မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar
ရေခြောက်ကိုဖြစ်စေတဲ့ ဗေရီဆယ်လားဇိုစတာဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အရေပြားနာကျင်စေတဲ့အဖုအပိမ့်တွေထွက်လာခြင်းဖြစ်ပါတယ်။ ရေခြောက်ကူးက်ပိုးက သက်သာသွားပေမယ့် ဗိုင်းရပ်က အာရုံေကြောအဖွဲ့အစည်းထဲမှာ ဆင်ဖြူတော်ရေယုန်အဖြစ်ပြန်ထလာခြင်းမရှိခင် နှစ်ပေါင်းများစွာနေနိုင်ပါတယ်။ ခါးပတ်ရေယုန်လို့လည်းခေါ်ပါတယ်။ ခန္ဓါကိုယ်မည့်သည်နေရာမှာမဆို ပေါ်လာနိုင်ပေမယ့်လည်း အများဆုံးပေါ်လာလေ့ရျိတာကတော့ ရင်အုပ်နှစ်ခြမ်းလုံးပတ်လည်မှာ အရေကြည်ဖုအမြောင်းလိုက်ကြိးအနေနဲ့ပေါ်လာပါတယ်။
အသ်ကကြီးသူတွေနဲ့ ခုခံအားနည်းတဲ့သူတွေမှာ စိတ်ဖိစီးမှု၊ ထိခိုက်ဒဏ်ရာ၊ အချို့သောဆေးများ သို့ အခြားအကြောင်းအချက်တွေရှိနေတာကြောင့် ပိုပြီးဖြစ်နိုင်ချေများပါတယ်။
အသက်အန္တရယ်မပေးနိုင်ပေမယ့် အလွန်နာကျင်စေပါတယ်။ တတ်နိုင်သမျှမြန်မြန်သိရှိဖို့လိုပြီး စောစောကုသမှုခံယူခြင်းက ကူးစက်ပိုးကိုမြန်မြန်သက်သာစေပြီး နောက်ဆက်တွဲဖြစ်နိုငချေကိုနည်းစေပါတယ်။
ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဆင်ဖြူတော်ရေယုန် ရဲ့ပထမဆုံးစပြတဲ့လက္ခဏာတွေကတော့ နာကျင်တာနဲ့ပူစပ်ပူလောင်ခံစားရတာဖြစ်ပါတယ်။ နာကျင်မှုက ခန္ဓါကိုယ်တစ်ခြမ်းမှာဖြစ်လေ့ရှိပြီး အကွက်သေးသေးလေးတွေဖြစ်ပေါ်လာပါတယ်။ အနီဖိမ့်တွေဖြစ်လာပါတယ်။ အဖိမ့်တွေရဲ့ထူးခြားချက်ကတော့
အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အောက်ပါလက္ခဏာတွေထဲက တစ်ခုခိုများရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။
သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။
ဆင်ဖြူတော်ရေယုန်ကို အဓိကဖြစ်စေတဲ့ ဗေရီဆယ်လားဇိုစတာဗိုင်းရပ်က ရေခြောက်ကိုလည်းဖြစ်စေပါတယ်။ ရေခြောက်ပေါက်ဖုူးသူတွေမှာဆင်ဖြူတော်ရေယုန်ဖြစ်လာနိုငပါတယ်။ ရေခြောက်သက်သာသါားပြီးနောက်မှာ ဗိုင်းရပ်ကအာရုံကြောအဖွဲ့အစည်းထဲကို ဝင်သွားပြီး နှစ်ပေါင်းများစာ နေနိုင်ပါတယ်။ နောက်ဆုံးမှာ ပြန်လည်ထကြွလာပြိး နာဗ်ကြောလမ်းကြောင်းကတစ်ဆင့် အရေပြားတွေဆီရောက်ပြီး ရေယုန်စြဖ်စေပါတယ်။
အချို့သောဆေးတွေက ဗိုင်းရပ်ပိုးပြန်ထကြွစေပြီး ရေယုန်အဖုအပိမ့်တွေကိုဖြစ်စေပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဗိုင်းရပ်တဖန်ပြန်ထကြွလာတဲ့အခါမျာ ရေယုန်ကိုသာဖြစ်စေပြီးရေခြောကိကို ပြန်မဖြစ်စေတော့ပါဘူး။
ဆင်ဖြူတော်ရေယုန် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
အဖုအပိမ့်နဲ့ အရည်ကြည်ဖုတွေကို စမ်းသပ်ကြည့်ခြင်းဖြင့် ရောဂါအတည်ပြုနိုင်ပါတယ်။ ဆရာဝန်က သင့်ကျန်းမာရေးရာဇဝင်ကို မေးမြန်းပါလိမ့်မယ်။
အရေပြားနမူနာဒါမှမဟုတ် အရေကြည်ဖုကနေအရေည်တွေကို စမ်းသပ်ဖို့လည်းလိုနိုင်ပါတယ်။ အလွန်တော့ရှားပါတယ်။ တစ်ရှူးနမူနာအရည်နမူနာကိုယူဖို့အတွက် သန့်စင်ပိုးသတ်ထားတဲ့ဂွမ်းတံကိုအသုံးပြုရပါတယ်။ နမူနာတွေကို ကျန်းမာရေးဓါတ်ခွဲခန်းကိုပို့ပြီး ဗိုင်းရပ်ပိုးပါတာကိုအတည်ပြုနိုင်ပါတယ်။
အိမ်သုံးကုထုံးတွေက လက္ခဏာတွေကိုသက်သာစေပါတယ်။
အိမ်သုံးကုထုံးတွေကတော့
အနားယူခြင်း
အအေးကပ်ပေးခြင်း၊ အဖုအပိမ့်ကိုအအေးပေးခြင်းက နာကျင်မှုနဲ့ယားယံခြင်းကို သက်သာစေပါတ်ယ။
ယားယံခြင်းကုသက်သာစေဖို့ ကယ်လမင်းလိုရှင်းလိမ်းပေးခြင်း
နာကျင်မှုနဲ့ယားယံခြင်းကသက်သာစေဖို့ အုတ်ဂျုံနဲ့ရေချိုါ်ခြင်း
ပျေက်ကင်းအောင်မကုသနိုင်ပါဘူး။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားထားတဲ့ ဗိုင်းရပ်ကိုတိုက်ထုတ်ပေးတဲ့ဆေးတွေနဲ့ ချက်ချင်းကုသမှုပေးခြင်းက မြန်ြန်ပျောက်ကင်းစေပြီး နောက်ဆက်တွဲတွေဖြစ်နိုငချေကိုနည်းစေပါတယ်။ ဆေးတွေကတော့-
အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ဆင်ဖြူတော်ရေယုန်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။
ကာကွယ်ဆေးထုးခြင်းက ပြင်းထန်ရေယုန်လက္ခဏာတွေကနေကာကွယ်ပေးပြီး နောက်ဆက်တွဲတွေမဖြစအောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ ကူးစက်တတ်ပါတယ်။ ကူးစက်ခံရပြီဆိုရင် ကူးစက်ပိုးပျံ့နှံ့ခြင်းမရှိအေင်ကာကွယ်ဖို့ အောက်ပါနည်းလမ်းတွေကိုလိုက်နာရပါမယ်။
အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Kaung Thar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။