backup og meta

Shingles (ဆင်ဖြူတော်ရေယုန်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Shingles (ဆင်ဖြူတော်ရေယုန်) ကဘာလဲ။

ရေခြောက်ကိုဖြစ်စေတဲ့ ဗေရီဆယ်လားဇိုစတာဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး အရေပြားနာကျင်စေတဲ့အဖုအပိမ့်တွေထွက်လာခြင်းဖြစ်ပါတယ်။ ရေခြောက်ကူးက်ပိုးက သက်သာသွားပေမယ့် ဗိုင်းရပ်က အာရုံေကြောအဖွဲ့အစည်းထဲမှာ ဆင်ဖြူတော်ရေယုန်အဖြစ်ပြန်ထလာခြင်းမရှိခင် နှစ်ပေါင်းများစွာနေနိုင်ပါတယ်။ ခါးပတ်ရေယုန်လို့လည်းခေါ်ပါတယ်။ ခန္ဓါကိုယ်မည့်သည်နေရာမှာမဆို ပေါ်လာနိုင်ပေမယ့်လည်း အများဆုံးပေါ်လာလေ့ရျိတာကတော့ ရင်အုပ်နှစ်ခြမ်းလုံးပတ်လည်မှာ အရေကြည်ဖုအမြောင်းလိုက်ကြိးအနေနဲ့ပေါ်လာပါတယ်။

အသ်ကကြီးသူတွေနဲ့ ခုခံအားနည်းတဲ့သူတွေမှာ စိတ်ဖိစီးမှု၊ ထိခိုက်ဒဏ်ရာ၊ အချို့သောဆေးများ သို့ အခြားအကြောင်းအချက်တွေရှိနေတာကြောင့် ပိုပြီးဖြစ်နိုင်ချေများပါတယ်။

အသက်အန္တရယ်မပေးနိုင်ပေမယ့် အလွန်နာကျင်စေပါတယ်။ တတ်နိုင်သမျှမြန်မြန်သိရှိဖို့လိုပြီး စောစောကုသမှုခံယူခြင်းက ကူးစက်ပိုးကိုမြန်မြန်သက်သာစေပြီး နောက်ဆက်တွဲဖြစ်နိုငချေကိုနည်းစေပါတယ်။

Shingles (ဆင်ဖြူတော်ရေယုန်) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Shingles (ဆင်ဖြူတော်ရေယုန်) ရဲ့လက္ခဏာတွေကဘာတွေလဲ

ဆင်ဖြူတော်ရေယုန် ရဲ့ပထမဆုံးစပြတဲ့လက္ခဏာတွေကတော့ နာကျင်တာနဲ့ပူစပ်ပူလောင်ခံစားရတာဖြစ်ပါတယ်။ နာကျင်မှုက ခန္ဓါကိုယ်တစ်ခြမ်းမှာဖြစ်လေ့ရှိပြီး အကွက်သေးသေးလေးတွေဖြစ်ပေါ်လာပါတယ်။ အနီဖိမ့်တွေဖြစ်လာပါတယ်။ အဖိမ့်တွေရဲ့ထူးခြားချက်ကတော့

  • အနိရောင်အကွက်များ
  • အလွယ်တကူပေါက်ပြဲလွယ်နိုင်တဲ့ အရည်ကြည်ဖုများ
  • ကျောရိုးကနေ ရင်ဘတ်အထိပတ်ပတ်လည်ပေါက်နေတဲ့ အဖုအပိမ့်များ
  • မျက်နှာနဲ့ နားမှာ အဖုအပိမ့်ပေါက်ခြင်း
  • ယားယံခြင်း
  • အချို့လူတွေမှာ နာကျင်မှုနဲ့အဖုအပိမ့်တွေမပြင် အခြားလက္ခဏာတွေလည်းဖြစ်နေိုင်ပေါသေးတယ်။ လက္ခဏာတွေကတော့
  • ဖျားခြင်း
  • ချမ်းတုန်ခြင်း
  • ခေါင်းကိုက်ခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • ကြွက်သားများအားနည်းခြင်း
  • သိပ်ဖြစ်လေ့ဖြစ်ထမရှိဘြ ပြင်းထတန်တဲ့နောက်ဆက်တွဲတွေကတော့
  • မျက်လုံးတစ်ဝိုက်နာကျင်ခြင်း အဖုအပိမ့်ထခြင်း ( မျက်လုံးထိခိုက်မှုကို ကာကွယ်ဖို့အတွက် ကုသမှုပေးသင့်ပါတယ်။ )
  • နားတစ်ဖက်မှာ အကြားအာရုံဆုံးရှုံးသွားခြင်း၊ ပြင်းပြင်းထန်ထန်နာကျင်ခြင်း၊ မူးဝေခြင်း၊ ပါးစပ်ပျက်ခြင်း ( ရမ်းဆေးဟန့်ဆင်ဒရုန်းလက္ခဏာများ ဖြစ်နေိုင်ပါတယ်။ )
  • အရေပြားနီနေရေင်နေ ပူနေမယ်ဆိုရင် ဘတ်တိးရီးယားကူးစက်ပိုးဝင်ခြင်းလည်း ဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

အောက်ပါလက္ခဏာတွေထဲက တစ်ခုခိုများရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ပြသင့်ပါတယ်။

  • မျက်လုံးတစ်ဝိုက်နာကျင်ခြင်း အဖုအပိမ့်ထခြင်း ။ မကုသဘဲထားရင် ကူးစက်ပိုးက မျက်လုံးထိခုခကပျက်စီးမှုကို ဖြစ်စေတိုင်တာကြောင့်ဖြစ်ပါတယ်
  • အသက် ၇၀နှင့်၇၀အထက် (အသက်ကြီးခြင်းကြောင့် နောက်ဆက်တွြဲဖ်စနိုငချေပိုများတာြေ့ှာ်ုံဲဇဏ့်ျွှဝ်၊ )
  • အဖုအပိမ့်တွေပျံ့နှံ့သွားပြီး နာကျင်စေခြင်း

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Shingles (ဆင်ဖြူတော်ရေယုန်) ကိုဘာတွေကဖြစ်စေသလဲ

ဆင်ဖြူတော်ရေယုန်ကို အဓိကဖြစ်စေတဲ့ ဗေရီဆယ်လားဇိုစတာဗိုင်းရပ်က ရေခြောက်ကိုလည်းဖြစ်စေပါတယ်။ ရေခြောက်ပေါက်ဖုူးသူတွေမှာဆင်ဖြူတော်ရေယုန်ဖြစ်လာနိုငပါတယ်။ ရေခြောက်သက်သာသါားပြီးနောက်မှာ ဗိုင်းရပ်ကအာရုံကြောအဖွဲ့အစည်းထဲကို ဝင်သွားပြီး နှစ်ပေါင်းများစာ နေနိုင်ပါတယ်။ နောက်ဆုံးမှာ ပြန်လည်ထကြွလာပြိး နာဗ်ကြောလမ်းကြောင်းကတစ်ဆင့် အရေပြားတွေဆီရောက်ပြီး ရေယုန်စြဖ်စေပါတယ်။

အချို့သောဆေးတွေက ဗိုင်းရပ်ပိုးပြန်ထကြွစေပြီး ရေယုန်အဖုအပိမ့်တွေကိုဖြစ်စေပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဗိုင်းရပ်တဖန်ပြန်ထကြွလာတဲ့အခါမျာ ရေယုန်ကိုသာဖြစ်စေပြီးရေခြောကိကို ပြန်မဖြစ်စေတော့ပါဘူး။

ဖြစ်နိုင်ခြေများ

Shingles (ဆင်ဖြူတော်ရေယုန်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ဆင်ဖြူတော်ရေယုန် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်၆၀နဲ့ ၆၀အထက်
  • အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်၊ ကင်ဆာလိုမျိုး ခုခံအားကိုအားနည်းစေတဲ့ရောဂါများရှိနေခြင်း
  • ဓါတ်ကင်ခြင်း ဓါတုကုထုံးများခံယူနေခြင်း
  • စတီးရွိုက်၊ ခန`ဓကိုယ်အစိတ်အပိုင်းအစားထိုးပြီးနောက်ပေးတဲ့ဆေးတွေစတဲ့ ခုခံအားကျစေတေဲ့ဆေးများ မှီဝဲနေခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Shingles (ဆင်ဖြူတော်ရေယုန်) ကို ဘယ်လိုအတည်ပြုပါသလဲ

အဖုအပိမ့်နဲ့ အရည်ကြည်ဖုတွေကို စမ်းသပ်ကြည့်ခြင်းဖြင့် ရောဂါအတည်ပြုနိုင်ပါတယ်။ ဆရာဝန်က သင့်ကျန်းမာရေးရာဇဝင်ကို မေးမြန်းပါလိမ့်မယ်။

အရေပြားနမူနာဒါမှမဟုတ် အရေကြည်ဖုကနေအရေည်တွေကို စမ်းသပ်ဖို့လည်းလိုနိုင်ပါတယ်။ အလွန်တော့ရှားပါတယ်။ တစ်ရှူးနမူနာအရည်နမူနာကိုယူဖို့အတွက် သန့်စင်ပိုးသတ်ထားတဲ့ဂွမ်းတံကိုအသုံးပြုရပါတယ်။ နမူနာတွေကို ကျန်းမာရေးဓါတ်ခွဲခန်းကိုပို့ပြီး ဗိုင်းရပ်ပိုးပါတာကိုအတည်ပြုနိုင်ပါတယ်။

Shingles (ဆင်ဖြူတော်ရေယုန်) ကို ဘယ်လိုကုသပါသလဲ

အိမ်သုံးကုထုံးတွေက လက္ခဏာတွေကိုသက်သာစေပါတယ်။

အိမ်သုံးကုထုံးတွေကတော့

အနားယူခြင်း

အအေးကပ်ပေးခြင်း၊ အဖုအပိမ့်ကိုအအေးပေးခြင်းက နာကျင်မှုနဲ့ယားယံခြင်းကို သက်သာစေပါတ်ယ။

ယားယံခြင်းကုသက်သာစေဖို့ ကယ်လမင်းလိုရှင်းလိမ်းပေးခြင်း

နာကျင်မှုနဲ့ယားယံခြင်းကသက်သာစေဖို့ အုတ်ဂျုံနဲ့ရေချိုါ်ခြင်း

ပျေက်ကင်းအောင်မကုသနိုင်ပါဘူး။ ဒါပေမယ့် ဆရာဝန်ညွှန်ကြားထားတဲ့ ဗိုင်းရပ်ကိုတိုက်ထုတ်ပေးတဲ့ဆေးတွေနဲ့ ချက်ချင်းကုသမှုပေးခြင်းက မြန်ြန်ပျောက်ကင်းစေပြီး နောက်ဆက်တွဲတွေဖြစ်နိုငချေကိုနည်းစေပါတယ်။ ဆေးတွေကတော့-

  • အေဆိုင်ကလိုဗာ
  • ဗာလာဆိုင်ကလိုဗာ
  • ဖမ်ဆီကလိုဗာ
  • ရေယုန်က ပြင်းထန်တဲ့နာကျင်မှုကိုစြဖ်စေနိုင်တာကြေင့် ဆရာဝန်ကအောက်ပါဆေးတွေကိုလည်း ညွှန်နိုင်ပါတယ်။
  • ကပ်ဆိုင်ဆင် လိမ်းဆေ
  • အတက်ရောဂါအတွက်ဆေးများ ( ဂါဘာပန်တင်စသည်ဖြင့်)
  • အမ်မီထရစ်တိုင်လင်းစတဲ့ ထရိုင်ဆိုက်ကလစ် အန်တီဒီပရက်ဆန့်များ စိတ်ဓတာ်ကျခြင်းအတွက်ဆေးများ
  • လစ်ဒိုကိန်းစတဲ့ထုံဆေးများ ( လိမ်းဆေး၊ ဂျယ်၊ စပရေး၊ ကပ်ခွာအနေနဲ့အသုံးပြုနိုင်ပါတယ်။ )
  • ကိုဒိန်းလိုမျိုး စိတ်ငြိမ်ဆေးပါတဲ့ဆေးများ
  • ကော်တိကိုစတီးရွိုက်များ ထုံးဆေးများထိုးခြင်း

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့်ဆင်ဖြူတော်ရေယုန်ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

ကာကွယ်ဆေးထုးခြင်းက ပြင်းထန်ရေယုန်လက္ခဏာတွေကနေကာကွယ်ပေးပြီး နောက်ဆက်တွဲတွေမဖြစအောင်လည်းကာကွယ်ပေးနိုင်ပါတယ်။ ကူးစက်တတ်ပါတယ်။ ကူးစက်ခံရပြီဆိုရင် ကူးစက်ပိုးပျံ့နှံ့ခြင်းမရှိအေင်ကာကွယ်ဖို့ အောက်ပါနည်းလမ်းတွေကိုလိုက်နာရပါမယ်။

  • အဖုအပိမ့်ကို ဖုံးအုပ်ထားခြင်း
  • ရေခြောက်မပေါက်ဖူးတဲ့လူတွေ၊ ခုခံအားနည်းနေတဲ့သူတွေနဲ့ ထိတွေ့ခြင်းမှရျေင်ကြဉ်ပါ။
  • လက်ခဏခဏဆေးပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Shingles

http://www.mayoclinic.org/diseases-conditions/shingles/basics/lifestyle-home-remedies/con-20019574. Accessed March 30, 2017
Shingles – Topic Overview

http://www.webmd.com/skin-problems-and-treatments/shingles/shingles-topic-overview#2. Accessed March 30, 2017
Shingles

http://www.healthline.com/health/shingles#prevention9. Accessed March 30, 2017

ယခုပုံစံ

09/01/2022

Thin Myat Sandi Cho မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Thin Myat Sandi Cho မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement