်စဉ် ရောဂါကူးစက်ခံရပါက မွေးရာပါ ဦးနှောက်ဖွံ့ဖြိုးမှု့ချို့တဲ့ရောဂါ၊ ဦးနှောက်သေးခြင်း(Microcephaly)နှင့် GuillianBarre’Syndrome ဟုခေါ်သော အာရုံကြောရောင်ရမ်းခြင်း ရောဂါများလည်း ခံစားရစေနိုင်သည်။ ဇီကာဗိုင်းရပ်စ်နှင့်ဦးနှောက်အာရုံကြောရောဂါများ၏ ဆက်စပ်မှုကို သုတေသနလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေကြပါသည်။

ရောဂါကူးစက်ပုံ

ဇီကာဗိုင်းရပ်စ်သည် အဓိကအားဖြင့် ရောဂါပိုးရှိသော အေးဒီးစ်(Aedes)ခြင်ကျား အကိုက်ခံရခြင်းမှ ကူးစက်သည်။ အေးဒီးစ်ခြင်သည် အပူပိုင်းဒေသများတွင် တွေ့ရပြီး မနက်စောစောနှင့် နေ့လည် နေ့ခင်းဘက်တွင် အများဆုံး ကိုက်တတ်သောခြင် ဖြစ်ပါသည်။ သွေးလွန်တုပ်ကွေးရောဂါ၊ ရှင်ကန်ဂန်းယားရောဂါနှင့် ငန်းဝါရောဂါတို့ကို ဖြစ်စေသော ခြင်အမျိုးအစားလည်း ဖြစ်ပါသည်။ လိင်မှတစ်ဆင့်လည်း ကူးစက်တတ်ပြီး သွေးသွင်းခြင်း မှလည်းကူးစက်တတ်ပါသည်။

ခြင်ကိုက်ခြင်းကိုကာကွယ်ခြင်း

ခြင်မကိုက်အောင် ကာကွယ်ခြင်းဖြင့် အဓိကကာကွယ်နိုင်သည်။ အရောင်ဖျော့သော အဝတ်အစားများကို လုံခြုံအောင်ဝတ်ဆင်ခြင်း၊ ပြတင်းပေါက်နှင့် တံခါးများကို ခြင်လုံဇကာများ တပ်ဆင်ခြင်း၊ ခြင်ထောင်ဖြင့်အိပ်ခြင်း၊ ခြင်နိုင်ဆေးရည်သုံးခြင်း တို့ကိုပြုလုပ်နိုင်သည်။ ကလေးသူငယ်များ၊ နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများ အတွက် လိုက်နာဆောင်ရွက်ရန်နှင့် အကူအညီများတောင်းခံနိုင်ပါသည်။ ရောဂါဖြစ်ပွားနေသောဒေသနှင့် ထိုဒေသသို့ သွားရောက်လည်ပတ်သူများသည် လိုအပ်သော အခြခံသတိပြုဖွယ်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် ခြင်မကိုက်အောင် ကာကွယ်ရမည်။

အိမ်နှင့်ပတ်ဝန်းကျင်တွင် ခြင်ပေါက်ဖွားနိုင်သော ရေမြောင်း၊ အိုးခြမ်းပဲ့၊ ရေအိုးများ၊ တာယာဟောင်းများကို လိုအပ်သလို ဖုံးအုပ်ရှင်းလင်းထား သင့်ပါသည်။ ပြည်သူလူထု အနေဖြင့်လည်း အစိုးရ၏ခြင်နှိမ်နှင်းရေး လုပ်ငန်းများကို ပူးပေါင်းပါဝင် ကူညီသင့်ပါသည်။ ကျန်းမာရေးဌာနမှ လိုအပ်ပါက ခြင်နိုင်ဆေးဖျန်းခြင်းကိုလည်း ပြုလုပ်ပေးနိုင်ပါသည်။

လိင်မှတစ်ဆင့်ကူးစက်ခြင်းကိုကာကွယ်ခြင်း

လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါပိုးဖြစ်၍ ကိုယ်ဝန်ဆောင်နှင့် မွေးဖွားလာမည့် ကလေးငယ်အား ရောဂါမဖြစ်ရန် အထူးသတိပြုရပေမည်။ ရောဂါဖြစ်ပွားနေသော ဒေသများတွင် လူနာများနှင့် သူတို့၏ လိင်ဆက်ဆံဖော်များကို ရောဂါကူးစက်ခြင်း၏ အန္တရာယ်ကို သတိပေးပြောကြား ထားရမည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက လိင်ဆက်ဆံခြင်း အလေ့အထရှိသော အမျိုးသားနှင့် အမျိုးသမီးများကို ဆွေးနွေးရှင်းပြ၍ အကာအကွယ်နည်းလမ်းသုံးရန်နှင့် အကယ်၍ကိုယ်ဝန်ရရှိလာပါကလည်း ကိုယ်ဝန်နှင့်သန္ဓေသားကို မထိခိုက်ရန်နည်းလမ်းများကို ရှင်းပြထားပြီး အကြံပြုထားပါသည်။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးသောအခါ ဇီကာဗိုင်းရပ်စ်၏ အန္တရာယ်ကြောင့် ကိုယ်ဝန်မရလိုပါက အမျိုးသမီးများအနေဖြင့် အရေးပေါ်ကိုယ်ဝန်တားဆေးကို အသုံးပြုနိုင်ရန် သိရှိထားသင့်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများသည်လည်း အကာ အကွယ်သုံးခြင်းနှင့် ကိုယ်ဝန်ဆောင်ကာလတလျှောက် လိင်ဆက်မှုကို ရှောင်ကြဉ်ခြင်းတို့ ပြုလုပ်သင့်ပါသည်။

ရောဂါမဖြစ်ပွားသေးသော ဒေသများတွင်လည်း မကြာသေးခင်က ရောဂါဖြစ်နေသော ဒေသမှပြန်လာသူများအနေဖြင့် စိတ်ချရသော လိင်ဆက်ဆံခြင်း (သို့မဟုတ်) အကာအကွယ်သုံးခြင်းဖြင့် လိင်မှတစ်ဆင့် ကူးစက်ခြင်းကို ရှောင်ရှားနိုင်ပါသည်။ ရောဂါဖြစ်ပွားနေသော ဒေသတွင်နေထိုင်သူများနှင့် ထိုဒေသမှ ပြန်လာသော ကိုယ်ဝန်ဆောင်များ၏ လိင်ဆက်ဆံဖော်များသည် စိတ်ချရသော လိင်ဆက်ဆံခြင်း (သို့မဟုတ်) ကိုယ်ဝန်ဆောင်ကာလတလျှောက် လိင်ဆက်ဆံခြင်းအား ရှောင်ကြဉ်ခြင်းကိုသာ ပြုလုပ်ရပါမည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sexual Transmission & Prevention
https://www.cdc.gov/zika/prevention/sexual-transmission-prevention.html Accessed April 17, 2017

Passing on Zika through sex
http://www.star2.com/living/viewpoints/2016/09/25/passing-on-zika-through-sex/ Accessed April 17, 2017

How Relevant Is Sexual Transmission of Zika Virus?
https://www.ncbi.nlm.nih.gov/pmc/articles/PMC5079617/ Accessed April 17, 2017Sexual Transmission & Prevention
https://www.cdc.gov/zika/prevention/sexual-transmission-prevention.html Accessed April 17, 2017

 

ယခုပုံစံ

24/08/2022

Dr. Ye Pyae Hein မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement