brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိုးမခပင် ဆေးဖက်ဝင်သလား!

မိုးမခပင် ဆိုတာက နာမည်နဲ့ လိုက်အောင်ကို အပင်က မိုးဆီ မတက်ဘဲ ထိုက်သလောက် အမြင့်ကို ရောက်ချိန်မှာ မြေကြီးဆီကို အကိုင်းတွေက ပြန်ပြီး တွဲလောင်းကျလာတဲ့ အပင် တစ်မျိုးပါ။ အပွင့် နီနီလေးတွေ ပွင့်တတ်ကြပါတယ်။ ဒီလို အမြင်ဆန်းတဲ့ မိုးမခပင် ဆေးဖက်ဝင်သလား! ဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ကိုယ်တိုင် လေ့လာလိုက်ပါဦးနော်။ 

မိုးမခပင် ဆေးဖက်ဝင်သလား!

မိုးမခပင် ဆိုတာ

မိုးမခပင် ဆိုတာက အပင်ကြီး တစ်မျိုးပါ။ မိုးမခပင်ကို Salicaceae မျိုးရင်းဝင် အပင်မျိုးပါ။ အရွက်က အစိမ်းရောင် ရှည်မြောမြော ပုံစံရှိပြီး အရှည်ကတော့ ၆ လက်မလောက်ထိ ရှည်ပါတယ်။ ရေနဲ့ နီးတဲ့ စိုစွတ်တဲ့ မြေဆီမှာ ပေါက်ရောက်ကြပါတယ်။ တရုတ်နိုင်ငံရဲ့ မျိုးရင်းပင် တစ်မျိုးပါ။ တောရိုင်းတွေထဲမှာလည်း တွေ့ရနိုင်ပါတယ်။ ပင်စည်ရဲ့ အခေါက် ၊ အရွက် စတာတွေကို အသုံးပြုကြပါတယ်။ 

မိုးမခပင်ကို အဖျားကျစေဖို့ အဆစ်ရောင်တာတွေကို သက်သာစေဖို့ အသည်းရောင်အသားဝါ သက်သာစေဖို့ သုံးကြသလို အရေပြား ပြဿနာ သက်သာစေဖို့ရော သွားကိုက်တာ သက်သာစေဖို့ပါ အသုံးပြုကြပါတယ်။ မိုးမခပင်က အကိုက်အခဲ သက်သာစေတဲ့ အာနိသင်ရှိပါတယ်။

မိုးမခပင် ဆေးဖက်ဝင်သလား!

မိုးမခပင် ဆေးဖက်ဝင်သလား! ဆိုတော့ ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်သလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက် ရအောင်နော်။ 

  • အရောင်ကျစေနိုင်တယ်

မိုးမခပင်ရဲ့ ပင်စည် အခေါက်က နာကျင်မှုတွေကို သက်သာစေနိုင်သလို ရောင်ရမ်းမှုကိုလည်း သက်သာစေ နိုင်ပါတယ်။ ဒါကြောင့် လေးဖက်နာလိုမျိုး နာကျင်ရောင်ရမ်းတဲ့ ဝေဒနာကို သက်သာစေနိုင်ဖို့ မိုးမခပင်ကို အသုံးပြုပေးလို့ ရပါတယ်။ 

  • အဖျားကျစေနိုင်တယ်

မိုးမခပင်ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ခုကတော့ အဖျားကျစေနိုင်တာပါ။ ဒါကြောင့် အဖျားကျစေဖို့ဆိုရင်တော့ မိုးမခပင် အခေါက်ကို အသုံးပြုပေးလို့ ရပါတယ်။ မိုးမခပင်မှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတာကလည်း ကိုယ်ခံအားကို အားဖြည့်ပေးနိုင်ပါတယ်။

  • ကိုယ်ခံအား ကောင်းစေနိုင်တယ်

မိုးမခပင်က နာကျင်မှုတွေကို သက်သာစေနိုင်သလို ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကလည်း ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။ 

  • ကြွက်သားတွေ တောင့်တင်းတာကို သက်သာစေတယ်

မိုးမခပင်က နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်သလို အဆစ်တွေ နာကျင်တာကိုလည်း သက်သာစေတဲ့အပြင် ကြွက်သားတွေ တောင့်တင်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီးချိန်မှာ ကြွက်သားတွေ တောင့်တင်းတာကို သက်သာစေဖို့လည်း မိုးမခပင်က ထောက်ကူပေးနိုင်ပါတယ်။

  • ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

မိုးမခပင်ရဲ့ နောက်ထပ်အာနိသင် တစ်ခုကတော့ အဆီကျစေဖို့ ထောက်ကူပေးတာပါ။ ဒီလို ထောက်ကူပေးတာက ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်သလို အဝလွန်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ အရောင်ကျစေနိုင်သလို ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေဖို့လည်း ထောက်ကူပေးပါတယ်။ 

  • ခေါင်းကိုက်တာကို သက်သာစေတယ်

မိုးမခပင်ရဲ့ အခေါက်က ခေါင်းကိုက်တာကို သက်သာစေနိုင်သလို ခြေကုန်လက်ပမ်းကျတာ၊ စိုးရိမ်စိတ် များတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ သိမြင်မှုစွမ်းဆောင်ရည် ကောင်းမွန်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

ဘာတွေ သတိထားရမလဲ!

မိုးမခပင်က ကျန်းမာရေးအတွက် အထောက်အကူပြုတာ မှန်ပေမယ့် သွေးရောဂါ ရှိသူတွေ နဲ့ ကျောက်ကပ်ရောဂါ ရှိသူတွေမှာတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အစာခြေစနစ်ကို ထိခိုက်စေနိုင်သလို အရေပြားမှာ ယားယံတာမျိုးကိုလည်း ဖြစ်စေနိုင်ပါတယ်။ 

ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ!

ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် မိုးမခပင်ကို

  • သွေးရောဂါ ရှိသူတွေ
  • ကျောက်ကပ်ရောဂါ ခံစားနေရသူတွေ
  • ဆီးချိုရောဂါ ခံစားနေရသူတွေ
  • အက်စပရင်နဲ့ ဓာတ်မတည့်သူတွေ
  • အစာအိမ် အနာရှိသူတွေ
  • ဆီးချိုရောဂါ ရှိသူတွေ
  • ဂေါက်ရောဂါ ရှိသူတွေ
  • အသည်းရောဂါ ရှိသူတွေ
  • မကြာသေးခင်က ခွဲစိတ်မှု ခံယူထားသူတွေ အသုံးမပြု သင့်ပါဘူး။ 

# အမှာစကား

မိုးမခပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါတယ်။

မိုးမခပင် အခုလိုလေး ဆေးဖက်ဝင်ပါတယ်။
  • အရောင်ကျစေတယ်
  • အဖျားကျစေတယ်
  • ကိုယ်ခံအား ကောင်းစေတယ်
  • ခေါင်းကိုက်သက်သာစေတယ်
  • ကြွက်သားတွေ ပြေလျော့စေတယ်
  • ကိုယ်အလေးချိန် ထိန်းပေးတယ်

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/08/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။