လူပြောများတဲ့ နည်းအမှားတွေကလည်း ပျံ့နှံ့နေတာမို့ နှာခေါင်းစည်းတပ်နည်းအမှန်ကို ယုံကြည်စိတ်ချရတဲ့ ကျွမ်းကျင်သူတွေဆီကနေ လေ့လာပါ။ အတိုချုံးပြောရရင် နှာခေါင်းစည်းကို အရောင်ပါတဲ့ဘက်ကို အပြင်မှာထားပါ၊ သံချောင်းပျော့လေးပါတဲ့ထိပ်ကို အပေါ်မှာထားပြီးတပ်ပါ၊ နှာခေါင်းနဲ့ပါးစပ်ကိုလုံအောင် မေးစေ့ထိအုပ်ပါ၊ ကိုယ့်နှာတံနဲ့နေသားတကျဖြစ်အောင် ဖိလိုက်ရုံနဲ့ ရပါတယ်။
ဘယ်လောက်ကြာကြာတပ်လဲ
တစ်ခါသုံးနှာခေါင်းစည်းတွေကို တစ်ရက်နှစ်ရက်ဝတ်ထားလို့ အဆင်မပြေပါဘူးနော်။ ကာကွယ်မှုထိရောက်နိုင်စွမ်းကောင်းချင်တယ်ဆိုရင် နှာခေါင်းစည်းတွေကို အများဆုံး ရှစ်နာရီထိပဲ တပ်ထားသင့်ပါတယ်။
တပ်တာတော့ ဟုတ်ပါပြီ။ စွန့်ပစ်တဲ့အခါ နည်းလမ်းမှန်ရဲ့လား။ တွေ့ရာနေရာ၊ ဟင်းလင်းပြင်မှာစွန့်ပစ်ရင် ရောဂါပိုးပျံ့နှံ့မှုတွေကို အားပေးသလိုဖြစ်စေနိုင်ပါတယ်။ ဥပမာ ကိုယ်က အအေးမိနှာစေးဖြစ်နေတယ်ဆိုပါစို့။ နှာခေါင်းစည်းကို လက်လွတ်စပယ်စွန့်ပစ်တဲ့အခါ ဝူဟန်မဟုတ်တဲ့ တခြားပိုးတွေ သူများတွေဆီပျံ့စေမယ်လေနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။