backup og meta

COVID-19 သံသယလူနာ ၊ စောင့်ကြည့်လူနာ ဆိုတာဘာလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    COVID-19 သံသယလူနာ ၊ စောင့်ကြည့်လူနာ ဆိုတာဘာလဲ။

    ခုလတ်တလောမှာ ကြားကြားနေရတာက COVID-19ပါပဲ။ နောက်ပြီး သတင်းကြေညာချက်တွေမှာလဲ  သံသယလူနာ ၊ စောင့်ကြည့်လူနာ ၊ ပိုးမတွေ့သေးပါ စသဖြင့် ပြောနေတာ ကြားနေရပါတယ်။ နောက်ပြီး စောင့်ကြည့်နေတယ်တွေရော၊ သီးသန့်ခွဲထုတ်ထားတယ်တွေရော ဒါတွေက ဘာကိုဆိုလိုတာလဲ။ ဆေးပညာအသိုင်းအဝိုင်းကလူတွေကတော့ ဒါကို သိပေမယ့် အပြင်လူတွေအနေနဲ့ကတော့ နားရှုပ်နေမှာပါ။ COVID-19က လူတိုင်းနဲ့ သက်ဆိုင်တာကြောင့် ဒါတွေဟာ ဘာကို ပြောချင်တာလဲဆိုတာ သိဖို့လိုပါတယ်။ နောက်ပြီး ခုလက်ရှိမှာ သံသယလူနာ၊ စောင့်ကြည့်လူနာတွေကို ဘာတွေလုပ်ပေးနေလဲ။ ဒါတွေကို ပြောပြပေးသွားပါမယ်။

    သံသယလူနာ ဆိုတာ ဘာလဲ။

    ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ သံသယလူနာဆိုတာက (ဒါက version 3ပါ။ အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါတယ်။)

    (၁)-လူနာတစ်ယောက်ဟာ အသက်ရှူလမ်းကြောင်း လက္ခဏာတွေရှိတယ်။ (ဖျားတယ်။ အသက်ရှူလမ်းကြောင်းလက္ခဏာတွေရှိတယ်။ ဥပမာ ချောင်းဆိုးတာ၊ မောတာ)

    -ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း သေချာ မသိဘူး။

    -ဒီလို လက္ခဏာတွေမပြခင် ၁၄ရက်အတွင်းမှာ COVID-19 ဖြစ်နေတဲ့ နိုင်ငံ ဒါမှမဟုတ် နေရာကို သွားထားတဲ့သူ ဖြစ်ရမယ်။

                                                                                  ဒါမှမဟုတ်

    (၂)-လူနာတစ်ယောက်ဟာ အသက်ရှူလမ်းကြောင်း လက္ခဏာတွေရှိတယ်။

    -လက္ခဏာမပြခင် ၁၄ရက်အတွင်းမှာ COVID-19 ရောဂါ ရှိသူ ဒါမှမဟုတ် ရှိနိုင်တဲ့သူနဲ့ နီးနီးကပ်ကပ် နေထားတဲ့သူ ဖြစ်ရမယ်။

                                                                                  ဒါမှမဟုတ်

    (၃)- လူနာတစ်ယောက်ဟာ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်း လက္ခဏာတွေရှိတယ်။ (ဖျားတယ်။ အသက်ရှူလမ်းကြောင်းလက္ခဏာတွေရှိတယ်။ ဥပမာ ချောင်းဆိုးတာ၊ မောတာ)

    -ဆေးရုံတက်ရလောက်အောင် ပြင်းထန်တယ်။

    -ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကိုလည်း သေချာ မသိဘူး။

    အပေါ်မှာ ရေးထားတာ တစ်ခုခုနဲ့ ကိုက်ညီမှသာ သံသယလူနာလို့ သတ်မှတ်မှာပါ။

    ရောဂါရှိသူဆိုတာ ဘာလဲ။

    COVID-19 ရောဂါရှိတယ်လို့ ပြောဖို့အတွက်ဆိုရင် ရောဂါလက္ခဏာရှိရှိ မရှိရှိ ဓာတ်ခွဲခန်းမှာ စစ်ဆေးလိုက်လို့ ပိုးတွေ့တယ်ဆိုရင် ရောဂါရှိတယ်လို့ သတ်မှတ်ပါတယ်။

    ကိုယ့်ကိုယ်ကို COVID-19 လို့ သံသယရှိရင် ဘာလုပ်မလဲ။

    ကိုယ့်ကိုယ်ကို အပေါ်က အချက်တွေနဲ့ ကိုက်နေလို့ပဲ ဖြစ်ဖြစ်၊ နေမကောင်းလို့ ဆေးရုံ၊ ဆေးခန်းသွားတာ၊ ပြင်ပလူနာဌာနကိုပဲ ဖြစ်ဖြစ်သွားပြပြီး ရောဂါသံသယရှိတယ်ဆိုပါစို့။

    အရင်ဆုံး A, B, C ဆိုပြီး အုပ်စုခွဲလိုက်ပါမယ်။

    • အုပ်စု A 

    –  လွန်ခဲ့တဲ့ ၁၄ရက်အတွင်း ရောဂါဖြစ်ထားတဲ့ နိုင်ငံ ဒါမှမဟုတ် နေရာကို ခရီးသွားထားတဲ့သူ     ဒါမှမဟုတ်

    –  လွန်ခဲ့တဲ့ ၁၄ရက်အတွင်း ရောဂါဖြစ်ထားတဲ့သူနဲ့ နီးနီးကပ်ကပ်နေထားတဲ့သူ

    • အုပ်စု B

    – ဖျားတယ်၊ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာတွေရှိတယ်။ (ချောင်းဆိုးတယ်၊ မောတယ်။)

    • အုပ်စု C

    – ဖျားတယ်၊ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာတွေ ရှိတယ်၊ ဖြစ်တဲ့ အကြောင်းရင်းလည်း မသိဘူး။

    ဒါဆိုရင်

    • အုပ်စု A

    – ရောဂါရှိတဲ့သူနဲ့ ထိတွေ့ထားတဲ့သူဆိုရင် အိမ် ဒါမှမဟုတ် ဆေးရုံမှာ ၁၄ရက် ထိန်းချုပ်စောင့်ကြည့်ထားပါမယ်။

    • အုပ်စု B

    – နောက်ထပ်စစ်ဆေးပြီး ရောဂါရှာဖွေရပါမယ်။

    • အုပ်စု A နဲ့ B အတွဲလိုက်တွေ့ရတာ ဒါမှမဟုတ် အုပ်စု C

    – လူနာကို တခြားလူနာတွေနဲ့ ခွဲထားပါမယ်။

    -ရောဂါပိုး ထိန်းချုပ်ရေးတွေ လုပ်တယ်။

    -လူနာကို စမ်းသက်စစ်ဆေးမယ်။

    -ကျန်းမာရေးဝန်ကြီးဌာနကို သတင်းပို့မယ်။

    ဒါပြီးရင်

    – Person Under Investigation (PUI) အဆုတ်ရောင်ရောဂါနဲ့ ပတ်သတ်ပြီး လူနာကို စောင့်ကြည့်မယ်။

    လိုအပ်လာရင်

    -သီးသန့်အခန်းထဲမှာ ခွဲထုတ်ထားမယ်။

    -NHL အမျိုးသားဓာတ်ခွဲဌာနကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် နမူနာပို့ပြီး စစ်ဆေးမယ်။

    တကယ်လို့များ “ရောဂါပိုးရှိတယ်”လို့ အဖြေထွက်ခဲ့ရင်

    – COVID-19အတွက် စနစ်တကျ ပြင်ဆင်ထားတဲ့ ဆေးရုံကို လွှဲပြောင်းပေးမယ်။

    -လိုအပ်တဲ့ ကုသမှုတွေ ပေးပါမယ်။

    ဒါက လက်ရှိမှာ COVID-19 အတွက် ပြင်ဆင်ထားတဲ့ guidelinesတွေပဲ ဖြစ်ပါတယ်။ စောင့်ကြည့်တယ်လို့ ခဏခဏသုံးရတာက ရောဂါလက္ခဏာက တခြားတုပ်ကွေးတို့ အဆုတ်ရောင်ရောဂါတွေနဲ့ တူတဲ့အပြင် ကုသနိုင်တဲ့ ဆေးလည်း မရှိသေးလို့ပါ။ လုပ်နိုင်တာက လူနာခံစားရတဲ့ လက္ခဏာပေါ်လိုက်ပြီး ကုသမှုပေးတာနဲ့ သူများကို မကူးစက်အောင် ကာကွယ်ပေးတာပါ။ ဒီလောက်ဆိုရင် သံသယလူနာဆိုတာ ဘာလဲ၊ ဘယ်သူတွေကို စောင့်ကြည့်မှာလဲဆိုတာ သိလောက်ပါပြီ။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement