backup og meta

ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား!

ပိုက်ဆံလျှော် ဆိုတာကျန်းမာရေးအကျိုးကျေးဇူးသတိထားရမယ့်အချက်များ

မြေကြီးကို မြေဆီဩဇာကောင်းစေဖို့ လုပ်ဆောင်ပေးသလို သစ်စိမ်းမြေဩဇာအဖြစ် လူသိများကြတဲ့ ပိုက်ဆံလျှော်ကို ဧရာဝတီတိုင်းကို သွားဖူးသူတိုင်းကတော့ မြင်ဖူးကြမှာပါ။ လမ်းဘေး တစ်ဖက်တစ်ချက်မှာ အဝါရောင် အပွင့်လေးတွေနဲ့ မတ်မတ်လေး ရှိနေတဲ့ အပင်စိမ်းစိမ်းလေးပေါ့။ အခင်းလိုက်ဆိုရင် တော်တော်ကို လှပါတယ်။ ဒီလိုမျိုး အလှစိုက်ပန်းအဖြစ်ရော မြေဆီဩဇာ အဖြစ်ပါ အသုံးဝင်တဲ့ ပိုက်ဆံလျှော်က သဘာဝ ပတ်ဝန်းကျင်အတွက်ပဲလား! ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား! ဆိုတာကို အတူတူ လေ့လာလိုက်ရအောင်နော်။ 

ပိုက်ဆံလျှော် ဆိုတာ

ပိုက်ဆံလျှော်ဆိုတာက အပင်ငယ်လေး တစ်မျိုးပါ။ မြင်သာအောင် ပြောပြရရင် ပန်းအလှစိုက်ပင်လေးနဲ့တောင် ခပ်ဆင်ဆင်လေးပါ။ အရွက်လေးတွေက အစိမ်းရောင် ရှည်မြောမြောလေး ဖြစ်ပြီး အပွင့်လေးတွေကတော့ အဝါရောင်လေးတွေပါ။ ရိုးတံ ကတော့ အစိမ်းရောင် အရိုးတုတ်တုတ်လေးပါ။ 

အရွက်လေးတွေက ပင်စည် ကနေ ရွက်ဆိုင်ဖြာထွက် နေတာပါ။ အရိုး ကတော့ အရမ်း မမာပါဘူး။ အသီးလေးတွေက အစေ့တောင့် ရှည်ရှည်လေးပါ။ မြေထဲဒေသ မျိုးရင်းပင် တစ်မျိုးပါ။ 

ပိုက်ဆံလျှော် ဆေးဖက်ဝင်သလား!

ပိုက်ဆံလျှော်က အခုလိုလေး ဆေးဖက်ဝင်တာပါနော်။

သွေးသန့်စေတယ်  

ပိုက်ဆံလျှော်ရဲ့ အစေ့က သွေးသန့်စေဖို့ ထောက်ကူပေးနိုင် သလို သွေးအားနည်းတာကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင် ပါတယ်။

အရေပြားပြဿနာ ကင်းစေတယ် 

ပိုက်ဆံလျှော်ရဲ့ အစေ့က အရေပြားပြဿနာတွေ ဖြစ်တဲ့ ဆိုရီရေးစစ်နဲ့ အခြား အရေပြားပြဿနာကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ 

လေနာတာကို သက်သာစေတယ်

ပိုက်ဆံလျှော်ရဲ့ အမြစ်က လေနာတာကို သက်သာစေနိုင် သလို လေထိုးလေအောင့်တာ လေပွတာတွေကို သက်သာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အစေ့ကို အပြင် အရွက်ကိုလည်း အသုံးပြုပေးလို့ ရပါတယ်။ 

ဆံသား ကျန်းမာစေတယ် 

ပိုက်ဆံလျှော်က ဗောက်ပြဿနာ အပါအဝင် ဆံသားနဲ့  ဦးရေပြား ကျန်းမာစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ဆံပင်တွေကို သန်စွမ်းကျန်းမာစေဖို့ရော ထောက်ကူပေးနိုင် ပါတယ်။ 

အနာကျက်စေနိုင်တယ် 

ပိုက်ဆံလျှော် အရွက်ကို ကြိတ်ပြီး သတ္တုရည်ကို အနာကို အုံပေးတာ လိမ်းကျံပေးတာက အနာကျက်စေဖို့ ထောက်ကူပေးနိုင် ပါတယ်။ 

အဖျား သက်သာစေနိုင်တယ်

ပိုက်ဆံလျှော်ကို နောက်ထပ် သုံးလို့ရတဲ့ နည်းလမ်း တစ်ခုကတော့ အဖျား သက်သာစေဖို့ပါ။ အဖျား ကျစေဖို့ နဲ့အဖျား သက်သာစေဖို့ ပိုက်ဆံလျှော် အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ 

ဘယ်လို အသုံးပြုလို့ရလဲ!

ပိုက်ဆံလျှော် အရွက်ကို ရေနွေးနဲ့ စိမ်သောက်လို့ ရသလို အရွက်ကို ပြုတ်ပြီး စားလို့လည်း ရပါတယ်။ အပွင့်ကိုတော့ သနပ်စိမ်ပြီး စားလို့ ရပါတယ်။ အသားဟင်း၊ ငါးဟင်းတွေထဲကို ထည့်ချက်စားလို့ ရပါတယ်။ 

ဘာတွေ သတိထားရမလဲ!

ပိုက်ဆံလျှော်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် အလွန်အကျွံ သုံးမယ် ဆိုရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင် ပါတယ်။ အကြောင်းကတော့ ပိုက်ဆံလျှော် အစေ့မှာ pyrrolizidine alkaloids ပါဝင်နေတာကြောင့် လိုတာထက် ပိုစားမယ်ဆိုရင် အဆိပ်အတောက် ဖြစ်စေနိုင်မှာပါ။ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်တွေ အတွက်လည်း မသင့်တော်ပါဘူး။

သဘာဝကရတယ်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားတာ မရှိရင် ခန္ဓာကိုယ်အတွက် ဘေးဖြစ်စေနိုင်တာကြောင့် အထက်ပါ ရောဂါတွေရှိရင် တတ်ကျွမ်းသူနဲ့သာ ကုသမှု ခံယူပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Facts about Sunn Hemp https://www.healthbenefitstimes.com/sunn-hemp/ Accessed Date 15 January 2024

Crotalaria juncea https://apps.worldagroforestry.org/treedb/AFTPDFS/Crotalaria_juncea.PDF Accessed Date 15 January 2024

Crotalaria juncea L. https://plants.usda.gov/home/plantProfile?symbol=CRJU Accessed Date 15 January 2024

Crotalaria Species, Sunn Hemp https://davesgarden.com/guides/pf/go/201785 Accessed Date 15 January 2024

Crotalaria juncea  L. https://www.itis.gov/servlet/SingleRpt/SingleRpt?search_topic=TSN&search_value=501804#null Accessed Date 15 January 2024

ယခုပုံစံ

08/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဇီဇဝါပန်း ဆေးဖက်ဝင်သလား !

မအူပင် ဆေးဖက်ဝင် သလား!


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/02/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement