စစ်ပွဲတွေရဲ့ ကျန်းမာရေးကဏ္ဍအပေါ် သက်ရောက်မှုတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ဝေးသွားရခြင်းဟာ အကြီးမားဆုံးပြဿနာပါပဲ။ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှာ နေသူတွေဟာ အလွယ်တကူ သွားရောက်ဆေးကုသမှုခံယူလို့ မရနိုင်တော့ပါဘူး။ အသက်မမှီဘဲ သေဆုံးရတဲ့ လူနာတွေလည်း ထောင်သောင်းမက ရှိနေပါတယ်။
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်လည်း ထိုနည်းလည်းကောင်းပါပဲ၊ မီးမဖွားနိုင်ဘဲ အရေးပေါ် ခွဲမွေးဖို့လိုအပ်နေပေမဲ့ ဆေးကုသမှု သွားရောက်ခံယူဖို့ ခက်ခဲတာကြောင့် မိခင်ရောကလေးပါ အသက်ဆုံးရှုံးခဲ့ကြရတဲ့ အနေအထားတွေ အများကြီးပါ။
နောက်ဆုံးတစ်ခုကတော့ ဒုက္ခသည်စခန်းတွေဟာ လူနေထူထပ်ပြီး သန့်ရှင်းမှု မရှိတတ်ကြပါဘူး။
လူနေထူထပ်မှုရဲ့ နောက်ကွယ်မှာ တီဘီရောဂါ၊ ကိုရိုနာ ဗိုင်းရပ်စ်အစရှိတဲ့ ကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကြီးတွေက စောင့်ဆိုင်းလျက်ရှိကြပါတယ်။
ဒါ့အပြင် တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့အတွက် ဝမ်းပျက် ဝမ်းလျှောရောဂါကဲ့သို့သော ရေကြောင့်ဖြစ်ပွားရတဲ့ ရောဂါတွေ ပေါ်ပေါက်လာတတ်ပါတယ်။
ရေသိုလှောင်မှု နည်းစနစ် မမှန်ခြင်းနဲ့ ရေဆိုးရေညစ်တွေ ရှိနေခြင်းတို့ကြောင့် ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါလိုမျိုး ရောဂါတွေ ဖြစ်ပွားနိုင်ပါသေးတယ်။ ကပ်ရောဂါအသွင်အထိ ဖြစ်နိုင်ပါတယ်။
လက်သန့်ရှင်းမှုမရှိတာကြောင့် သန်ကောင်၊ တုတ်ကောင်ရောဂါတွေ ဖြစ်ပွားနိုင်ပါသေးတယ်။
ဗီတာမင်ချို့တဲ့မှုရောဂါတွေကတော့ အနှံ့အပြားပါပဲ။
ကာကွယ်ဆေးတွေနဲ့လည်း အလှမ်းဝေးနေဦးမှာပါ။
စစ်မက်ပဋိပက္ခကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ မလိုလားကြပါဘူး။ သို့ပေမယ့်လည်း စစ်ပွဲတွေ ရှိနေသရွေ့တော့ လူသားတွေဟာ ရောဂါဆိုးကြီးတွေရဲ့ သားကောင်ဖြစ်နေဦးမှာပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေရဲ့ကြားက ဓားစာခံပြည်သူလူထုတွေရဲ့ ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းကုသပေးဖို့နဲ့ ကျန်းမာရေး ဗဟုသုတပေးဖို့ကတော့ ကျွန်မတို့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ တာဝန်ဖြစ်ကြောင်း အသိပေးရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်ပါရစေ။
ရေးသားသူ-ဒေါက်တာမှူးခင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။